ကျန်းမာရေးနှင့် ပတ်သက်တဲ့ရှုထောင့်ကလေးပါ ဝင်ရောက်ဖတ်ကြည့်ပေးကြပါဦး

meengelayOctober 7, 20101min431
news

ကြောက်ဖို ့မလိုတော့တဲ့ သည်းခြေကျောက်

ကြောက်ပါတယ် ကျောက်ရယ် ….
ကလင် .. ကလင် .. ကလင် ….
“ အစ်မရေ .. သမီး ဗိုက်အောင့် နေပြန်ပြီ၊ ဗိုက်လည်းကယ်တယ် ၊ တညလုံး မအိပ်နိူင်ဘူး ။ လုပ်ပါအုံး ။ ”
ဖုန်းသံကြောင့် စောစောစီးစီး လန် ့နိုး လာရာမှ နာကျင်မောဟိုက်စွာ ဆက် ပြော သံများကြောင့် စိတ်ပူသွားမိသည် ။ ဒီကလေးမ တော့ မနေ ့ညက ဘာတွေ ဘယ်လောက်တောင် များ အစားသောင်းကျန်းခဲ့ပြန်ပြီလည်းဟူသော အတွေးက ချက်ချင်း ခေါင်းထဲ ရောက်လာဖြစ်သည် ။

“ ဟဲ့ ။ ဘာဖြစ်ပြန်ပြီလည်း ။ ဗိုက် ရဲ့ ဘယ်နေရာ မှာ အောင့်တာ လည်း ၊”လို့ပြန်မေးကြည့် လိုက်သည် ၊ ဝမ်းဗိုက် အပေါ်ပိုင်းညာဘက် အခြမ်း ဆိုတော့ အသည်း များ ပြန်ယောင်တာလား လို့ ့ထင်လိုက်မိသည် ။ အန်သလား ။ ဝမ်းလျှော သလား ၊ချမ်းတုန် ဖျားသလား ။ ဆီးရောင် ဝါသလား ၊ နီသလား ။ ဆီးပူ ဆီးကျင် သလား ။ အစရှိသဖြင့် လားပေါင်းများစွာသော မေးခွန်းတွေ ဆက်တိုက်မေးဖြစ်သည် ။ သူက ငယ်ငယ်တည်းက ချူချာပေမဲ့ ခပ်ပေပေတေတေ နေတတ်သူမို ့၊ ပြောစကား နားမထောင်တတ်သူမို ့ တခါတရံ သနားစိတ်၊ တခါတရံ ဂရုဏာဒေါသော စိတ်ဖြင့် ခင်တွယ် ဆက်ဆံနေခဲ့မိသူ ညီမငယ်လေး တစ်ယောက်ပါပေ ။ သည် နှစ် ဆန်းပိုင်းတည်းက မကြာခန ဗိုက်အောင့်နေတတ်သည် ။ ရင်ခေါင်းတောင့်သည် ။ ပျို ့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက် ပျက်ခြင်းတော့ မရှိ ၊ သင်္ကြန်မတိုင်မီက အစာအိမ်ယောင် ၊အသည်းယောင် အသားဝါ သည် ဆိုပြီး ဆေးရုံတက်ခဲ့ရသေးသည် ။ ဒါပေမဲ့ ဆရာဝန် ပြောစကား နားမထောင် ပဲ ဆေးရုံ ဆင်းလာပြီး နောက်ပိုင်းတွင်လည်း အစားမရှောင် ၊ အချဉ် အစပ်၊ အဆီ အကြော် ၊ အကင် များ ကြိုက်သလို စားသည် ။ ခုတလော သူမ ပိုပြီး ချူချာ နေသည် ။ အသည်း ဘက် နေရာ မှာ မကြာခဏ အောင့်တတ်သည် ။ နောက်ပိုင်းတွင် ရက်ဆက် နာလာသည် ။ လူက ခပ်ပိန်ပိန်ဆိုတော့ သည်းခြေကျောက်တည်တာ ။ ယောင်တာ တော့ သိပ်မဖြစ်လောက်ပါဘူး ဟု ထင်နေမိသည် ။ ဒီတော့ နာလာရင် အစာအိမ်ဆေး ( Antacid ) နဲ့ အနာ ပျောက်ဆေး ( Antispasmotic ,Anticholinergic ) တို ့ကို သောက်စေပြီး အလွန် နာလာလျှင်တော့ ထိုးဆေး ပြောင်းပေးရသည် ။

