A Marriage For Life helping build a strong healthy relationship

kaiOctober 7, 20101min963

လက်ထပ်ခြင်းမင်္ဂလာ ဘဝတသက်စာပျော်ရွင်စရာ

လက်ထပ်မင်္ဂလာ = ဆေးကောင်းတလက်

လက်ထပ်ပြီးအမျိုးသားများသည် အသက် အရွယ်မရွေး ၊လူမျိုးမရွေး၊လူတန်းစားမရွေး တွင် လူပျိုများ၊အိမ်ထောင်ကွဲအမျိုးသားများ၊မုဆိုးဖိုများထက် ပိုပြီးကျန်းမာရေးကောင်းမွန်ပေသည်။ထို ့ကြောင် ့ လက်ထပ်ခြင်း၏ကောင်းမွန်သောအကျိုုးဆက် ဟုအိမ်ထောင်သည်အမျိုးသားများက မိမိတို ့တည်ဆောက်ထားသော အိမ်ထောင်ရေးသုခချမ်းးသာကို ညွှန်း ဆိုပြောဆိုကြပေသည်။အသက် ၁၈ နှစ်မှ ၄၄ နှစ်အတွင်း အိမ်ထောင်သည်အမျိုးသားများ သည် ၎င်းတို ့နှင် ့ သက်တူရွယ်တူ လူလွတ်အမျိုးသားများထက် ပိုရွေ ့ ကျန်းမာကြသည်ဟုလည်း ဂုဏ်ယူဝံ ့ ကြွားစွာ ဆိုကြပြန်သည်။အဘယ်ကြောင် ့ နည်း …. ။ဆေးပညာရှင်များ ကလက်တွေ ့စမ်းသပ်သုတေသနပြုစစ်တမ်းများ ဖြင် ့ ဤသို ့ အခိုင်အမာ ဆိုကြလေသည်။ ဥပမာအားဖြင် ့ ပရိတ်သတ်များအသည်းစွဲ ကမ္ဘာကျော် ဇာတ်လိုက်မင်းသား ဂျိမ်းစ်ဘွန်း ကိုကြည် ့ ပါ။သူ၏ ၄ဝကျော်သက်တမ်းအတွင်း မိန်းမထည်လဲတွဲ ခဲ ့သော လူပျိူကြီး ဂျိမ်းစ်ဘွန်း သည် ဘော်ဂါအရက်ပြင်းနှင် ့ဝိုင်မျိုးစုံကို ကြိမ်ဖန်များစွာသောက်သုံးရင်း၊တနေ ့လျှင် အနဲဆုံးစီးကရက်၃ဘူး သောက်ရင်း သူ၏ ရာသက်ပန်ုကြင်ရာမဲ ့ဘဝကို ဖြတ်သန်းနေရသည်။ယင်းအကျင် ့စရိုက်များသည် လူ ့သက်တမ်းကို တိုသည်ထက်တိုစေလိမ် ့မည်။သူ၏ လက်ထပ်လက်စွပ်မဲ ့ လက်သူကြွယ်မှာ မြင်သာထင်သာဆုံးသက်သေပင်ဖြစ်သည်။အဘယ် ့ကြောင် ့ဆိုသော် ရခဲလှသောလူ ့ဘဝကို အဓိပါယ်ရှိရှိနေထိုင်ဖြတ်သန်းလိုသော အမျိူးသားများသည် ထာဝရဘသလက်တွဲဖော် ဇနီးကောင်းများ မရှိမဖြစ်လိုအပ်နေသောကြောင် ့ဖြစ်သည်။

