ပြင်သစ် ကျောက်ကုန်သည် ပုဂံဘုရားမှ ခိုးယူလာသော စိန်ပြာကြီးကို ပြင်သစ်နိုင်ငံ၌ ရောင်းချရန် ကြိုးစားသော်လည်း ၀ယ်ယူနိုင်သာ ပေါ်မလာ.. ထိုအခါ Antwerp မြို့သို့ သွားပြီး ပန်းတိမ်ဆရာ တစ်ဦးမှ တဆင့် အရောင်းအ၀ယ်ပြုလုပ်ရန်ကြိုးစားပြန်ရာ ပန်းတိမ်ဆရာက `စိန်ပြာကြီးမှာ ရတီ တစ်ရာကျော် (တစ်အောင်စနီးပါး) ရှိပြီး အရောင်အသွေးမှာလည်း ပြိုင်ဘက် ကင်းအောင် တောက်ပြောင်ပါသည်။ သို့ရာတွင် တစ်နေရာ၌ အနာကလေး ပါနေ၍ ထိုအပိုင်းကို ဖဲ့ထုတ်ပြီး ပြန်သွေးလိုက်လျှင် ပို၍ အရောင်လက်လာမည့် အပြင် ဈေးလည်း ပို၌ ကောင်းကောင်းရမည် ဖြစ်ကြောင်း´ အကြံပေးသဖြင့် ပန်းတိမ်ဆရာကြီးထံ အပ်နှံထားခဲ့ပြီး အိန္ဒိယပြည်သို့ တခေါက်ပြန်သွားရာ လမ်းခရီးတွက် ကျားကိုက်ခံရ၍ ကျောက်ကုန်သည်ကြီး ဇတ်သိမ်းသွားခဲ့သည်။
စိန်ပြာကြီးမှာမှု ဇတ်မသိမ်းနိုင်သေးဘဲ ပန်းတိမ်ဆရာကြီး အနာပါသော အပိုင်းကို ဖဲ့ထုတ်ပြီး နှစ်ပိုင်းကို ပြန်သွေးကာ ပိုင်ရှင်ဖြစ်သော ဂျိုးဇတ်တဗားနီးယား ပြန်အလာယူကို စောင့်မျှော်နေဆဲ ပန်းတိမ်ဆရာကြိး၏ တပည့်တစ်ဦး က ပန်းတိမ်ဆရာကြီးကို သတ်ကာ စိန်ပြာကြီးကို ခိုးယူကာ ထွက်ပြေးခဲ့ပြန်သည်။ သို့ရာတွင် လမ်းခရီး၌ ၀ိုင်းရိုက်ခံရပြီး စိန်ပြာကြီး ခရီးစဉ်မှာလည်း ဇတ်မြှုပ်သွားခဲ့လေသည်။
ပြင်သစ် ကျောက်ကုန်သည် Joseph Tavernier
ပန်းတိမ်ဆရာကြီး ခွဲစိတ်လိုသည့် ပုံဟု ခန့်မှန်းရပါသည်။

တိမ်မြှုပ်ပျောက်ကွယ်နေသော စိန်ပြာကြီးဇတ်လမ်းမှာ ပြင်သစ်နိုင်ငံ ၁၆ဆက်မြောက် လူဝီဘုရင်ထံတွင် ထူးခြားစွာ ရောက်ရှိလာခဲ့သည်။ လူဝီဘုရင်ကြီး ချစ်မြတ်နိုးသော သူမိဘုရားကြီး၏ သရဖူတွင် တပ်ဆင်ပေးခဲ့သည်။ နန်းစဉ်ရတနာ စာရင်းဝင်ပြန်ခဲ့သည်။ မိဖုရားကြီးမှာ အလွန်ချောမောသည့် အမျိုးသမီးဖြစ်၍ စိန်ပြာကြီး နှင့် ပနံရလှပေသည်။ သို့သော် မကြာမီ၌ ဘုရင်နှင့် မိဖုရား တိုးအား ဒုက္ခ လှလှကြီးပေးလေတော့သည်။
လူဝီ ၁၆ ဘုရင်ကြီး
ပင်သစ်ဘုရင်ဟောင်း လူဝီ ၁၆ (ခေါ် ) လူဝီအော်ဂတ်စတီရဲ့ မိဖုရား မာရီယာအင်တွမ်နက် (Marie Antoinette- ၁၇၅၅-၁၇၉၃ )

ဘုရင်အား ဆန့်ကျင်သော ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာရာ လူဝီ ၁၆ ဘုရင် နန်းချခံခဲ့ရပါသည်။ ၁၇၈၂ ခုနစ်တွင် အမျိုးသားညီလာခံကို ဖွဲစည်းပြီး အခြေခံဥပဒေအသစ်ကို ဒုတိယ အကြိမ်မြောက် ရေးဆွဲကာ ဘုရင်စနစ်ကို ဖျက်သိမ်းကြောင်း သမ္မတ နိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့သည်။ လူဝီ (၁၆) ဘုရင် ဟာ နိုင်ငံတော်သစ္စာဖောက်မူ့ နဲ့ ၁၇၉၃ ခုနှစ်မှာ ပြည်သူ့ ရှေ့မှောက်မှာ ခေါင်းဖြတ်သတ်ခံခဲ့ ရသလို၊ မာရီယာအင်တွမ်နက်ဟာလည်း ၁၇၉၃ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်မူ့ နဲ့ဘဲ ကွပ်မြစ်ခြင်းခံခဲ့ ရတယ်။
စိန်ပြာကြီး တပ်ဆင်ထားသော သရဖူနှင့်တကွ နန်းတွင်းပစ္စည်းများကို ပြတိုက်တွင် ထိန်းသိမ်းထားခဲ့ရာ နှစ်ကာလာ ကြာမြင့်စွာ ပြတိုက်အတွင်း ကိန်းအောင်းနေခဲ့ပြီး နောက် ပြင်သစ်နိုင်ငံတွင် အုပ်ချုပ်ရေး စနစ်ပုံစံ အမျိုးမျိုး ပြောင်းလဲ နေရာတွင် ပြတိုင် ဖောက်ထွင့်ခံခဲ့ရသည်။ ဖောက်ထွင်းခံရသော ပစ္စည်းများတွင် စိန်ပြာကြီး တပ်ဆင်ထားသော သရဖူလည်း ပါသွားခဲ့သည်။ ဤသို့ဖြင့် စိန်ပြာကြီး ဇတ်ထုတ် ငုတ်သွားခဲ့ပြန်သည်။

About ဆူး

has written 398 post in this Website..