PSYCHO TEST (စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု)

AKKOOctober 7, 20101min9080

PSYCHO TEST

(စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု)

1. သင့်စိတ် အလွယ်တကူ ထိခိုက်တတ်သလား။

2. သင်သည် မကြာမကြာ စိတ်တုန်လှုပ်ခြောက်ခြားတတ်သလား။

3. သင့်ကို ရှက်အောင် လုပ်ဖို ့လွယ်ကူသလား။

4. သူများက သင့်ကို ဝေဖန်သောအခါ မခံမရပ်နိုင်အောင် ဖြစ်ဖူးသလား။

5. လူအများကြီးရှေ ့တွင် ထပြီးစကားပြောရမှာ တခါတရံ ကြောက်တတ်သလား။

6. သင်သည် မကြာခဏ ဘာအကြောင်းမှ မရှိ ဘဲ အလိုလို ဝမ်းနည်းနေတတ် သလား။

7. သင်သည် စိတ်ကတုန်ကရင် ဖြစ်သော ဝေဒနာ ခံစားရသလား။

8. သင်သည် ရှက်ရွံ  ့တတ်သူလား။

9. သင်သည် အခုချက်ချင်းစိတ်ဆိုး လိုက် စိတ်ကြည်လိုက် ဝမ်းနည်းလိုက် ဝမ်း သာ လိုက် နှင့် စိတ်ဂဏာမငြိမ်သူ ဖြစ်ပါသလား။

10. ဈေသည်တစ်ယောက်က သင့်အား ဇွတ်အတင်း ဈေးရောင်းသောအခါ မယူဘူး ပြောရမှာ ခက်ပါသလား။

11. မတွေ ့ချင်သူနှင့်လမ်းမှာ ဆုံသော် သင်ရှောင်သွားမှာလား။

12. လူကြီးသူကြီးများ နှင့် တွေ ့ဆုံ သောအခါ သင်လိပ်ပြာမလုံဖြစ်တတ် သလား။

13. ကျီစားတာကို စိတ်မထိခိုက်ဘဲ ခံနိုင်သလား။

14. သင်အလုပ်လုပ်နေစဉ် လူများ ဝိုင်းကြည့်နေသည်ကို အရေးစိုက်မလား။

15. သင့်အယူအဆ တစ်ခု လုပ်ငန်းတစ်ခုကို လူအများသဘောမတူသော အခါ ငါတော့ရှုံးပါပြီ ဟူသော စိတ်ပေါ်လာသလား။

16. မျက်နှာစိမ်း တစ်ယောက်ကို သင်က စပြီး စကားပြောရာမှာ ခက်သလား။

17. သင့်ကိုသင် ယုံကြည်မှု နည်းသလား။

18. တခြားသူမှ အကူအညီ မယူဘဲ သင့်ပြသနာကို သင်ဖြေရှင်းလေ့ ရှိသလား။

19. တခြားသူများသည် တခါတရံ သင့်ကို သူတို ့ကိုယ်ကျိုးအတွက် ခုတုံလုပ် အသုံချနေသည်ကိုသင် ထင်မိပါသလား။

20. သင်ဒုက်ခရောက်သော အခါ အကူအညီ ရှာလေ့ရှိ သလား။

21. တခြားသူများသည် သင့်ထက် သာသည်ဟူသော အတွေးနှင့် မချိမခံသာ ဖြစ်ဘူးသလား။

22. လူအများနှင့် အမြဲတစေ ပေါင်းသင်း ဆက်ဆံနေချင်သလား။

23. သူများနှင့် ပူးတွဲရ်ျ အလုပ်လုပ်ခြင်းကို ပိုမိုနှစ်သက်သလား။

24. သင်အားငယ်နေ ချိန်တွင် သင့်ကို အားပေးမည့်သူကိုု ရှာဖွေမည်လား။

25. အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခု ပြုလုပ်ရာတွင် များစွာသော သူတို ့ ထံမှ အကြံဉာဏ်များ တောင်းခံမည်လား။