ဇနီးကောင်း = အနီးကပ်မူပိုင်ကိုယ်ရ ံတော်

ပထမဆုံးသုတေသနပညာရှင်မှာ ဗာဂျီးနီးယားတက်ကသိုလ် ၊စိတ်ဝေဒနာ နှင် ့အာရုံကြောဌာနမှ စိတ်ရောဂါအထူးကုပညာရှင် ဒေါက်တာ ဂျိမ်းကွန်ကလူ ့ခန္ဓာကိုယ်တွင်စိတ်ဖိစီးမှုနှင် ့စိုးရိမ်ကြောက်လန် ့ဖွယ်သောကအခြေအနေများ အား လူသားချင်းထိတွေ ့မှုက မည်သို့အကျိုးသက်ရောက်ပုံ ကိုစမ်းသပ်ခဲ ့သည်။အစမ်းသပ်ခံ စေတနာ ့ဝန်ထမ်းအိမ်ထောင်သည်အမျိုးသားများအား …အမ်အာအိုင်စက်ကြီးထဲ ဝင်စေပြီး ၎င်းတို ့ ၏ခြေချင်းဝတ်တွင် ကျရောက် လာမည် ့ လျှပ်စစ်ဓါတ်စေ ့ဆော်မှု ……….ကိုအာရုံပြုကြရန်ပြောသည်။ထို ့နောက် ၎င်းတို ့၏ ဇနီးသည်များ က အစမ်းသပ်ခ ံအမျိုးသားတို ့ ၏လက်များကိုနွေးထွေးစွာဆုတ်ကိုင်ထားကြသည်။လျှပ်စစ်ဓါတ်လွှတ်ပြီးစမ်းသပ်လိုက်သောအခါ နာကျင်မှုကိုလက်ခံသော ဦးနှောက်အပိုင်းက နာကျင်မှုဝေဒနာကိုမျှော်မှန်းထားသည်ထက် လျော ့နည်းပြီးလက်ခံသည်ကို စိတ်ဝင်စားဖွယ်ရာတွေ ့ရှိရသည်။ ထိုအမျိူးသားများကိုယ်တိုင်လည်း ကျွန်တော်တို ့အာရုံထဲသိပြီးခံစားရတဲ ့ နာကျင်မှုဆိုတာစိတ်ထဲကြိုပြီးမှန်းထားသလောက်လည်းမဆိုးဝါးလှပါဘူး ဟုဖြေသည်။ဇနီးသည်များက၎င်းတို ့၏လက်များအားကြင်ကြင်နာနာဆုတ်ကိုင်ထားခြင်းသည် ဦးနှောက်ရှိ စိတ်ဖိစီးမှုဟိုမှုန်းများ ထုတ်လွှတ်သော ဟိုက်ပိုသားလမတ်ကို ပြင်းထန်တက်ကြွမှုလျော့နည်းစေသည်။ဟိုက်ပိုသားလမတ်မှ ထုတ်လွှတ်လိုက်သော အဆိုပါဟိုမှုန်းများသည် ခနာကိုယ်၏ ခုခံအားအဖွဲ ့အ စည်းကို ငြိမ်သက်စေပြီး နောက်မကျန်းမမာဖြစ်စေသည်။ကျွန်တော်တို ့ရဲ ့ဇနီးသည်တွေဟာ ကျွန်တော်တို ့ရဲ ့စိတ်ခံစားမှုနဲ ့ ကျွန်တော်တို ့ရဲ ့ ဦးနှောက်ကိုစိတ်ဖိစီးမှုအခြေအနေဆိုးတွေက သက်သာရာရအောင်ဘယ်လိုနည်းလမ်းနဲ ့ လုပ်သွားတယ်ဆိုတာ ကို ကျွန်တော်တို ့အသေးစိတ်မမြင်နိုင်ပေမယ် ့ဒါဟာလက်တွေ ့ပါဘဲ ဟုဒေါက်တာ ကွန်းကပြောကြားသည်။ သဘာသကျကျစဉ်းစားမည်ဆိုပါလျှင် ကမ္ဘာဦးကာလ အာဒမ်နှင် ့ ဧဝတို ့ကိုသာညွှန်းဆိုရပေမည်။အကယ်ရွေ ့သာ လင်ယောကျားများအား ၎င်းတို ့၏ကိုယ်ပိုင်ကရိယာပစ္စည်းများ၊အကျင့်စရိုက်ဆိုးများနှင် ့သာ၎င်းတို ့၏ ဇနီးသည်များက ပစ်ထားခဲ ့သည်ဆိုပါစို ့။၎င်းတို ့သည် အဖော်မဲ ့ဘဝတွင် ကျန်းမာရေးလက္ခဏာများကို အကောင်းအဆိုးဂရုမူမိမည်မဟုတ်ချေ။ဂရုမူမိသည် ဆိုဦးတော ့ငြင်းဆန်ဖို ့ကြိုးစားကြပေဦးမည်။ဇနီးသည်များ၄ငိးတို ့ဘေးတွင်ရှိပါမူ ခင်ပွန်းသည်တို ့၏ ကျန်းမာရေးလက္ခဏာများကို လွယ်လင် ့တကူဂရုမူမိကြပြီး ဆရာဝန်ဆီ အတင်းအကြပ်ဆွဲခေါ်သွားကြလိမ့်မည်။အရိုးရှင်းဆုံးဆိုရပါမူ ဇနီးသည်များသည် ခင်ပွန်းသည်များအတွက် ဘဝလက်တွဲဖော်အဖြစ်သာမက ကျန်းမာရေးစောင် ့ရှောက်မှု နှင် ့ လုံခြုံစိတ်ချရမှုများ အပြည် ့အဝအပေးနိုင်ဆုံး အနီးကပ်သက်တော်စောင် ့များဟုလည်းဆိုနိုင်ပေသည်။ ယူစီအယ်အေတကသိုလ် ဂျွန်ဆင်ကင်ဆာဗဟိုဌာန၏ သုတေသနပြုချက်များအရ ဆီးကျိတ်ကင်ဆာ သို ့မဟုတ် ဆီးအိမ်ကင်ဆာဝေဒနာသည် လင်ယောကျားများသည် ၎င်းတို ့၏ဇနီးသည်များ၏ကြင်ကြင်နာနာပြုစုစောင် ့ရှောက်မှုများကြောင် ့….ခေါ် ဘဝ၏အရည်အသွေးကောင်းများကို၎င်းတို ့အသက်ရှင်နေထိုင်စဉ်ကာလတလျှောက် ပိုမိုရှင်သန်စွာရှိနိုင်သညိ။ကာလီဖိုးနီးယားပြည်နယ် တက်ကသိုလ်၊စင်ဒီယေးဂိုးရှိ နှလုံးသွေးကြောချဲ ့ကုသမှုခံယူထားသော အသည်းအသန်လူနာဆောင်ရှိ လူနာများသည်လည်း ၎င်းတို ့၏ဇနီးသည်များဂရုတစိုက်အားပေးကြည် ့ရှုမှုကြောင် ့ ဇနီးသည်မဲ ့လူနာများထက် အနာသက်သာသောဆေးများပေးရ လျော ့နည်းစေပြီးအချိန်တိုတိုအတွင်းပြန်လည်နလန်ထလာကြောင်း တွေ ့ရှိရသည်။ပြောင်းပြန်အားဖြင် ့ဆိုလျှင်မူ အားပေးဖေးမမည် ့ဇနီးသည်မဲ ့လူနာများ၏ရောဂါဖြစ်စဉ်ခံစားမှု သည်ပိုရွေ့ ပြင်းထန်ပြီးပြန်လည်နလံထရန် အချိန်ကာလမှာ ပိုရွေ့ ကြာမြင် ့လေသည်။