ဒီလို နဲ့ ပြီးခဲ့တဲ့ တပါတ်ကျော် တရက်မှာ နာကျင်လွန်းလို ့ ဆေးရုံထပ်သွားရသည် ။ ဆေးရုံ တက်ရမှာ ကြောက်သော သူ ့ကို ဘယ်လိုမှ ပြောမရသည့် အဆုံး ထိုးဆေး ၊သောက်ဆေးများ ဖြင့် အိမ်ပြန်လာခဲ့သည်။ နောက်ရက်များမှာ မှ ဓါတ်မှန်ရိုက်၊ ultrasound ရိုက် ခြင်းဖြင့် သည်းခြေကျောက် ကို ရှာတွေ ့ခဲ့လေသည် ။ ပထမ အကြိမ် ပြည်သူ ့ဆေးရုံကြီးတွင် ultrasound ရိုက်စဉ်က အသည်း အနည်းငယ် ကြီးနေရုံမှ လွဲ၍ ဘာကျောက် မှ မတွေ ့ပဲ ၊ ဓါတ်မှန် ချပ်ထဲတွင် မှ ကျောက်တုံး ပုံရိပ်များ တွေ ့ရသဖြင့်၊ တစ်ပါတ် မျှအကြာမှာ ပုဂ္ဂလိက ဆေးရုံကြီးတရုံတွင် နောက်တကြိမ် ultrasound ထပ်ရိုက်ကြည့် ရသည် ၊ ထိုအခါကျမှ multiple gallstones ဟု အဖြေရလေသည် ။ ဒီတော့လည်း နာ၊ န၊ီ ဝါ ဆိုသည့် လက်သုံးစကား အရ ခွဲ စိတ် ကုသ ဖို ့ အကြံ ပေးလေသည် ။ ( နာ၊ နီ၊ ဝါ ဆို သည် မှာ သည်းခြေကျောက်တည်နေသူများတွင် Pain ,Infection & Inflammation , Jaundice စသည့် အချက်များ ရှိပါက ခွဲစိတ်ကုသ ဖို့ လိုအပ်သည့် အခြေအနေပင်ဖြစ်လေသည် ။ ဤသည်မှာ ခွဲစိတ်ပါမောက္ခ ဆရာကြီး ဦးမောင်မောင်လေး သင်ကြားပေးခဲ့သော အတိုကောက် အသုံးအနှုန်း များဖြစ်ပါသည် ) ။

ထိုအခါတွင်မတော့ ခွဲစိတ်ဖို ့ မပြောနဲ့ ဆေးရုံ တက်ရမှာ ကိုပင် ကြောက်လှသော ချစ် ညီမငယ်လေး တယောက် မျက်နှာငယ်စွာဖြင့် သနားစဖွယ်အသွင် ရှိနေလေတော့သည် ။ ထို အချိန်မှာ ပဲ ကြေးမုံသတင်းစာ တွင် ကြော်ငြာစာလေး တခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ ့မိသည် ။ သည်းခြေကျောက်ကို မခွဲ မစိတ်ရပဲ သက်သာပျောက်ကင်းသွားသူ ဦးသန်းဝင်း ၏ ကုသိုလ်ဖြစ် ကြော်ငြာချက်လေး ဖြစ်ပါသည် ။ ( များမကြာမီ အချိန် ကလည်း မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ထဲ့သွင်းရေးသား ခဲ့ဖူးသည် ဆိုတာ နောက်မှ သိရသည် ။အောက်တွင် ဦးသန်းဝင်းကိုယ်တိုင် ဘာသာပြန်ရေးသား ချက်များကို ဖေါ်ပြထားပါသည် ။ မူလ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသူ Dr . Lai Chiu-Nan ၏ မှတ်တမ်းများ ကို ဤ နေရာများ.၁– ၂..တွင် ဖတ်ရှုနိုင်ပါသည် )

