MARKETING JOKES

CharTooLanOctober 7, 20102min1156

တစ်/

ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ
့လိုက်ပြီဆိုပါတော့။ သူ ့ဆီတိုက်ရိုက်ဝင်ပြီး ကျွန်တော်က
”အင်မတန်ချမ်းသာတဲ့သူဌေးပါ။ကျွန်တော်ကို လက်ထက်မလား” လို ့မေးရင် အဲဒါ Direct
Marketing ။ တိုက်ရိုက်ဈေးကွက်တင်တာပေါ့။
>>>>>>>>>>>>>>>>>>>>
နှစ်/

ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ ့ ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့မိန်းကလေး
ကိုတွေ ့တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီကလေးမဆီ လျှောက်သွားပြီး ခင်ဗျားကို
လက်ညိုးထိုးပြတယ်။
“ သူက သိပ်ချမ်းသာတာ၊ သူ ့ကိုကြိ ုက်လိုက်ပါလား” လို ့ပြောရင် အဲဒါ Advertising
။ ကြော်ငြာသဘောတရား။
>>>>>>>>>>>>>>>>>>>>>>
သုံး/

ပါတီမှာ မိန်းမချောလေးကိုတွေ ့လို ့တယ်လီဖုန်းနံပါတ် တောင်းထားလိုက်တယ်။
နောက်နေ ့ကျတော့ တယ်လီဖုန်းနဲ ့လှမ်းပြီး “ ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ။
ကျွန်တော်ကို လက်ထက်မလား” လို ့မေးရင် အဲဒါ Telemarketing ။
>>>>>>>>>>>>>>>>>>>>>>>>>
လေး/

ပါတီမှာ ကောင်းမလေးကိုတွေ ့တယ်။
စကားရောဖောရောတွေလုပ်ပြီးအချိူရည်ယူူပေး၊ စားစရာယူပေးတွေလုပ်တယ်။ပြန်မယ်ဆိုတော့ ကားအထိလိုက်ပို ့ပေးပြီးတံခါးဖွင့်ပေးတယ်။
ပြီးတော့မှစကားကြီးသုံးခွန်းပြောတယ်။ အဲဒါ Public Relation ။
>>>>>>>>>>>>>>>>>>>>>>>>>>>>
ငါး/

ပါတီမှာ ကောင်းမလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး “ ရှင်က သိပ်
ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထက်ပါလားဟင်” လို ့မေးရင်အဲဒါ Brand Recognition။ ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။
>>>>>>>>>>>>>>>>>>>>>>>>>>>>
ခြောက်/

ပါတီမှာ ကောင်းမလေးကိုတွေ ့တယ်။ သူ ့ဆီသွားပြီး “ကိုယ်ကသူဌေးလေးပါ။ ကိုယ့်ကိုလက်ထက်ပါလား”
လို့ပြောတယ်။ကောင်းမလေးက လှည့်ကြည့်ပြီး ပါးကြီးကိုအားရပါးရထိထိမိမိ တွယ်ထည့်လိုက်တယ်။
အဲဒါ Customer Feedback ။ စားသုံးသူရဲ ့သဘောထား။
>>>>>>>>>>>>>>>>>>>>>>
ခုနှစ်/

ပါတီမှာတွေတဲ့ကောင်းမလေးကိုခင်ဗျားကချဉ်းကပ်ပြီး
သုံးခွန်းသောစကားပြောတယ်။သူက
“ အတော်ပဲ ကျွန်မယောက်ျားနဲ ့မိတ်ဆက်ပေးရဦးမယ်” ဆိုပြီး သူ ့ဘေးဘဲကြီးနဲ
့မိတ်ဆက်ပေးတယ်။ အဲဒါ Demand and Supply Gap ။ ဝယ်လိုအားနဲ ့ရောင်းလိုအားကွာဟမှု။
>>>>>>>>>>>>>>>>>>>>>>>>
ရှစ်/

ပါတီမှာ ကောင်းမလေးတွေ ့လို ့ချဉ်းကပ်ဖို
့ခြေလှမ်းပြင်နေတုန်းတစ်ယောက်ကဝင်လာပြီး
“ကိုကိုကသူဌေး၊လက်ထက်ကြရအောင် နော် ” လို ့ဖြတ်ခုတ်သွားရင်အဲဒါ Competition
Eating into your market share ။ ဈေးကွက်အလုခံတာ။
>>>>>>>>>>>>>>>>>>>>>>>>
ကိုး/

ပါတီမှာကောင်းမလေးတွေ ့လို ့ ချဉ်းကပ်လမ်းဖောက်နေတုန်း
အိမ်ကဟာမကြီးပေါ်လာပြီး
“မောင်ရေ” လို ့အသံပေးလိုက်တယ်။အဲဒါ Market Restriction ဈေးကွက်ချုပ်ချယ်မှုဝင်လာတာ။

6 comments

  • Ba Gyi Taw

    October 7, 2010 at 8:18 am

    chartoolan မင့်ဘယ်သင်တန်းကနေ မှတ်လာတာတုံး ။

    • etone

      October 7, 2010 at 8:37 am

      ဘကြီးလည်းလိုက်တတ်ချင်လို့လား ။

  • michaelaungpu

    October 7, 2010 at 11:42 am

    ဘကြီးတော်က အစွယ်တောင်ပေါက်နေပြီ အဟီး
    နေကောင်းလား
    မမြင်တာကြာလို ့ပိုချောလာသလိုဘဲ

  • bigcat

    October 7, 2010 at 11:02 pm

    ဟားဟားဟား.. ရယ်ရတယ်ဗျို့။ ဝါသနာပါလို့ ထပ်ဖြည့်ပါရစေ။
    ပါတီမှာ အမျိုးသားတွေကများပြီး အမျိုးသမီးတွေကနဲနေရင် ရောင်းသူဈေးကွက်လို့ခေါ်တယ်။ ရောင်းသူ့ကြိုက်ဈေးကို လိုက်ပေးရမယ်။
    ပါတီမှာ အမျိုးသမီးတွေကများပြီး အမျိုးသားတွေကနဲနေရင် ဝယ်သူဈေးကွက်လို့ခေါ်တယ်။ ဝယ်သူကအောက်ဈေးနဲ့ ဝယ်လို့ရနို်င်တယ်။

  • Maung Dae`

    October 8, 2010 at 3:22 am

    မဆိုးဘူး… သဘောတရားတွေကို သေသေချာချာကို နားလည်သွားပီ… အလုပ်က Marketing တွေကိုဖတ်ခိုင်းရမယ်.. ဟဲ ဟဲ

  • Gong Zhu

    October 10, 2010 at 7:52 pm

    ဟီးဟီး မိုက်လှချည်လားလို့

Leave a Reply