chatting… chatting… chatting…..

etoneOctober 7, 20101min1064

နည်းပညာတိုးတတ်လာတာနဲ့အမျှ အင်တာနက်အသုံးပြုမှုလည်း တဖြည်းဖြည်းမြင့်မားလာပါတယ်။ အင်တာနက်ဆိုင်မှာအများဆုံးအသုံးပြုနေကြတဲ့လူတွေကတော့လူငယ်များပါ ။ အထူးသဖြင့် ချက်တင်ထိုင်ကြတာများပါတယ် ။ တစ်ဖက်မှထိုင်နေတဲ့လူနဲ့  တစ်နေ့လုံး ထမင်းမစား၊ ရေမသောက်ပဲ ၊ ဆီးချုပ် ၊ ဝမ်းချုပ်ချက်တင်လုပ်နေကြတာတွေ့ဖူးပါတယ် ။ တစ်ဖက်ကလူက အလိမ်ညာတွေ ပြောမှန်းမသိနိုင်လောက်အောင်ပဲ နစ်မွန်းပြီး ဘဝရဲ့အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးကာ အလုပ်ပျက် အကိုင်ပျက်ဖြစ်ခဲ့ရတဲ့လူတွေလည်းရှိပါတယ် ။ သူငယ်ချင်းတယောက်ရဲ့  ဘဝပျက်ခဲ့ရတဲ့ဇာတ်လမ်းလေးကို အားလုံးသိအောင်မျှဝေလိုက်ပါတယ် ။ ဆယ်ကျော်သက် မောင်လေးတွေ ၊ ညီမလေးတွေလည်း လမ်းမှားမရောက်အောင် ပြောပြပေးလို့ရတာပေါ့… ။ဆယ်တန်းဖြေပြီး ကောင်မလေးတစ်ယောက် နဲ့  တက္ကသိုလ် ဒုတိယနှစ် ကောင်လေးတယောက်တို့ရဲ့ဇာတ်လမ်းပါ။ သိတော်မူတဲ့အတိုင်းပဲလေ စတွေ့တာကတော့ချက်တင်ထဲမှာပေါ့ ။ တနေ့တနေ့ အင်တာနက်ဆိုင်မှာချက်တင်နဲ့အချိန်ဖြုံးနေခဲ့တာ… နေ့တွေတရက်ပြီးတရက်ကုန်ပြန်တော့ သုံးလေးလပြည့်တော့မယ် ။ ကောင်မလေးက စပြီးအပြင်မှာတွေ့ဖို့ချိန်းပါတယ် ။ ကောင်လေးကလည်းသဘောတူလိုက်ပြီ း  နေရာတနေရာသတ်မှတ် ဆုံဖို့လုပ်ပါတယ် ။ ချက်တင်လုပ်ပြီး သံယောဇဉ်ဖြစ်လာတာနဲ့အမျှတွေ့ဖို့ရက်ကိုမှန်းပြီး ပျော်နေကြတာပေါ့ ။ တိုတိုပြောရရင် တွေ့ပြီးဆုံကြတယ်ပေါ့ … စိတ်ကူးထဲကလိုမျှော်လင့်သလိုမဟုတ်ပဲ ကောင်လေးက ရုပ်ဆိုးဆိုးကြီးဖြစ်နေပါရော… ထွက်ပြေးချင်စိတ်ပေါက်ပေမဲ့မကောင်းတတ်လို့လူမှုရေးအရ ကောင်မလေးက စကားလက်ခံပြောခဲ့ရတယ် ။ နောက်ပိုင်းကျမှအဆက်ဖြတ်မယ်ပေါ့…. ထင်သလိုဖြစ်မလာခဲ့ပါဘူး….။ ကောင်မလေးရဲ့ personal information တွေရပြီးသားကောင်းလေးက ကောင်မလေးရဲ့ပတ်ဝန်းကျင်မှာပါ အတင်းလိုက်တွေ့ဖို့ကြိုးစားပါတော့တယ် ။ သိပ်မကြာပါဘူး ကောင်လေးမိန်းမဆိုသူက လိုက်လာပြီး အရှုပ်ရှင်းတွေမလုပ်ဖို့ရန်လာတွေ့ပါတယ် ။ တစ်ကယ်တမ်းနစ်နာရသူကတော့ကောင်မလေးပဲလေ ။ ဒီတော့မိန်းကလေးတွေချက်တင်မှာနှစ်မျောပြီး ဘဝအချိန်တွေမဖြုန်းသင့်ပါဘူး ။ နောက်ဆုံးကောင်မလေးလည်းပတ်ဝန်းကျင်မှာအရှက်ရပြီး အိမ်ပြောင်းပြေးသွားပါတော့တယ် ။ဆယ်ကျော်သက်အရွယ်မှာဖြစ်တတ်တဲ့အမှားမျိုးကို လူကြီးတွေက ဝိုင်းပြီးပြုပြင်ပေးကြရအောင်လား ။ကဲ… အိမ်မှာရှိတဲ့မောင်လေးတွေညီမလေးတွေ အင်တာနက်ဆိုင်ထိုင်ရင် ကြိမ်လုံးတလုံးနဲ့လိုက်ချောင်းပေတော့ 😀

4 comments

  • intro

    October 8, 2010 at 9:50 am

    တော်တော် ဆိုးဆိုးပါလား၊ ရုပ်ခပ်ဆိုးဆိုး၊ မိန်းမရှိတဲ့သူက … အင်းအင်း… ထားပါလေ၊ မပြောတော့ပါဘူး။

  • ဆူး

    October 8, 2010 at 10:37 am

    ချက်တင် မှာ ထိုင်တဲ့ ကောင်မလေး ကော ကောင်လေးပါ တော်ယုံ ပုံမလာဘူး.. အပြင်မှ မစွန်လို့ မျက်နှာ မမြင်ရဘဲ အစွန်ထုတ်နေကြတာ.. မိန်းခလေး ဆိုလည်း ဝတုတ် ဘုတ်ထိုင်း ကောင်လေးဆိုလည်း ထိုနည်း လည်းကောင်းပါ။

    • ဆူး

      October 8, 2010 at 11:01 am

      တခု ကျန်ခဲ့တယ်.. တိုက်ဆိုင်မှု ရှိရင် ခွင့်လွတ်စေချင်ပါတယ်.. ဘယ်သူကိုမှ မရည်ရွယ်ပါဘူး

  • fatty

    October 8, 2010 at 11:00 am

    ကျနော့ကိုတော့အဲလိုမပြောသင့်ပါဘူးဗျာ …..

Leave a Reply