ကျောက်တည်ခြင်းမှ သဘာဝနည်းဖြင့် ပျောက်ကင်းစေခြင်းအကြောင်းကို မပြောမီ ၊ သည်းခြေကျောက် အကြောင်း ပြောချင်ပါသည် ။

ကျောက် ဆိုတာ ဘာလည်း ၊ ဘာကျောက်မို ့ ကြောက်တာလည်း ။
ကျောက် တော့ ကျောက်ပဲ ။ ဒါပေမဲ့ ဇော်ဝမ်းရဲ့ လမ်းခင်းတဲ့ ကျောက်ခဲ မဟုတ် ။ “ ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်” ဆိုတဲ့ ကနွဲ ့ကရ မင်းသမီးလေး ရဲ ့ ကြော်ငြာ ထဲကလို တန်ဘိုးကြီး လှပသော၊လူတွေသည်းခြေခိုက်အောင် ကြိုက်ကြသော အဖိုးတန် ကျောက်များလည်း မဟုတ် ။ လင်ဆာဘကျောက် လို ဘူမိကျောက်များလည်း မဟုတ် ။ ဒီကျောက်တွေက သည်းခြေခိုက်အောင် နာကျင်စေတတ်သော သည်းခြေကျောက် ( Gallstones /Choleliths) များသာ ဖြစ်ပေသည် ။ ဆိုဒ် စုံ ၊ ဂိုက်စုံ ၊ ပုံစံစုံလှသော ဒီကျောက်များ ၊ တစ်ချို ့မှာ တစ်လုံးတည်း ၊ တစ်ချို ့မှာ အလုံးပေါင်းများစွာ အနေအထားဖြင့် သည်းခြေအိတ်ထဲတွင် တည်ရှိနေတတ်သည် ။ အရွယ် အမျိုးမျိုး ၊အမှုန် အစေ့ငယ်များအရွယ်မှ တစ်ချို ့မှာ ဂေါက်သီးလုံး မျှ ပင်ကြီးမားသည်ဟု ဆိုကြသည် ။ကင်ဆာရောဂါနှင့် ကျောက်တည်မှုများ ဆက်စပ်နေခြင်းကို ကင်ဆာ သုတေသီများ တွေ ့ရှိထားသဖြင့် ကျောက်တည်မှု သည်လည်း ကြောက်ချင်စရာကြီးလို ဖြစ်နေပါသည် ။

ဒီကျောက်တွေမှာ ကိုလက်စထရောကျောက်( Cholesterol Stone ) ၊ အရောင်ကျောက်( Pigment Stone) ဟူ၍ အဓိက ၂ မျိုး၂စားရှိပြီး အရော အနှော ကျောက် ( Mixed Stone ) တွေလည်း ရှိနေတတ်သည် ။ သည်းခြေရည်တွင် သည်းခြေဆား ( bile salt) ၊ ကိုလက်စထရော ( cholesterol)နှင့် လက်စီသင်( lecithin) ဓါတ်များ ပါဝင်သည် ။ ထို သည်းခြေရည်များ ပြစ်ခဲမှု များလာပါက ကျောက်တည်ခြင်း ဖြစ်စေတတ်သည် ။
Cholesterol Stone မှာ သည်းခြေကျောက်များတွင် အများဆုံး တွေ ့ရသော အမျိုးအစားပင်ဖြစ်ပြီး ၇ဝ မှ ၈ဝ % ထိ ရှိတတ်သည် ။ အများအားဖြင့် အစိမ်းရင့်ရောင် ရှိပြီး ဖြူဝါရောင်များလည်း ဖြစ်နေတတ်သည် ။သည်းခြေရည်တွင် ကိုလက်စထရောဓါတ်များရာမှ ထိုကျောက်များဖြစ်ပေါ်လာရခြင်းပါပေ ။ ( သွေးရည်ကြည်ထဲတွင် ကိုလက်စထရော များသူတိုင်း သည်းခြေကျောက်တည်တတ်သည် လို့တော့ မဆိုလိုပါ ) ။
Pigment Stone ကတော့ ၂ဝ % မျှ ရှိပြီး အရောင်မှာ မဲနက်သည် ။ သူ ့ထဲတွင် bilirubin ဟုခေါ်သော သွေးနီဥကွဲပျက်ခြင်းမှ ထွက်ပေါ်လာသော ဘီလီရူဘင် အဝါဓါတ်များ ၊ ကယ်လ်စီယံဆားဓါတ်များ ပါဝင်သည် ။
ထို့အပြင် အတုအယောင်ကျောက် ( Pseudolith or fake stone ) ဆိုတာလည်း ရှိသေးသည် ဆိုပဲ ။ လူတွေမှာသာ အတုအယောင် လုပ်တတ်ခြင်း မဟုတ် ။ ကျောက်တွေလည်း တုတတ်သေးသည် ။ ဒါတွေကတော့ ကျောက်တုံး ကျောက်ခဲ အသွင် မရောက်သေး မဖြစ်သေး ၊ sludge အမှုန်ခပ်ပြစ်ပြစ် အဆင့်သာ ရှိသေးသည်ပေါ့ ။

