ဆီးချိုရောဂါသည်များအတွက် အစားအစာ

AKKOOctober 7, 20101min952

ဆီးချိုရောဂါသည်များအတွက် အစားအစာ

ဆီးချိုရောဂါသည် သွေးတွင် အချိုဓါတ်များသောကြောင့် ဖြစ်သည်။ ၎င်းရောဂါကို အစားအစာ၊ ဆီးချိုထိန်းသောက်ဆေးများ၊ အင်ဆူလင်ထိုးဆေးဖြင့်ကုသရသည်။ စနစ်တကျမကုပါက မျက်စေ့မှုန် ခြင်း၊ ကွယ်ခြင်း၊ ကျောက်ကပ်ဝေဒနာ၊ နှလုံးသွေးကြောကျဉ်းဝေဒနာများ ဆင့်ပါွး ဖြစ်လာလိမ့်မည်။  အစားအသောက်ကို စနစ်တကျ အထူးရှောင်ကျဉ်ရန် လိုအပ်ပါသည်။ ဝသော ပုတ်ဂိုများနှင့် အသက် ကြီးမှ ရောဂါ ပေါ်သော ပုတ်ဂိုများသည် အစားအစာထိန်းရုံမျှနှင့် ပုံမှန်ကျန်းမာရေးကောင်းမွန်လာနိုင် မည်ဖြစ်သည်။ ဆီးချိုသောက်ဆေးများမှာ နည်းလွန်းလျှင်လည်း အကျိုးမရှိဘဲ ပိုမိုသောက်ပါကလည်း  သွေးထဲတွင် သကြားဓါတ်လျော့နည်းပြီး အသက်အန်တရာယ်ဖြစ်နိုင်သည်။ထို ့ကြောင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း မိမိအတွက် အသင့်တော်ဆုံး ဆီးချိုထိန်းဆေးကို အသင့်တော်ဆုံး ပမာဏအ တိုင်းမှီဝဲရမည်။ မိမိကိုယ်တိုင် ဆီးချိုစစ်ခြင်းနှင့် စိတ်ချရသော ဓါတ်ခွဲခန်းတွင် သွေးချိုစစ်ခြင်းများကို မကြာခဏဆောင်ရွက်ရမည်။ ကြားဖူးနားဝရှိသောအရွက်များကို ပြုတ်မသောက်ပါနှင့်။

၁။ လုံးဝရှောင်ရမည့် အစားအစာများ။                ။

အချိုကဲသောအစာများ – ဥပမာ – သကြား၊ ထန်းလျှက်၊ ကြံသကာ၊ ချောကလက်၊ ရေခဲမုန် ့၊ ယိုအမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ သရက်သီးနှင့် အခြားသောအသီးများ၊ ပျားရည်၊ ဟောလစ်၊ အိုဗာတင်း၊ အရက်နှင့်ဘီယာ။

၂။ တော်ရုံစားနိုင်သော အစားအစာများ။   ။

ထမင်း၊ ကောက်ညှင်း၊ ခေါက်ဆွဲ၊ ပေါင်မုန် ့၊ ဘီစကစ်၊ အာလူး၊ သစ်သီး(အစို ၊အခြောက်)၊ ဥအမျု်ိးမျိုး၊ ကန်စွန်းဥ၊ နွားနို ့၊ သာကူ၊ ဒိန်ခဲ၊ ထောပတ်၊ အချိုမှုန် ့။

၃။ စားလိုသလောက်စားနိုင်သော အစားအစာများ။                  ။

ဟင်းရွက်အမျိုးမျိုး၊ ခရမ်းချဉ်သီး၊ ရှောက်သီး၊ အသားအမျိုးမျိုး (အဆီထုတ်ပြီး) ၊ ငါး၊ ပုဇွန်၊ ခါးသောအစာများ (ဥပမာ- ကြက်ဟင်းခါးသီး)၊ ဟင်းချိုရည်၊ ကော်ဖီ/လဖက်ရည် (သကြားမပါ၊ ဆက် ခရင်နှင့်ဖျော်) ၊ ပဲအမျိုးမျိုး၊ ကွေကာအုပ်၊ ငရုတ်ကောင်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥ(အနီ၊အဖြူ)၊ မှို၊ ကြက် သွန်၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ သခွားသီး၊ ခရမ်းသီး၊ မာဂျရင်း။

နမူနာအစားအစာများ

နံနက်စာ- မုန် ့ဟင်းခါးအကြမ်းပန်ကန်၂လုံး(အရည်နှင့်) အကြော်ပါလျှင် မုန် ့ဖတ်လျှော့ (သို ့) နံပြား တချပ်၊ ပဲပြုတ်(၅) ကျပ်သား (သို ့) ပေါင်မုန် ့(လက်တလုံးအထူ) ၂ချပ်/ ဘီစကစ် ၆ချပ် (သို  ့) ဆန်ပြုတ်အကြမ်းပန်ကန် ၂လုံး နှင့် ကော်ဖီ၊ လဖက်ရည်ကိုနို ့၊ ဆက်ခရင်တို ့နှင့် ဖျော်သောက်ပါ။

နံနက်စာထမင်း- ထမင်း(ဇီးဘရားဇွန်း ၁ဝဇွန်း)

အသားဟင်း (၅)ကျပ်သား(သို ့) ငါး (သို ့) ပုဇွန်။

ကြက်ဥ (၂)လုံး

ဟင်းရွက်ကြိုက်သလောက်၊ကြာဇံ၊ အားလူး(သို ့) ခေါက်ဆွဲပါလျှင်ထမင်းက်ိုလျှော့။

နေ ့လည်စာ- ၎င်းငှက်ပျောသီးတလုံး(သို ့) နို ့တခွက် (သို ့) ဘီစကစ် ၂ချပ် (သို ့) ကန်စွန်းဥတလုံး (အလတ်)

