သွေးလေးဖက်နာရောဂါ

AKKOOctober 7, 20101min601

သွေးလေးဖက်နာရောဂါ
သွေးလေးဖက်နာရောဂါသည် နာတာရှည်အဆစ်ရောင် ရောဂါများထဲတွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ ၎င်းရောဂါသည် အဆစ်များကို ပျက်စီးကာ ကောက်ကွေး ပုံပျက်စေသည့် အပြင် အခြား ခန်ဓာကိုယ် အစိတ်အပိုင်းများက်ိုပါ ထိခိုက်စေသည်။ နောက်နောင် လမ်းမလျှောက်နိုင်ဘဲ အိပ်ယာ ပေါ် လဲသည်အထိ ဖြစ်နိုင်သည်။
ရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ
1. နံနက်အိပ်ယာထ လက်ဆစ်များ တစ်နာရီထက် ပိုရျ် တောင့်တင်းခြင်း။
2. အဆစ် (၃)ခုနှင့်အထက် ရောင်ရမ်းနာကျင်ခြင်း။
3. လက်ဆစ်များ ရောင်ရမ်းနာကျင်ခြင်း။
4. ဘယ်ညာ တစ်ပြိုင်နက်ဖြစ်ခြင်း။
5. အရေပြားအောက်တွင် အကျိတ်ဖုလေးများထွက်ခြင်း။
6. သွေးကြည့်ရာတွင် ရောဂါဖြစ်စေသော ဓါတ်တစ်ခု (Rheumatoid factor) တွေ ့ရခြင်း။
7. ဓါတ်မှန်တွင် အရိုးစားနေကြောင်း တွေ ့ရခြင်း။
8. အနည်းဆုံး (၆)ပတ်ကြာ ဖြစ်ပွါးရမည်။
(အထက်ပါအချက်များအနက် (၄)ချက်နှင့် အထက်ရှိပါက သင့်တွင် (RA) ရောဂါ ရှိနေသည်ဟု ယူဆရပါသည်။)
အခြားခန်ဓါကိုယ် အစိတ်အပိုင်းများမှာပါ ထိခိုက်တတ်ပါသလား။
၁။ ယေဘုယျအားဖြင့်
– ကိုယ်အလေးချိန်ကျခြင်း။
– မောပန်းလွယ်ခြင်း။
– မကြာခဏဖျားတတ်ခြင်း။
၂။ ကြွက်သားနှင့် အရိုးစု
– ကြွက်သားများ သိမ်လှီခြင်း
– အရ်ုးပွခြင်း
၃။ သွေး
သွေးအားနည်းခြင်း
သွေးဥမွှားများခြင်း
၄။ မျက်လုံး
မျက်ဖြူလွှာယောင်ရမ်းခြင်း
၅။ သွေးကြော
လက်ချောင်းခြေချောင်းများရှိ သွေးကြောများရောင်ရမ်းခြင်း
၆။ နှလုံး
နှလုံးအပေါ် အမှေးနှင့် ကြွက်သားများရောင်ခြင်း နှလုုံးသွေကြောပိတ်ခြင်း။
၇။ အဆုတ်
အလုံအကြိတ်ပေါ်ခြင်း ရေဝင်ခြင်း လေပြွန်ငယ်များ လေအိတ်ကလေးများ ရောင်ခြင်း
၈။ အာရုံကြော
လက်ဖဝါးအာရုံကြော ညပ်ခြင်း
ခန်ဓါကိုယ်၏ဘယ်အဆစ်များတွင်ထိတတ်ပါသလဲ။
တတိယလက်ဆစ် ၉၀-၉၅%
လက်ကောက်ဝတ် ၈၀-၉၀%
ဒုတိယလက်ဆစ် ၆၅-၉၀%
ဒူးဆစ် ၆၀-၈၀%
တတိယခြေဆစ် ၅၀-၉၀%
ခြေကျင်းဝတ် ၅၀-၈၀%
ပုခုံး ၅၀-၆၀%
လည်ပင်းကြောရိုးဆစ် ၄၀-၅၀%
တင်ပဆုံအဆစ် ၄၀-၅၀%
တံတောင်ဆစ် ၄၀-၅၀%
မေးရိုးအဆစ် ၂၀-၃၀%
ASO လေးဖက်နာပိုးဓါတ်များနှင့်ဆိုင်ပါသလား။
မဆိုင်ပါ။ ASO များက နှလုံနှင့်တွဲဖြစ်တတ်သော ပိုးလေးဖက်နာ (Rheumatic Fever
) ဖြစ်တတ်သည်။ သို ့သော် အဆစ်မရောင်ဘဲ ASO တစ်ခုတည်းများလျှင် စိုးရိမ်စရာ မရှိပါ်။
ကုသနည်း
