အကြောတက်ရောဂါ

AKKOOctober 7, 20101min1263

အကြောတက်ရောဂါ

အကြောတက်ရောဂါသည် အကြောအဆစ်ကုဌာနတွင် လာရောက်ပြသလေ့ရှိ သော လူနာများထဲဉ် အများဆုံးဖြစ်သည်။ လူဦးရေ၏ ၂-၃% တွင် ဖြစ်ပွားတတ်သည်။ ထို ့ကြောင့်သင်တစ်ဦးတည်း မဟုတ်ပါ။ အားမငယ်ပါနှင့်။

အကြောတက်ရောဂါ မည်သို ့ရောဂါရှာဖွေရပါမည်နည်း

များပြားသော သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို ့ မလိုပါ။

သေချာမေးမြန်းခြင်း၊ စမ်းသပ်ခြင်းပင် ရောဂါအမည် ဖော်ထုတ် နိုင်ပါသည်။

အဓိက အချက်မှာ နာကျင်သော နေရာများပြားခြင်းဖြစ်ပါသည်။

အဆစ်ရောင်လူနာများတွင် မည်သည့်နေရာမှ နာသည်ကို တိတိကျကျ ပြောရျ် ရပါသည်။

(ဥပမာ- ဒူး (သို ့) လက်ကောက်ဝတ်)

အကြောတက်ရောဂါသမားမှာ ပခုံးနာမည်၊ လက်မောင်းနာမည်၊ လက်ပြင်ကြား မှလည်းနာသေးသည်။ ဇက်ကြောလည်း တက်သည်။ ခါးနား နည်းနည်း ပေါင်တ လျှောက်လည်း တိုးသည် စသည်ဖြင့် နေရာအနံ ့ ထိခိုက်ပါသည်။

အထောက်အကူပြုအချက်အနေဖြင့်

အစာစားလျှင် တစ်ဆို ့ဆို ့ဖြစ်ခြင်း

အစာစားပြီးစ ဝမ်းမသွားဘဲ မနေနိုင်ဘဲ အိမ်သာပြေးရခြင်း၊

ညအိပ်မပျော်ခြင်း၊ ခေါင်းအုံခြင်း

စိတ်ဝင်စားမှုလျော့ရျ် နွမ်းလျခြင်း၊

တစ်ခါတစ်ရံ လက်ချောင်းများရောင်ခြင်း၊ မနက်စောစော တောင့်ခြင်းတို ့ဖြစ် တတ်ပါသည်။

ဘာ့ကြောင့် ဖြစ်ရပါသလဲ

စိတ်ရောဂါမဟုတ်ပါ။

အိပ်စက်မှုနာရီ ပျက်သောကြောင့် ဖြစ်ရပါသည်။

ညအိပ်ချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရသဖြင့် ကြွက်သားများ အနားမရဘဲ  ကြာရှည်ကားမောင်းပြီးသောအခါ ခြေသလုံးတောင့်သလို တစ်ကိုယ်လုံးကြွက်သားများ တောင့်နေပြီး မနက်တွင် နာကျင်ခြင်း နွမ်းလျခြင်းတို ့ဖြစ်ပါသည်။

မည်သို ့ကုရပါမည်လဲ

စိတ်ကို ဖြေလျော့တတ်အောင် လေ့ကျင့်ရပါမည်။ တရားထိုင်ခြင်းက အကောင်း ဆုံးဖြစ်ပါသည်။ ဆေးအနေဖြင့် အိပ်စက်မှု နာရီကို ပြန်ညှိပေးသော အင်မီထရစ်တလင်း ဆေးကို ညစဉ်သောက်ရပါသည်။ တချို  ့ကစိတ်ရောဂါဆေးဟု အထင်မှားကြပါသည်။ မဟုတ်ပါ။ စိတ်ကျရောဂါအတွက် သုံးလျှင် တစ်နေ ့၆-၈လုံးခန် ့သောက်ရပါသည်။ အိပ် ကောင်းရုံသောက်သောအခါ တစ်ခြမ်း၊ တစ်လုံးလောက်နှင့် လုံလောက်ပါသည်။

အကြာလျော့သော ပရိုပနဲံလောဆေးလည်း တွဲသောက်ရပါသည်။ သွေးတိုးကျ ဆေးဟုလည်းအသိများပါသည်။

(ရင်ကျပ် ပန်းနာရှိသူများ မသောက်ရပါ။)

အေရိုးဗစ်လေ့ကျင့်ခန်း လုပ်နိုင်ပါသည်။

ဘာတွေရှောင်ရမည်လဲ

ရင်တုံစေသော လက်ဖက်ရည် ကော်ဖီ လက်ဖက်လျော့ပါ။

ပျောက်နိုင်ပါသလား ဘယ်လိုဒုတ်ခပေးပါမည်လဲ

ပိုးလေးဖက်နာကဲ့သို ့ နှလုံးထိခြင်း ကောက်ကွေးလေးဖက်နာကဲ့သို ့ အိပ်ရာပေါ် လဲသွားခြင်း လုံးဝမရှိပါ။

ဆေးမှန်မှန်သောက် လေ့ကျင့်ခန်း လုပ်လျှင် ၂လ ၃လ နှင့် သက်သာသွားတတ် ပါသည်။

3 comments

  • etone

    October 7, 2010 at 8:13 am

    လူတိုင်းဖတ်သင့်တဲ့ပို့စ်လေးပဲနော် … အကြောတတ်တာက လူတိုင်းကြုံဖူးလို့ပါ ။

  • laaminnthar

    October 7, 2010 at 11:44 am

    ဆေးကနှစ်မျိုး ပြောပြထားတယ် ပန်းနာ ရင်ကျပ်သမား
    မသောက်ရ ဆေးက နှစ်မျိုးလုံးလား

  • char too lan

    October 8, 2010 at 3:46 am

    ဟုတ်တယ် အကြောတက်တာက လူတိုင်းကြုံကြတဲ့ရောဂါပဲ
    ကျနော်အရမ်းအကြောတက်တယ် အကြောတက်တော့လည်ပင်းတွေ လက်ဖျံတွေ
    လက်ချောင်းတွေနဲ့ ခါးတွေကို တချိန်လုံးချိုးနေရတာ
    ကြာရင်တော့ မကောင်းလောက်ဘူးနော်

Leave a Reply