လက်ထပ်ခြင်းမင်္ဂလာ ဘ၀တသက်စာပျော်ရွင်စရာ

လက်ထပ်မင်္ဂလာ = ဆေးကောင်းတလက်

လက်ထပ်ပြီးအမျိုးသားများသည် အသက် အရွယ်မရွေး ၊လူမျိုးမရွေး၊လူတန်းစားမရွေး တွင် လူပျိုများ၊အိမ်ထောင်ကွဲအမျိုးသားများ၊မုဆိုးဖိုများထက် ပိုပြီးကျန်းမာရေးကောင်းမွန်ပေသည်။ထို့ ကြောင့်  လက်ထပ်ခြင်း၏ကောင်းမွန်သောအကျိုးဆက် ဟုအိမ်ထောင်သည်အမျိုးသားများက မိမိတို့ တည်ဆောက်ထားသော အိမ်ထောင်ရေးသုခချမ်းးသာကို ညွှန်း ဆိုပြောဆိုကြပေသည်။အသက် ၁၈ နှစ်မှ ၄၄ နှစ်အတွင်း အိမ်ထောင်သည်အမျိုးသားများ သည် ၄င်းတို့ နှင့်  သက်တူရွယ်တူ လူလွတ်အမျိုးသားများထက် ပိုရွေ့  ကျန်းမာကြသည်ဟုလည်း ဂုဏ်ယူဝံ့  ကြွားစွာ ဆိုကြပြန်သည်။အဘယ်ကြောင့်  နည်း …. ။ဆေးပညာရှင်များ ကလက်တွေ့ စမ်းသပ်သုတေသနပြုစစ်တမ်းများ ဖြင့်  ဤသို့  အခိုင်အမာ ဆိုကြလေသည်။ ဥပမာအားဖြင့်  ပရိတ်သတ်များအသည်းစွဲ ကမ္ဘာကျော် ဇာတ်လိုက်မင်းသား ဂျိမ်းစ်ဘွန်း ကိုကြည့်  ပါ။သူ၏ ၄၀ကျော်သက်တမ်းအတွင်း မိန်းမထည်လဲတွဲ ခဲ့ သော လူပျိုကြီး ဂျိမ်းစ်ဘွန်း သည် ဘော်ဂါအရက်ပြင်းနှင့် ဝိုင်မျိုးစုံကို ကြိမ်ဖန်များစွာသောက်သုံးရင်း၊တနေ့ လျှင် အနဲဆုံးစီးကရက်၃ဘူး သောက်ရင်း သူ၏ ရာသက်ပန်ုကြင်ရာမဲ့ ဘ၀ကို ဖြတ်သန်းနေရသည်။ယင်းအကျင့် စရိုက်များသည် လူ့ သက်တမ်းကို တိုသည်ထက်တိုစေလိမ့် မည်။သူ၏ လက်ထပ်လက်စွပ်မဲ့  လက်သူကြွယ်မှာ မြင်သာထင်သာဆုံးသက်သေပင်ဖြစ်သည်။အဘယ့် ကြောင့် ဆိုသော် ရခဲလှသောလူ့ ဘ၀ကို အဓိပါယ်ရှိရှိနေထိုင်ဖြတ်သန်းလိုသော အမျိုးသားများသည် ထာဝရဘသလက်တွဲဖော် ဇနီးကောင်းများ မရှိမဖြစ်လိုအပ်နေသောကြောင့် ဖြစ်သည်။