ဒီကျောက်တွေ ဘယ်လိုဖြစ် ။ ဘယ်သူတွေမှာ ပိုဖြစ် ။
တချို ့က အမျိုးလိုက်သည် ။ တချို ့က ခန္ဓာကိုယ်ဓါတုဓါတ်များအပေါ်တည်သည် ။ ကိုယ် အလေးချိန်ပေါ် တည်သည် ။ အစားအသောက်(ကာဘိုဟိုက်ဒရိတ် ကစီဓါတ်များသော အစားအစာ)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ အလေ့အထအပေါ် တည်သည် ။ ဟော်မုန်းဓါတ် များပြားမှုသုံးစွဲရမှုပေါ် တည်သည် ။ ကိုယ်ဝန်ဆောင်မှု ပေါ်တွင်တည်သည် ။ ကျောက်အဖြစ်များရခြင်း အကြောင်း ကို 4 F – Fat , Female , Fertile , Forty ဟူ၍ အမှတ်ရ လွယ်အောင် ဆိုကြသည် ။ ( သို့ပေမဲ့လည်း ၄ဝ ဝန်းကျင် ကိုယ်ဝန်သည် မိန်းမ ဝဝ ကြီး ကို တွေ ့တိုင်း သူ ့တွင် သည်းခြေကျောက်ရှိလား ဟူ၍ သွားမမေးမိပါစေနှင့် ၊အဆင်မသင့်လျှင် သင် အရိုက်ခံရနိုင်ပါသည် … း))) နဂိုရောဂါအခံ ၊ ဆီးချို ၊ အချို ့ သွေးအားနည်းရောဂါ .. ဥပမာ Sickle cell anemia ၊အသည်းခြောက်ရောဂါ စသဖြင့် ရှိသူများတွင်လည်း သည်းခြေကျောက်တည်မှု ပိုများတတ်သည် ။