မှတ်ချက်။

*အချို၏ကုန်ကြမ်းဖြစ်သောဆန်၊ ကောက်ညှင်းနှင့် ဂျုံတို ့မှလုပ်သော အစာများနှင့် မြေမှဥ သော အာလူးကဲ့သို ့သော အစာများကို တကြိမ်လျှင်တမျိုးစီသာ အလှည့်ကျ စားရျ် တွဲစားပါက တစ်ခုကို လျှော့ရန်။

*ပိန်သောသူများနှင့် ပင်ပန်းစွာ အလုပ်လုပ်ရသောသူများသည် နမုူနာပြထာသော အစား အချိုးထက် အနည်ငယ်ပိုစားနိုင်သည်။

*ဝသောသူများသည် ကိုယ်လေးချိန်လျှော့ချခြင်းဖြင့် မည်သည့် ဆေးဝါးမှမလိုဘဲ ဆီးချို ကိုထိန်းနိုင်ပါသည်။

*အစာများကိုချေဖျက်ရျ် ချက်ပြုတ်ခြင်းထက် ချွေရျ်ချက်ပြုတ်ခြင်း၊ ကြော်လှော်ခြင်းထက် ပြုတ်ရျ်စားသုံးခြင်းကပိုရျ်သင့်တော်သည်။

*အမျှင်များသောအစာများကို ရွေးရျ်စားပါ။

Dr. Aung Kyaw Kyaw Oo

2 comments

  • etone

    October 7, 2010 at 8:47 am

    ဆီးချိုရောဂါသည်တွေများနေတော့ သူတို့အတွက်အစားသောက်ရွေးရခက်တယ်လေ ။ အခုတော့လည်း စားလို့ရတာတွေအများကြီးပါလား ။

  • fatty

    October 7, 2010 at 1:11 pm

    တကယ်လက်တွေ့မှာတော့ထင်သလောက်မလွယ်လှပါဘူး …. နံနက်စာ မုံ့ဟင်းခါးနဲနဲစားကြည့်ပါ ဲပီးရင်တိုင်းကြည့် တက်တာပါဘဲ … မုံ့ဟင်းခါး က
    အရင်ကလိုငါးနဲ့ချိုတာမှမဟုတ်ဘဲ ..ဟင်းချိုမှုံဖြော်ထဲ့ထားတာဘဲများတယ် … ငံပြာရေ အညံ့စား ရယ်သကြားရယ် အချိုမှုံ့ရယ် … ဒါကြောင့် အချိုမှုံ့လုံးဝမသုံးတဲ့
    မြေနီကုန်းကဆိုင်ကိုဘဲ သွားပြီးစားနေရပါတယ် ။ ဟင်းသီးဟင်းရွက်ကြိုက်သလောက်စားနိုင်တယ် ဆိုလို့ ..လူလဲနွားနဲ့အတော်လေးတူနေပါပြီ …
    ထမင်းတခါစား ကော်ဖီပုဂံလုံးတလုံးစာလောက် .. ဇွန်း ၁ဝ ဇွန်း စာလောက်ဟာ တကယ်စားကြည့်တော့ ..စားကောင်းနေတုံး ရပ်ရပ်ပြစ်ရတာနဲ့တင် …စိတ်ဓာတ်ကျလာတယ်
    အလိုမပြည့်တော့စိတ်တိုလာတယ် ။ နေ့စဉ်ချိန်စားနေရတာနော် … တရက်ျမှုတ်ဘူး တလမှုတ်ဘူး ..တနှစ်မှုတ်ဘူး ..ကျုပ်အဲလို အလိုမပြည့်ခဲ့တာ … ၁ဝ နှစ်ကျော်ပြီ။
    ဗိုက်ဆာပြီဟေ့ဆိုရင် … ဘာနဲ့တဲ့ပါလိမ့်ဆိုပြီးစဉ်းစားရင်း ..မစားဖြစ်တာ အစားနောက်ကျတာနဲ့ ..အစာအိမ်ကဒုက္ခပေးပြန်ပါတယ်။
    ဆီချိူမတက်ဘဲ အလွယ်တကူစားနီုင်တာတခုကတော့ … instant noodle တွေပါ ..စားပြီးတိုင်းကြည့်တော့မတက်ဘူး .. ဒါပေမဲ့ instant ဖြစ်လို့ ဘာဘေး ထွက်ဆိုးကျိုး
    တွေဖြစ်မလဲတော့မသိပါဘူး … နောက်တခုက ..ချစ်တီး ထမင်းဆိုင်မှာစားရင်သိတ်မတက်ဘူး ..ဆန်ကြမ်းမို့ထင်ပါတယ်။ အိမ်မှာအဲလိုဆန်ကြမ်းချက်စားကြည့် …မစားနိုင်ပြန်ဘူး
    ချစ်တီးဆိုင်ကဆန်ကြမ်းရယ် သူရဲ့အရသာပြင်းပြင်းရယ်မှစားလို့ရပါတယ်။ ..ဒါပေမဲ့ ..တရက် တလ တနှစ် ၁ဝနှစ် ဘယ်လိုလုပ်စားနိုင်မလဲ … တဖြေးဖြေးခြင်းကြွက်သားတွေ
    ပျက်ကုန်တာက ရှိသေးတယ် ..။ မဖြစ်အောင်သာ နေကြပါလို့ မှလိုက်ပါရစေ …။

Leave a Reply