အချစ်ဆိုတာသော ့ချက်ပါ……

သို ့ပါသော်လက်ထပ်ခြင်းတိုင်း သည်ကောင်းမွန်သောဆေးဝါးများမဟုတ်ကြပေ။အိ၊မ်ထောင်တခု၏အရည်အသွေးသည် ကျန်းမာရေးနှင် ့ အခိုင်အမာဆက်စပ်လျက်ရှိသည်။စိတ်ချမ်းမြေ ့ဖွယ် အိမ်ထောင်တခုကိုပိုင်ဆိုင်သော အမျိုးသားများသည် ဘဝတွင်အသက်ရှင်ရှင်နေထိုင်နိုင်သည် ့အပြင် အနာကျက်မြန်ခြင်း၊ခွဲစိတ်ကုသခံရမှုအကြိမ်နည်းခြင်း စသောအကျိုးကျေးဇူးများခံစားရပေသည်။အဘယ် ့ကြောင် ့ဆိုသော် ပျော်ရွှင်ချမ်းမြေ ့သောအိမ်ထောင်ရေးဘဝသည် ၎င်းတို ့၏ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုမျိုးစုံ ဥပမာ – ဝန်တိုမှု၊လောဘ၊သောက၊စိုးရိမ်ကြောင် ့ကျမှု၊ဒေါသ တို ့ကို ကာကွယ်တားဆီးပေးသောကြောင် ့ဖြစ်သည်။ လူ ့ခန္ဓာကိုယ်နှင် ့ ဦးနှောက်ကို စက်ကိရိယာနှစ်ခုအဖြစ် သတ်မှတ်ပြီး အာရုံကြောများ ကို ဝိုင်ယာကြိုးများဟု စိတ်ကူးရွေ ့ မြင်ကြည် ့ကြပါစို ့။လှုံ ့ဆော်မှုများကို လက်ခံ ရာ ဦးနှောက်မှ ဖြစ်ပေါ်လာသော စိတ်ခံစားမှုများသည် ဝိုင်ယာကြိုးသဖွယ်သွယ်တန်းထားသော အာရုံကြောများမှ တဆင် ့ အက်ရီနယ်ဂလင်းသို ့ အက်ရီနယ်ဟိုမုန်းခေါ် စိတ်ဖိစီးမှုဟော်မှုန်းများကိုထုတ်လွှင် ့စေပြီး တဆက်ထဲမှာပင် နှလုံးခုန်နှုံး နှင် ့ သွေဖိအားကို ပြောင်းလဲစေလေသည်။နယူးယောက်မြို ့ သမားတော်ဒေါက်တာ ဟယ်ရီလော ့ရှ၏ရေးသားချက် အရ ပြင်းထန်ဆိုးရွားသောစိတ်ခံစားမှုများသည် မလိုအပ်သော နှလုံးခုန်နှုံးများကို ဖြစ်ပွားစေပြီး ပျော်ရွှင်ချမ်းမြေ ့ဖွယ်အိမ်ထောင်သည်များ မှာတော ့အဲဒီလိုမလိုလားအပ်တဲ ့အကျိုးဆက်တွေတွေ ့ရခဲပါတယ် ဟုဆိုသည်။ တစ်ဦးနှင် ့တစ်ဦး အမြဲတစေအငြင်းပွား ရန်ဖြစ်တတ်သောစုံတွဲများ၏ကိုယ်ခနာသည် အနာကျက်ရာတွင် နှောင် ့နှေးစေသည် ဟူသောအဆိုသည်လည်း အမေရိကန်ဆေးပညာလောကတွင်  ရေပန်းစားလျက်ရှိပြန်သည်။အိုဟိုင်းအိုးပြည်နယ် တကသိုလ်မှ ဒေါက်တာဂျာနိုက်ကီကော ့ဂလေဆာနှင် ့ရော်နယ်ဂလေဆာတို ့သည် စမ်းသပ်မှုတခုပြုလုပ်ခဲ ့ကြသည်။တဦးနှင် ့တဦးအပြစ်မမြင်ဘဲ ညှိညှိနှိုင်းနှိုုင်းပေါင်း ဖက်ကြသောစုံတွဲများနှင် ့တစိမ်းတရ ံဆန်ဆန်စုံတွဲများ၏ အနာကျက် ချိန်ကို သုတေသနပြုနှိုုင်းယှဉ်ခဲ ့ရာ တကျက်ကျက်ရန်ဖြစ်လေ ့ရှိသော အချစ်မဲ ့အိမ်ထောင်သည်များ သည် အနာကျက်ရန် ၂ရက်ခန် ့ပိုရွေ ့နှောင် ့နှေးခဲ ့ကြောင်း သက်သေပြနိုင်ခဲ ့သည်။ ထို ့ပြင်နှလုံးအထူးကာဆရာဝန်များကလည်း ့တစိမ်းတရံဆန်သောအိမ်ထောင်သည်များသာမက တဦးနှင် ့တဦးအိမ်ထောင်ရေးဖောက်ပြန်သလား ဟုသို ့လောသို ့လောသံသယဝင်နေကြသောနှလုံးရောဂါဝေ…နာသည်များ၏ ဝေဒနာဖြစ်စဉ်ကာလသည် ပိုမိုကြာမြင် ့ပြီးရောဂါအခြေအနေမှာ ပိုရွေ ့လည်း ပြင်းထန်တတ်သည် ဟုဆိုပြန်သည်။ အိမ်ထောင်ရှင်ခင်ပွန်းသည်များသာမက ဇနီးသည်များသည်လည်း ၎င်းတို ့ ၏ ခင်ပွန်းသည်များက ယုယကြင်နာစွာပွေ ့ဖက်ထားချိန်တွင် အောက်ဆီတိုဆင် ………. ဟိုမှုန်းထွက်လာပြီး သွေးဖိအားကိုလျော ့နဲစေကာ နှလုံးကိုကောင်းမွန်စွာအကာအကွယ်ပေးသည်။အမျိုးသားများတွင်မူ လိင်စိတ်အထွတ်အထိတ်မရောက်မီအချိန်ကာလတိုလေးအတွင်း ယင်းအောက်ဆီတိုဆင်ဟိုမုန်း သည် သာမန်အချိန်ထက် ၅ဆ ပိုရွေ့ထွက်လာသည် ဟုဆိုသည်။ ဘယ်လ်ဖက်စ် ….ရှိကွင်းတက္ကသိုလ်၏ ယခင်ဆယ်စုနှစ်ကာလအတွင်း လူလတ်ပိုင်းအရွယ်အမျိုးသား၁၀၀ဝ၏ သေဆုံးနှုံးကိုလေ့လာတွက်ချက်မှုအရ တပတ်လျှင်   မိမိဇနီးသည်နှင် ့   လိင်ဆက်ဆံမှု ၂ကြိမ် ၃ကြိမ် ပြုသောအမျိုးသားများတွင်  နှလုံးရောဂါနှင် ့လေဖြတ်နှုံး ၅ဝ % ခန် ့လျော ့ကျသည်ဟုဆိုသည်။ထို ့ပြင် လိင်မှုဆိုင်ရာတက်ကြွသော ်အမျိုးသားများထက် သေဆုံးမှုတဝက်လျေုာ ့နည်းသည်ဟုလည်း ဆိုသည်။ပျော်ရွှင်ချမ်းမြေ ့ဖွယ်အိမ်ထောင်ရေး သက်တမ်းကြာမြင် ့သောအမျိုးသားများ သည် ၎င်းတို ့နှင့် ခေတ်ပြိုင့်သက်တူရွယ်တူ အိမ်ထောင်မဲ ့ အိမ်ထောင်ကွဲ အမျိုးသားများထက် ပိုရွေ့ သက်တမ်းရှည်ရှည်အသက်ရှင်နေထိုင်နိုင်ပေသည်။