ဘယ်လို ခံစားရမလည်း ။
သည်းခြေတွင် ကျောက်တည်သူတိုင်း နာကျင်တတ်သည်တော့ မဟုတ်ပါ ။ တချို့တွင် သည်းခြေကျောက်များ ကာလရှည်စွာ ရှိနေသော်လည်း ဘာမှ ဒုက္ခမပေး၊ မနာမကျင်ဖြင့် တသက်လုံး နေသွားကြရသူများလည်း ရှိပါသည် ။ ကံကောင်းလေစွ ။ ထိုသူများ အတွက် မည်သည့် ကုသမှုမျှ မလိုအပ်ပါ ။
ထိုကျောက် တစ်လုံး သို့မဟုတ် ကျောက်များကြောင့် သည်းခြေအိတ်နှင့် သည်းခြေပြွန်တို ့ ယောင်ရမ်း ပိတ်ဆို ့ပါက အသည်းနေရာဝန်းကျင် ( ယာဘက်ဝမ်းဗိုက် အပေါ်ပိုင်း ) တွင် ပြင်းထန်စွာ နာကျင်တတ်သည် ။ ဇောချွေးများပြန်သည်ထိ မခံမရပ်နိုင်အောင် နာကျင်နိုင်သည် ။ အသည်းနှင့် သည်းခြေမှာ နီးကပ်စွာရှိနေသဖြင့် အသည်းယောင်ခြင်းနှင့် သည်းခြေယောင်ခြင်းတို ့ကြောင့် နာကျင်သော နေရာမှာ အတူတူပင်ဖြစ်ပြီး ထင်ယောင် ထင်မှား ဖြစ်စေနိုင်သည် ။ တချို့မှာ နာကျင်ခြင်း အပြင် အန်ခြင်း ။ ရင်ခေါင်း တောင့်ခြင်း ၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ၊ ချမ်းတုန်ခြင်း ၊ အဖျားတက်ခြင်း ၊ အသားဝါခြင်း ၊ ဆီးဝါခြင်း ၊ တို့ ရှိသည် ။ သည်းခြေပြွန်မကြီးတွင် ကျောက်ပိတ်ဆို ့နေပါက ရွှံ ့နှစ်ရောင် ဝမ်း ( clay color stool ) သွားတတ်ပြီး အသားအရေ ယားယံတတ်သည် ။

ဘယ်လို ကုသမလည်း ။
ကျောက်ကြောင့် နာပါက ၊ ( မကြာခဏ နာကျင်နေပါက ) အနောက်တိုင်း ဆေးပညာ အရ ခွဲစိပ်ကုသခြင်းကို စဉ်းစားကြလေသည် ။ နာကျင်နေသော အချိန်တို အတွင်း နာကျင်မှု ပျောက်ကင်းစေရန် ဆေးဝါးများ ( သောက်ဆေး ၊ထိုးဆေး များ) ဖြင့်တော့ ဦးစွာ ကုသကြပါသည် ။ အန်နေလျှင် အအန်သက်သာဆေး၊ အဖျားတက် လျှင် အဖျားကျဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး များ ပေးခြင်း ဖြင့် ရှိသော လက္ခဏာ များကို သက်သာစေရန် ဆေးများပေးကြသည် ။ တချို ့ကလည်း ကျောက်ပျော်ဆေးများ( Ursodeoxycholic acid , Chenodeoxycholic acid စသည်တို ့) သောက်ရန်ညွှန်းကြသည် ။ ကျောက်ပျော်ဆေးမှာ လပေါင်းများစွာ၊ တချို ့မှာ နှစ်ချီ၍ သောက်ရမည် ဖြစ်သဖြင့် အသုံးနည်းကြသည် ။အဆိုပါ ဆေးကို မသောက်ပဲ ဖြတ်ထားလိုက်ပါက တချို ့လူနာများမှာ ကျောက်ပြန်တည်တတ်သည် ။သို ့ဖြစ်၍ ခွဲစိပ် ကုသခြင်းကို ဦးစားပေး စဉ်းစားကြသည် ။

ခွဲစိတ်ကုသရာတွင် ယခင်က သမားရိုးကျ ခွဲနည်းဖြင့် ယာဘက်ဝမ်းဗိုက်တွင် ၁ဝ စင်တီမီတာကျော်သော ဒါးရာရှည်ကြီးဖြင့် ဗိုက်ဖွင့်ကာ ကျောက်ရှိနေသော ၊ ယောင်နေသော သည်းခြေအိတ်ကို ဖြတ်ထုတ်ရသည် ။ တိုးတက်နေသော ဆေးပညာ ကြောင့် ယခုခေတ်တွင်တော့ ၁ စင်တီမီတာမျှသာ ရှိသော အပေါက်ငယ်လေး ၃ ပေါက်ဖြင့် တယ်လီဗီးရှင်းကြည့်သကဲ့သို ့ ပြွန် ကရိယာ မှ တဆင့် သည်းခြေအိတ် နှင့် ကျောက်ကို ဖြတ်ထုတ် ဖယ်ရှား နိုင်ပြီ ဖြစ်သည် ။ Laparoscopic cholecystectomy ဟုခေါ်သည် ။ ကျွမ်းကျင်သော ဆရာဝန်က ခွဲစိတ်ပေးပါက မိနစ် ၂ဝ မျှ အချိန်အတွင်း အောင်မြင်ပြီးစီးနိူင်သည်မို ့ ကြောက်မက်ဘွယ်ရာ ခွဲစိတ်မှုမျိုးတော့ မဟုတ်တော့ပါ ။