ဇနီးကောင်း = အနီးကပ်မူပိုင်ကိုယ်ရံတော်

ပထမဆုံးသုတေသနပညာရှင်မှာ ဗာဂျီးနီးယားတက်ကသိုလ် ၊စိတ်ဝေဒနာ နှင့် အာရုံကြောဌာနမှ စိတ်ရောဂါအထူးကုပညာရှင် ဒေါက်တာ ဂျိမ်းကွန်ကလူ့ ခန္ဓာကိုယ်တွင်စိတ်ဖိစီးမှုနှင့် စိုးရိမ်ကြောက်လန့် ဖွယ်သောကအခြေအနေများ အား လူသားချင်းထိတွေ့ မှုက မည်သို့အကျိုးသက်ရောက်ပုံ ကိုစမ်းသပ်ခဲ့ သည်။အစမ်းသပ်ခံ စေတနာ့ ဝန်ထမ်းအိမ်ထောင်သည်အမျိုးသားများအား …အမ်အာအိုင်စက်ကြီးထဲ ၀င်စေပြီး ၄င်းတို့  ၏ခြေချင်းဝတ်တွင် ကျရောက် လာမည့်  လျှပ်စစ်ဓါတ်စေ့ ဆော်မှု ……….ကိုအာရုံပြုကြရန်ပြောသည်။ထို့ နောက် ၄င်းတို့ ၏ ဇနီးသည်များ က အစမ်းသပ်ခံအမျိုးသားတို့  ၏လက်များကိုနွေးထွေးစွာဆုတ်ကိုင်ထားကြသည်။လျှပ်စစ်ဓါတ်လွှတ်ပြီးစမ်းသပ်လိုက်သောအခါ နာကျင်မှုကိုလက်ခံသော ဦးနှောက်အပိုင်းက နာကျင်မှုဝေဒနာကိုမျှော်မှန်းထားသည်ထက် လျော့ နည်းပြီးလက်ခံသည်ကို စိတ်ဝင်စားဖွယ်ရာတွေ့ ရှိရသည်။ ထိုအမျိုးသားများကိုယ်တိုင်လည်း ကျွန်တော်တို့ အာရုံထဲသိပြီးခံစားရတဲ့  နာကျင်မှုဆိုတာစိတ်ထဲကြိုပြီးမှန်းထားသလောက်လည်းမဆိုးဝါးလှပါဘူး ဟုဖြေသည်။ဇနီးသည်များက၄င်းတို့ ၏လက်များအားကြင်ကြင်နာနာဆုတ်ကိုင်ထားခြင်းသည် ဦးနှောက်ရှိ စိတ်ဖိစီးမှုဟိုမှုန်းများ ထုတ်လွှတ်သော ဟိုက်ပိုသားလမတ်ကို ပြင်းထန်တက်ကြွမှုလျော့နည်းစေသည်။ဟိုက်ပိုသားလမတ်မှ ထုတ်လွှတ်လိုက်သော အဆိုပါဟိုမှုန်းများသည် ခနာကိုယ်၏ ခုခံအားအဖွဲ့ အ စည်းကို ငြိမ်သက်စေပြီး နောက်မကျန်းမမာဖြစ်စေသည်။ကျွန်တော်တို့ ရဲ့ ဇနီးသည်တွေဟာ ကျွန်တော်တို့ ရဲ့ စိတ်ခံစားမှုနဲ့  ကျွန်တော်တို့ ရဲ့  ဦးနှောက်ကိုစိတ်ဖိစီးမှုအခြေအနေဆိုးတွေက သက်သာရာရအောင်ဘယ်လိုနည်းလမ်းနဲ့  လုပ်သွားတယ်ဆိုတာ ကို ကျွန်တော်တို့ အသေးစိတ်မမြင်နိုင်ပေမယ့် ဒါဟာလက်တွေ့ ပါဘဲ ဟုဒေါက်တာ ကွန်းကပြောကြားသည်။ သဘာသကျကျစဉ်းစားမည်ဆိုပါလျှင် ကမ္ဘာဦးကာလ အာဒမ်နှင့်  ဧ၀တို့ ကိုသာညွှန်းဆိုရပေမည်။အကယ်ရွေ့ သာ လင်ယောကျားများအား ၄င်းတို့ ၏ကိုယ်ပိုင်ကရိယာပစ္စည်းများ၊အကျင့်စရိုက်ဆိုးများနှင့် သာ၎င်းတို့ ၏ ဇနီးသည်များက ပစ်ထားခဲ့ သည်ဆိုပါစို့ ။၎င်းတို့ သည် အဖော်မဲ့ ဘ၀တွင် ကျန်းမာရေးလက္ခဏာများကို အကောင်းအဆိုးဂရုမူမိမည်မဟုတ်ချေ။ဂရုမူမိသည် ဆိုဦးတော့ ငြင်းဆန်ဖို့ ကြိုးစားကြပေဦးမည်။ဇနီးသည်များ၎ငိးတို့ ဘေးတွင်ရှိပါမူ ခင်ပွန်းသည်တို့ ၏ ကျန်းမာရေးလက္ခဏာများကို လွယ်လင့် တကူဂရုမူမိကြပြီး ဆရာဝန်ဆီ အတင်းအကြပ်ဆွဲခေါ်သွားကြလိမ့်မည်။အရိုးရှင်းဆုံးဆိုရပါမူ ဇနီးသည်များသည် ခင်ပွန်းသည်များအတွက် ဘ၀လက်တွဲဖော်အဖြစ်သာမက ကျန်းမာရေးစောင့် ရှောက်မှု နှင့်  လုံခြုံစိတ်ချရမှုများ အပြည့် အ၀အပေးနိုင်ဆုံး အနီးကပ်သက်တော်စောင့် များဟုလည်းဆိုနိုင်ပေသည်။ ယူစီအယ်အေတကသိုလ် ဂျွန်ဆင်ကင်ဆာဗဟိုဌာန၏ သုတေသနပြုချက်များအရ ဆီးကျိတ်ကင်ဆာ သို့ မဟုတ် ဆီးအိမ်ကင်ဆာဝေဒနာသည် လင်ယောကျားများသည် ၄င်းတို့ ၏ဇနီးသည်များ၏ကြင်ကြင်နာနာပြုစုစောင့် ရှောက်မှုများကြောင့် ….ခေါ် ဘ၀၏အရည်အသွေးကောင်းများကို၎င်းတို့ အသက်ရှင်နေထိုင်စဉ်ကာလတလျှောက် ပိုမိုရှင်သန်စွာရှိနိုင်သညိ။ကာလီဖိုးနီးယားပြည်နယ် တက်ကသိုလ်၊စင်ဒီယေးဂိုးရှိ နှလုံးသွေးကြောချဲ့ ကုသမှုခံယူထားသော အသည်းအသန်လူနာဆောင်ရှိ လူနာများသည်လည်း ၄င်းတို့ ၏ဇနီးသည်များဂရုတစိုက်အားပေးကြည့် ရှုမှုကြောင့်  ဇနီးသည်မဲ့ လူနာများထက် အနာသက်သာသောဆေးများပေးရ လျော့ နည်းစေပြီးအချိန်တိုတိုအတွင်းပြန်လည်နလန်ထလာကြောင်း တွေ့ရှိရသည်။ပြောင်းပြန်အားဖြင့် ဆိုလျှင်မူ အားပေးဖေးမမည့် ဇနီးသည်မဲ့ လူနာများ၏ရောဂါဖြစ်စဉ်ခံစားမှု သည်ပိုရွေ့ ပြင်းထန်ပြီးပြန်လည်နလံထရန် အချိန်ကာလမှာ ပိုရွေ့ ကြာမြင့် လေသည်။