လူပျိုကြီး ….တစ်ကိုယ်တည်း…အထီးကျန်….နည်းလမ်းမမှန်…

ကိုလမ်ဘီယာတက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာ လော ့ရှ်ကမူ အမှန်တကယ်အိမ်ထောင်ရေးသုခအပြည် ့အဝခံစား နေရတဲ ့ဇနီးမောင်နှံတွေကို အကဲခတ်ရသိပ်လွယ်ပါတယ်။သူတို ့ဟာ ချစ်ခင်ကြတယ်၊ပျော်ရွှင်ကြတယ် ၊ကျန်းမာကြတယ်။နောက်ပြီး တခြားသူတွေထက်ပိုပြီး စိတ်ဖိစီးမှုနည်းကြတယ် ဟုပြောသည်။တဦးနှင် ့တဦး အမှန်တကယ်ချစ်ခင်မြတ်နိုးကြပြီး သစ္စာမြဲမြံစွာပေါင်းသင်းကြသောဇနီးမောင်နှံများသည် ဘဝကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းရန် အခွင့်အလမ်းများပိုမိုများပြားလှသော်လည်း ၎င်းတို ့နှင့်ဆန် ့ကျင်ဘက် ဘဝလက်တွဲဖော်မဲ ့ ပုဂ္ဂိုလ် များ မှာမူ အသက်အရွယ်မကြီးမီ နှလုံးရောဂါ၊အဆုတ်ရောဂါ၊အဆုတ်ကင်ဆာ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ နှင် ့ လေဖြတ်ခြင်း များရရှိရန် အခွင် ့အလမ်းများလှပြီး ၎င်းတို ့အဖို ့ လမ်းလျှောက် ခြင်း၊လှေခါးတက်ခြင်းစသော အလွယ်တကူကိုယ်လက်လှုပ်ရှားမှုများပြုရန် ပင်ခဲယဉ်းနေသည်ဟု ချီကာကိုတက္ကသိုလ် နှင် ့ ဂျူတက္ကသိုလ်၏ သုတေသနပြုချက်များကဖော်ပြထားလေသည်။ မှတ်ချက်။  ။ မန္တလေးဂေဇက်တွင် ၂၀၀၆ ခုနှစ်ကဖေါ်ပြပြီးဖြစ်သည်။ နိုင်ငံခြားကျမ်းမာရေးဆောင်းပါးများကို ကိုးကားပြီး ဆရာဝန်တဦးမှ ရေးသားပါသည်။

