အပြစ်မမြင်ပါဘူး :D

etoneOctober 8, 20101min1736

ပဲခူးမှလူငယ်နှစ်ဦးအား သေနတ်နှင့်ပစ်သတ်ရန်အမိန့်ပေးသည့် ဗိုလ်ကြီးအား စုံစမ်းမှူများပြုလုပ်အပြီး ဘုန်းကြီးဝတ်သွားသည်ဟု သတင်းရသော်လည်း ယခုထက်တိုင်တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်းသိရ သည် ။ ပြီးခဲ့သည့်လကုန်ပိုင်းလောက်ကတွင်ပင် နေပြည်တော်သို့ပြောင်းရွှေ့တာဝန်ချထားခံရပြီး နာမည်ပါပြောင်းထားကြောင်းသတင်းရရှိသည် ။ယင်းဗိုလ်ကြီးသည် စစ်ဗိုလ်ချုပ်အသိုင်းဝိုင်းမှ မိသားစုဝင်တယောက်ဖြစ်ကြောင်းသိရသည် ။

6 comments

  • ဆူး

    October 8, 2010 at 4:55 am

    သာဓု.. (ဘုန်းကြီးဝတ်တယ်ဆိုလို့.. အဟေး..)

  • char too lan

    October 8, 2010 at 6:44 am

    လူသတ်တဲ့သူတွေကျတော့ ဒါမျိုး
    လူတွေကိုကူညီတဲ့သူတွေကျတော့ ဟိုလိုမျိုး (eg:uthura)
    အပြစ်မမြင်ပါဘူး………..ပစ်ချင်တာပဲသိတယ်နော်……………………………………………..

  • nwl

    October 8, 2010 at 10:34 am

    နာမယ်ပဲပြောင်းတာလား ရုပ်ရောမပြောင်းထားဘူးလား ဒါမျိုးက သူတို့ကျွမ်းကျင်တာပဲလေ

    ဘာပဲဖြစ်ဖြစ် အပြစ်မမြင်ရက်ပါဘူးလေ 😛

  • R Ga

    October 8, 2010 at 12:36 pm

    လူယုတ်မာတွေကတော့ လူယုတ်မာအလုပ်ပဲ လုပ်နေတော့တာပါပဲ..။ တရား ဥပဒေဆိုတာ လုံးဝ အထင်ကြီးစရာ မရှိတဲ့ တိုင်းပြည်ထဲမှာ ဒို့ပြည် ကထိပ်ဆုံးကပဲ။

  • windtalker

    August 5, 2011 at 3:09 pm

    ပဲခူး ဆိုလို ့
    အဲဒီဘက် က သတင်းတွေ က လည်း အဆန်းပဲဗျ ။
    ပဲခူး မြို ့နား က ရွာတွေ မှာ လက်နက်ကိုင်တွေ နဲ ့ဆက်သွယ်ပြီး
    စီးပွားရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ ရှိတယ် လို ့ကြားမိတယ်
    ကျွန်တော့် ကို ရှယ်ယာ ဝင်ဖို ့ခေါ်တယ် ။
    လုပ်ရမှာက လက်နက်ကိုင် တွေ က သတ္တုရိုင်းတွေ ပေးမယ် ၊ အဲဒါကို သယ်ပြီး ရောင်းပေးရမယ် ဆိုကလား ပဲ ။
    ဒေါ်အီးတုန်း အနေ နဲ ့ ကျွန်တော် ပြောတဲ့ သတင်းလေး ကို အကျယ်အဖြစ် ဆက်လက် ရေးတင်ပေးပါဦးလို ့
    တောင်းဆိုလိုက်ပါရစေနော် ။

    • etone

      August 5, 2011 at 3:33 pm

      အဟောင်းကြ ီးကို ပြန်မရေးနဲ့တော့ မောင်ပေရေ… ဒီသတင်းကြီး တကျော့ပြန် နာမည်ကြီးသွားလျှင်ဖြင့် .. etone တစ်ယောက်ပြေးစရာမရှိတော့ပါဘူး .. ဟူး းးး ဟူးးးးးးး ဟူးး 😥

Leave a Reply