ခွဲစိတ်ဖို ့ ကြောက်ရွံ ့ နေသော လူနာ များအဖို ့ ဘယ်ပုံဘယ်နည်းဖြင့် ကြောက်ရွံ ့ခြင်းမှ ကင်းဝေးစေနိုင်မည်လည်း ဟု သိလိုပါသလား ။ ဆန္ဒတွေ မစောပါနှင့် ၊ ပြောပြပါမည် ။ ဖေါက်သည်ချပါမည် ။ ယုံကြည်စွာ ကျင့်သုံးပါက အကျိုးထူးမည်ဖြစ်ကြောင်း ဦးစွာ ပြောလိုပါသည် ။ ကိုယ်တွေ ့ကြားရ မြင်ရ သည်များကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါသည် ။

ကျွန်ုပ် နှင့် ညီမငယ်တို ့၂၀၁ဝ ဩဂုတ်လ ၃၁ ရက်နေ ့နံနက်ပိုင်းက အမှတ် ၃၈၃ ၊ပထမထပ်၊ ကျိုက်ကဆံလမ်း ၊ (တာမွေ အခွန်လွတ်ဈေး အနီး )တွင် နေထိုင်သော ၊ မခွဲစိတ်ပဲ သည်းခြေကျောက် ပျောက်ကင်းသွားသော အငြိမ်းစား အင်ဂျင်နီယာချုပ် ဦးသန်းဝင်း ထံ သွားရောက်တွေ ့ဆုံ အကူအညီ တောင်းပြီး ၊ သိရှိရသော အောက်ပါ အချက်အလက်များ အား လက်ဆင့်ကမ်း လိုက်ပါသည် ။ ဦင်္းသန်းဝင်း ပေးဝေ လိုက်သော လက်ကမ်းစာရွက် မှာ ပုံတွင် ပြထားသည့်အတိုင်း ရှိပြီး သဲကွဲစေရန် ထပ်ဆင့် ပြန်လည် ရေးသားပြလိုက်ပါသည် ။

သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည် ။ ဦးသန်းဝင်း ဖုန်း ဝ၉၅၀၇၀၁၅ရ ။

လက်ဆင့်ကမ်းမျှဝေပေးပါ
ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ ့တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။
(Dr . Lai Chiu-Nan နည်းပေးသည် )
ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို ့ လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
သည်းခြေကျောက်သည် လူတိုင်း၏စိုးရိမ်သည့်အချက်တော့မဟုတ်ပါ ။သို ့ရာတွင် လူတိုင်းတွင်ရှိသည့်အရာဖြစ်သဖြင့် ကျွန်ုပ်တို ့အားလုံးသည် စိုးရိမ်သင့်ပေသည် ။ ထို ့အပြင် သည်းခြေကျောက်သည် ကင်ဆာရောဂါဖြစ်စေနိုင်သည် ။ Chiu-Nan က “ ကင်ဆာရောဂါဆိုသည်မှာ မည်သည့်အခါမျှ ရှေးဦးဆုံး ဖြစ်သောရောဂါ မဟုတ်ပါ ။” ဟုထောက်ပြခဲ့ပါသည် ။ “ အများအားဖြင့် ကင်ဆာဖြစ်စေသော အခြားပြသနာအများအပြားရှိပါသည် ။ တရုတ်ပြည်တွင် ကျွန်မ၏ သုတေသနပြုချက်အရ ကင်ဆာရောဂါ ဝေဒနာသည်များသည် အများအား ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွေ ့ရှိရပါသည်။ ကျွန်ုပ်တို ့အားလုံးတွင် သည်းခြေကျောက်များရှိပါသည် ။ အကြီး အသေးနှင့် အနည်းအများသာ ကွာခြားပါသည် ။
သည်းခြေကျောက်တည်သောရောဂါ၏ လက္ခဏာ တစ်ခုမှာ အစာကို များများစားပြီးနောက် ဝမ်းပိုက် ပြည့်အင့် ဖေါင်းကားလာသကဲ့သို ့ခံစားရခြင်းဖြစ်ပါသည် ။ အစာမကြေသကဲ့သို ့လည်း ခံစားရပါသည် ။ အကယ်၍ ရောဂါအခြေအနေဆိုးပါက အသည်းတဝှိုက်တွင် နာကျင်မှုကို ခံစားရပါမည် ” ဟုလည်း ပြောပြပါသည် ။
အကယ်၍ သင့်တွင် သည်တွင် သည်းခြေကျောက်တည်နေသည်ဟုထင်လျှင် သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းကို Dr . Lai Chiu-Nan က အောက်ပါအတိုင်း နည်းပေးထားပါသည် ။
အသည်းနှင့် သည်းခြေကျောက်တို ့သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည် ဖြစ်ရာ အောက်ပါကုသနည်း ( သို ့မဟုတ် ) ဆေးနည်းသည် အသည်းအားနည်းသူများ အတွက်လည်း သင့်လျှော်ပါသည် ။