ထိရောက်သောကုသမှုသည် အောက်ပါဦးတည်ချက်များကို ဖြည့်ဆည်း နိုင်ရမည်။
အဆစ်နာကျင်ခြင်းမှ သက်သာစေရမည်။
အဆစ်များကောက်ကွေးမှုမှ ကာကွယ်နိုင်ရမည်။
တချို ့ဆေးများသည် ရေတိုတွင် နာကျင်မှုသက်သာစေသော်လည်း ရေရှည်တွင် ကောက်ကွေးမှုကို မကာကွယ်နိုင်ခြင်း မျက်နှာဖောလာခြင်းတို ့ဖြစ်တတ်သဖြင့် ကျွမ်းကျင် သောဆရာဝန်နှင့် တိုင်ပင်ပြီးမှ ကုသသင့်သည်။
၁။ ပညာပေးခြင်း။
၂။ လေ့ကျင့်ခန်းပြုလုပ်ခြင်း
နာကျင်သောအဆစ်များအတွက်
-လျှပ်စစ်နည်းဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်း
-အပူ အအေး လေ့ကျင့်ခန်းပြုလုပ်ခြင်း
-အထောက်အပံ့ (ကျိုင်းထောက်) နှင့် လမ်းလျှောက်ခြင်း။
၃။ အစားအစာကိုယ်အလေးချိန် လျှော့ချစေခြင်း
၄။ ဆေးကုသပေးခြင်း။
အဆစ်ရောင်ခြင်းကိုသက်သာစေသော
-အကိုက်အခဲပျောက်ဆေးများ (NSAID)
-စတီးရွိုက်ဆေးများ (Steroid)
-ဇီဝကုထုံးများ (Eternacept)
၅။ အဆစ်အစားထိုးကုသခြင်း။
ရောဂါပျောက်ကင်းမှုကို ညွှန်ပြသော လက်ခဏာများ
၁။ နံနက်ပိုင်း လက်ဆစ်များ တောင့်တင်းမှုမှာ (၁၅)မိနစ်ခန် ့သာ ရှိတော့ခြင်း။
၂။ မောပန်းနွမ်းနယ်မှုမရှိခြင်း။
၃။ အဆစ်ရောင်ရမ်းမှုမရှိခြင်း။
၄။ သွေးနီဥ အနည်ကျနှုန်း နည်းသွားခြင်း (ESR)
(အမျိုးသမီး=- 30mm/1st hr ၊ အမျိုးသား- 20mm/1st hr အောက်တွင်ရှိခြင်း။)
အထက်ဖော်ပြပါ အချက်တို ့အနက် (၄) ချက်ပြည့်စုံလျှင် ရောဂါသက်သာ ပျောက်ကင်းသည် ဟု ယူဆနိုင်သည်။
ရောဂါသက်သာ ပျောက်ကင်းမှုကိုဟန် ့တားသောအချက်များ
၁။ အသက်ကြီးမှ ရောဂါစတင်ရခြင်း
၂။ အမျိုးသမီးဖြစ်ခြင်း
၃။ နာကျင်သော အဆစ်အရေအတွက်များခြင်း
၄။ အဆစ်နာကျင်ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှုအားနည်းခြင်း။
သတိပြုရန်အချက်များ
၁။ သွေးကြောင့်ဖြစ်သော လေးဖက်နာရောဂါ (RA) သည် နာတာရှည်ရောဂါဖြစ်သည်။
၂။ ရောဂါသဘာဝအရ သက်သာခြင်းနှင့် ရောဂါပြန်လည်ပြ်င်းထန်ခြင်း တလှည့်စီ ဖြစ်တတ် သည်။
၃။ ရေရှည်ကုသမှုမခံယူပါက အဆစ်များကောက်ကွေးပြီး အိပ်ယာပေါ် လဲသည်အထိ ဖြစ်နိုင် သည်။
၄။ အကိုက်အခဲပျောက်ဆေးများ သုံးစွဲရုံနှင့် အဆစ်များကောက်ကွေးခြင်းကို မကာကွယ်နိုင်ပါ။
၅။ RA ရောဂါဟု ဆရာဝန်က သတ်မှတ်ခဲ့လျှင် လည်းအနည်းဆုံး(၂၀)နှစ်ခန် ့ ဆရာဝန်ညွှန် ကြားသည့်အတိုင်း ဆေးကုသမှု ခံယူရမည်။

One comment

  • char too lan

    October 7, 2010 at 8:40 am

    အခုလိုအတိအကျ သိရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်

Leave a Reply