အချစ်ဆိုတာသော့ ချက်ပါ……

သို့ ပါသော်လက်ထပ်ခြင်းတိုင်း သည်ကောင်းမွန်သောဆေးဝါးများမဟုတ်ကြပေ။အိ၊မ်ထောင်တခု၏အ၇ည်အသွေးသည် ကျန်းမာရေးနှင့်  အခိုင်အမာဆက်စပ်လျက်ရှိသည်။စိတ်ချမ်းမြေ့ ဖွယ် အိမ်ထောင်တခုကိုပိုင်ဆိုင်သော အမျိုးသားများသည် ဘ၀တွင်အသက်ရှင်ရှင်နေထိုင်နိုင်သည့် အပြင် အနာကျက်မြန်ခြင်း၊ခွဲစိတ်ကုသခံရမှုအကြိမ်နည်းခြင်း စသောအကျိုးကျေးဇူးများခံစားရပေသည်။အဘယ့် ကြောင့် ဆိုသော် ပျော်ရွှင်ချမ်းမြေ့ သောအိမ်ထောင်ရေးဘ၀သည် ၄င်းတို့ ၏ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုမျိုးစုံ ဥပမာ – ၀န်တိုမှု၊လောဘ၊သောက၊စိုးရိမ်ကြောင့် ကျမှု၊ဒေါသ တို့ ကို ကာကွယ်တားဆီးပေးသောကြောင့် ဖြစ်သည်။ လူ့ ခန္ဓာကိုယ်နှင့်  ဦးနှောက်ကို စက်ကိရိယာနှစ်ခုအဖြစ် သတ်မှတ်ပြီး အာရုံကြောများ ကို ၀ိုင်ယာကြိုးများဟု စိတ်ကူးရွေ့  မြင်ကြည့် ကြပါစို့ ။လှုံ့ ဆော်မှုများကို လက်ခံ ရာ ဦးနှောက်မှ ဖြစ်ပေါ်လာသော စိတ်ခံစားမှုများသည် ၀ိုင်ယာကြိုးသဖွယ်သွယ်တန်းထားသော အာရုံကြောများမှ တဆင့်  အက်ရီနယ်ဂလင်းသို့  အက်ရီနယ်ဟိုမုန်းခေါ် စိတ်ဖိစီးမှုဟော်မှုန်းများကိုထုတ်လွှင့် စေပြီး တဆက်ထဲမှာပင် နှလုံးခုန်နှုံး နှင့်  သွေဖိအားကို ပြောင်းလဲစေလေသည်။နယူးယောက်မြို့  သမားတော်ဒေါက်တာ ဟယ်ရီလော့ ရှ၏ရေးသားချက် အရ ပြင်းထန်ဆိုးရွားသောစိတ်ခံစားမှုများသည် မလိုအပ်သော နှလုံးခုန်နှုံးများကို ဖြစ်ပွားစေပြီး ပျော်ရွှင်ချမ်းမြေ့ ဖွယ်အိမ်ထောင်သည်များ မှာတော့ အဲဒီလိုမလိုလားအပ်တဲ့ အကျိုးဆက်တွေတွေ့ ရခဲပါတယ် ဟုဆိုသည်။ တစ်ဦးနှင့် တစ်ဦး အမြဲတစေအငြင်းပွား ရန်ဖြစ်တတ်သောစုံတွဲများ၏ကိုယ်ခနာသည် အနာကျက်ရာတွင် နှောင့် နှေးစေသည် ဟူသောအဆိုသည်လည်း အမေရိကန်ဆေးပညာလောကတွင်  ရေပန်းစားလျက်ရှိပြန်သည်။အိုဟိုင်းအိုးပြည်နယ် တကသိုလ်မှ ဒေါက်တာဂျာနိုက်ကီကော့ ဂလေဆာနှင့်ေ၇ာ်နယ်ဂလေဆာတို့ သည် စမ်းသပ်မှုတခုပြုလုပ်ခဲ့ ကြသည်။တဦးနှင့် တဦးအပြစ်မမြင်ဘဲ ညှိညှိနှိုင်းနှိုင်းပေါင်း ဖက်ကြသောစုံတွဲများနှင့် တစိမ်းတရံဆန်ဆန်စုံတွဲများ၏ အနာကျက် ချိန်ကို သုတေသနပြုနှိုင်းယှဉ်ခဲ့ ရာ တကျက်ကျက်ရန်ဖြစ်လေ့ ရှိသော အချစ်မဲ့ အိမ်ထောင်သည်များ သည် အနာကျက်၇န် ၂၇က်ခန့် ပိုရွေ့ နှောင့် နှေးခဲ့ ကြောင်း သက်သေပြနိုင်ခဲ့ သည်။ ထို့ ပြင်နှလုံးအထူးကာဆရာဝန်များကလည့်း တစိမ်းတရံဆန်သောအိမ်ထောင်သည်များသာမက တဦးနှင့် တဦးအိမ်ထောင်ရေးဖောက်ပြန်သလား ဟုသို့ လောသို့ လောသံသယ၀င်နေကြသောနှလုံးရောဂါဝေ…နာသည်များ၏ ဝေဒနာဖြစ်စဉ်ကာလသည် ပိုမိုကြာမြင့် ပြီးရောဂါအခြေအနေမှာ ပိုရွေ့ လည်း ပြင်းထန်တတ်သည် ဟုဆိုပြန်သည်။ အိမ်ထောင်ရှင်ခင်ပွန်းသည်များသာမက ဇနီးသည်များသည်လည်း ၄င်းတို့  ၏ ခင်ပွန်းသည်များက ယုယကြင်နာစွာပွေ့ ဖက်ထားချိန်တွင် အောက်ဆီတိုဆင် ………. ဟိုမှုန်းထွက်လာပြီး သွေးဖိအားကိုလျော့ နဲစေကာ နှလုံးကိုကောင်းမွန်စွာအကာအကွယ်ပေးသည်။အမျိုးသားများတွင်မူ လိင်စိတ်အထွတ်အထိတ်မရောက်မီအချိန်ကာလတိုလေးအတွင်း ယင်းအောက်ဆီတိုဆင်ဟိုမုန်း သည် သာမန်အချိန်ထက် ၅ဆ ပိုရွေ့ထွက်လာသည် ဟုဆိုသည်။ ဘယ်လ်ဖက်စ် ….ရှိကွင်းတက္ကသိုလ်၏ ယခင်ဆယ်စုနှစ်ကာလအတွင်း လူလတ်ပိုင်းအရွယ်အမျိုးသား၁၀၀၀၏ သေဆုံးနှုံးကိုလေ့လာတွက်ချက်မှုအရ တပတ်လျှင်   မိမိဇနီးသည်နှင့်    လိင်ဆက်ဆံမှု ၂ကြိမ် ၃ကြိမ် ပြုသောအမျိုးသားများတွင်  နှလုံးရောဂါနှင့် လေဖြတ်နှုံး ၅၀ % ခန့် လျော့ ကျသည်ဟုဆိုသည်။ထို့ ပြင် လိင်မှုဆိုင်ရာတက်ကြွသော်အမျိုးသားများထက် သေဆုံးမှုတ၀က်လျေုာ့ နည်းသည်ဟုလည်း ဆိုသည်။ပျော်ရွှင်ချမ်းမြေ့ ဖွယ်အိမ်ထောင်ရေး သက်တမ်းကြာမြင့် သောအမျိုးသားများ သည် ၄င်းတို့ နှင့် ခေတ်ပြိုင့်သက်တူရွယ်တူ အိမ်ထောင်မဲ့  အိမ်ထောင်ကွဲ အမျိုးသားများထက် ပိုရွေ့ သက်တမ်းရှည်ရှည်အသက်ရှင်နေထိုင်နိုင်ပေသည်။