စနစ်တကျ စားသောက်နေထိုင်ခြင်းဖြင့် ကုသနည်း ( သို ့မဟုတ် ) ဆေးနည်း ။
၁ ။ ပထမ (၅) ရက်တွင် နေ ့စဉ် ပန်းသီးဖျော်ရည် (Apple Juice ) ၄ ခွက် သောက်ပါ ။ ( သို ့မဟုတ် ) ပန်းသီး လေး၊ ငါး လုံး စားပါ ။ ( ပန်းသီး ဖျော်ရည် သို ့မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက်နိုင်သည်) ။ ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ထို ၅ ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ ။

၂ ။ ၆ ရက် မြောက်သောနေ ့တွင် ညစာ မစားဘဲ နေပါ ။

၃ ။ ထိုနေ ့ည ၆ နာရီတွင် ဆားခါး ( Epsom salt ) (MgSO4 ) တစ်ဇွန်းကို ရေ နွေးနွေး တစ်ဖန်ခွက်နှင့် သောက်ပါ ။

၄။ ည ၈ နာရီတွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
ဆားခါးသည် သည်းခြေအိတ် ပြွန်များကို ပွင့်စေပါသည် ။

၅။ ည ၁ဝ နုာရီတွင် သံလွင်ဆီ ( သို ့မဟုတ် ) နှမ်းဆီ ပန်းကန်လုံး တစ်ဝက် ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံး တစ်ဝက် နှင့် သောက်ပါ ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရော မွှေပြီးမှ သောက်ပါ ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ ့စွာ ထွက်စေနိူင်ပါသည် ။

( မှတ်ချက် ။ ။ ပန်းကန် တစ်လုံးစာ = ၂၅ဝ မီလီ လီတာ ။
သံပုရာရည် ပန်းကန်လုံး တစ်ဝက် = သံပုရာသီး ၁ဝ လုံး ခန် ့ )

နောက် တစ်နေ ့ ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင် ကျောက်တုံးများကို တွေ ့ရပါမည် ။ Dr . Lai Chiu-Nan က “ များသောအားဖြင့် ကျောက်တွေက မစင်ရဲ ့ အပေါ်ပိုင်းမှာ ရှိတတ်ပါတယ် ။ရေတွက်ကြည့်ချင်ရင်လည်းရပါတယ် ။ ကျောက်တုံး ၄ဝ – ၅ဝ ကနေ ၁၀ဝ လောက် အထိ ကျတဲ့လူတွေလည်း တွေ ့ဖူးပါတယ် ။ တကယ်များတာပါ ” ဟု မှတ်ချက်ချပါသည် ။