3 comments

  • michaelaungpu

    October 7, 2010 at 11:22 am

    (ဇနီးသည်များက၎င်းတို ့၏လက်များအားကြင်ကြင်နာနာ နွေးထွေးစွာဆုတ်ကိုင်ထားကြသည်)
    မိန်းမကိုဈန်ဝင်နေတဲ့အတွက် ဝေဒနာကို မသိတာပါ ။ ဖဲရှုံးရင်မုန်ယိုပြီးမညောင်းသလိုပါ။
    သတိနှင့်တွဲသောစိတ်က ဝေးနာဘက်ပြောင်းလိုက်ပြီး စိတ်စေစားသောအခါ အာရုံကြောကို လှုပ်ဆော်၍ မီတာတက်ခြင်းပါ( ဘာခေါ်လဲ တုန်တုန် တုန်တုန်နဲ ့နိမ့်လိုက်မြင့်လိုက် ဖြစ်တဲ့ဟာလေ)
    နောင်များကြုံခဲ့လျှင် ဝေဒနာခွာနည်း တရားတော်ကို ချီးမြင့်ပေးပါမည်
    ယ္ခုမူကား နေညိုချိန် ဖြစ်၍ တိမ်တောက်နေပါသဖြင့်

  • bigcat

    October 8, 2010 at 2:11 am

    လက်ထပ်မင်္ဂလာဟာ ဆေးကောင်းတလက်လို့ ဆိုတာမို့ ဒီလိုဆေးစွမ်းကောင်းတွေကို တမျိုးထက်ပိုပြီး ဆောင်ထားကြပါစို့။ ပထမဦးဆုံးရထားတဲဆေးကို ဘီရိုထဲမှာထား။ နောက်ရတဲ့ဆေးတွေကို ကိုယ်အလွယ်တကူ အသုံးပြုနိုင်မဲ့နေရာတွေမှာထား၊ နောက်ဆုံးပေါ်ဆေးကိုတော့ ကိုယ်နဲ့မကွာဆောင်ထား။ အရေးကြီးတာက ဆေးအချင်းချင်း ဓာတ်ပြုပြီး ဆေးအဆိပ်မဖြစ်ရလေအောင် တဆေးနဲ့တဆေး ခပ်ဝေးဝေးလေး သိမ်းထားဖို့ပါပဲ။ မသုံးတဲ့ဆေးတွေလည်း မပျက်ဆီးရလေအောင် ယုယုယယလေး သိမ်းထားတတ်မယ်ဆိုရင် ဆေးဆိုင်ပိုင်ရှင်ကြီးများကတောင် အားကျရမဲ့ ဆေးစွမ်းကောင်းပိုင်ရှင်တယောက် ဖြစ်မယ်လို့ထင်မိပါတယ်။ ကိုkaiတို့ LAဘက်မှာလည်း ဆေးစွမ်းကောင်းလေးများ ရှိရင်ဆေးပုံနဲတကွ သတင်းအချက်အလက်လေးများ ပေးပါအုံး။ သတင်းစာမှာတော့ ဆေးပြိုင်ပွဲတွေ ခဏခဏတွေ့ပါတယ်။ ဒါပေမဲ့ လေးလတကြိမ်ထုတ်တာဆိုတော့ ပြီးတော့ရတာလည်း နောက်ကျတော့ ဆေးတွေက သတင်းစာမှာ ကြော်ငြာပါပြီးတာနဲ့ ဈေးကွက်ထဲက ပျောက်သွားကြ လွန်းလို့ပါ။

  • Gong Zhu

    October 10, 2010 at 7:49 pm

    လူပျိုကြီး ….တစ်ကိုယ်တည်း…အထီးကျန်….နည်းလမ်းမမှန်… မိုက်တယ်နော် ခေါင်းစဉ်လေးက

Leave a Reply