လူပျိုကြီး ….တစ်ကိုယ်တည်း…အထီးကျန်….နည်းလမ်းမမှန်…

ကိုလမ်ဘီယာတက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာ လော့ ရှ်ကမူ အမှန်တကယ်အိမ်ထောင်ရေးသုခအပြည့် အ၀ခံစား နေရတဲ့ ဇနီးမောင်နှံတွေကို အကဲခတ်ရသိပ်လွယ်ပါတယ်။သူတို့ ဟာ ချစ်ခင်ကြတယ်၊ပျော်ရွှင်ကြတယ် ၊ကျန်းမာကြတယ်။နောက်ပြီး တခြားသူတွေထက်ပိုပြီး စိတ်ဖိစီးမှုနည်းကြတယ် ဟုပြောသည်။တဦးနှင့် တဦး အမှန်တကယ်ချစ်ခင်မြတ်နိုးကြပြီး သစ္စာမြဲမြံစွာပေါင်းသင်းကြသောဇနီးမောင်နှံများသည် ဘ၀ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းရန် အခွင့်အလမ်းများပိုမိုများပြားလှသော်လည်း ၄င်းတို့ နှင့်ဆန့် ကျင်ဘက် ဘ၀လက်တွဲဖော်မဲ့  ပုဂ္ဂိုလ် များ မှာမူ အသက်အရွယ်မကြီးမီ နှလုံးရောဂါ၊အဆုတ်ရောဂါ၊အဆုတ်ကင်ဆာ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ နှင့်  လေဖြတ်ခြင်း များရရှိရန် အခွင့် အလမ်းများလှပြီး ၄င်းတို့ အဖို့  လမ်းလျှောက် ခြင်း၊လှေခါးတက်ခြင်းစသော အလွယ်တကူကိုယ်လက်လှုပ်ရှားမှုများပြုရန် ပင်ခဲယဉ်းနေသည်ဟု ချီကာကိုတက္ကသိုလ် နှင့်  ဂျူတက္ကသိုလ်၏ သုတေသနပြုချက်များကဖော်ပြထားလေသည်။ မှတ်ချက်။  ။ မန္တလေးဂေဇက်တွင် ၂၀၀၆ ခုနှစ်ကဖေါ်ပြပြီးဖြစ်သည်။ နိုင်ငံခြားကျမ်းမာရေးဆောင်းပါးများကို ကိုးကားပြီး ဆရာဝန်တဦးမှ ရေးသားပါသည်။

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.