ဤ ဆေးနည်းကိုအခြားသူများသို ့ လက်ဆင့်ကမ်း၍ အခမဲ ့ မျှဝေပေးခြင်းဖြင့် ကူညီပါ ။

(ဤဆေးနည်းကို ဦးသန်းဝင်း က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို ့ ပြန်ဆိုထားပါသည် ။)
………………………………………………………………………………………………………………………………………………………………………………………….
ဦးသန်းဝင်း ဆိုသူမှာ အငြိမ်းစား အင်ဂျင်နီယာကြီး တစ်ဦးဖြစ်သည် ။ သူ၏ ဇနီးမှာလည်း အင်ဂျင်နီယာ ဖြစ်ပြီး နှစ်ဦးစလုံး ဖေါ်ရွေကြသည်။ဘုရား တရားကြည်ညိုကြသည် ။ သူကိုယ်တိုင် သည်းခြေကျောက်တည်ခြင်း ဝေဒနာကို နာကျင်စွာ ခံစားခဲ့ရပြီး ဆရာဝန်များဖြင့် ပြသရာ ခွဲစိတ်ကုသဖို ့ ပြောသဖြင့် ၂၀၁ဝ ဇွန်လ ဆန်းတွင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ရာ မှ သူ၏ မိတ်ဆွေ တစ်ဦးက အင်တာနက်တွင် ရှာဖွေ တွေ ့ရှိသော အထက်ပါ ဆေးနည်းအား ကူးယူ ပြသ သဖြင့် ၊ ထိုနည်းအတိုင်း စားသုံးခဲ့ရာ၊ မခွဲ မစိတ် မနာမကျင်ပဲ ၊ တပါတ်ခန့် သာ ကြာမြင့်သော အချိန်ဖြင့်


SunBirdTOURS
No.104/106, 52nd Street,
Pazundaung T/S,Yangon.
Myanmar
Tel: 95 1 293464
Fax / Tel: 95 1 294050
rsv.sunbirdtours@gmail.com
reservation@sunbirdtours.com.mm

One comment

  • ဆူး

    October 7, 2010 at 12:17 pm

    အစစ်အမှန် တကယ်ပျောက်ရင်တော့ တကယ်အဖိုးတန်တဲ့ ပိုစ့်လေးပါ။ ဆူး အသိတွေထဲမှာ သည်းခြေကျောက်ရှိလို့ ခွဲစိတ်ထားတဲ့ သူတွေ ရှိတယ်။ တချို့က အရင်တုန်းက ခွဲတာ ဖြစ်တဲ့ အတွက် ခွဲစိတ်ရာမှာ သည်းခြေအိတ် အသည်းအောက်ကြားထဲမှာ ညှပ်နေတဲ့ အတွက် ဗိုက်တပတ်လည် ခွဲပြီး အသည်းမပြီး သည်းခြေအိတ်ကို ဖြတ်ထုတ်ရပါတယ်။ အနာကျက်ဖို့ တော်တော် စောင့်ရသလို ခွဲစိတ်ပြီး ဝလာလို့ ချုပ်ရိုးတွေ ကွဲပြီး ဗိုက်ပွင့်တဲ့ သူတွေလည်း ရှိတာ ကြားမိတယ်။ အခုခေတ်ပေါ်နည်း အပေါက် ၃ပေါက် တော့ မသိဘူး.. အပေါက် ၄ပေါက် ဖောက်တာ တော့ သိတယ်.. ချက်မှာ တပေါက်.. ချက်ကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ထိုးသွင်းပြီး ကျန်အပေါက် ၃ပေါက်က ကင်မရာ ကိရိယာတန်ဆာပလာနဲ့ သည်းခြေ ဖြတ်ထုတ်တာလို့ ပြောပါတယ်။ သည်းခြေအိတ်ဖြတ်ထုတ်တဲ့ အတွက် အစားတွေ စားရင် အစာကြေခဲ့တာမျိုးတွေ ရှိတဲ့အတွက် အစာကြေဆေး ဆောင်ထားတာတွေတော့ မြင်မိတယ်။ ဒီနည်းလေးကို တင်ပေးတဲ့ အတွက် ဝေဒနာ ရှင်တွေ ကိုယ်စား ကျေးဇူးတင်ပါတယ်။ နောက်လည်း တင်ပေးနိုင်ပါစေ။

Leave a Reply