ပုဂံ စိန်ပြာကြီးနှင့် ကျိန်စာ သင့်သူများ အပိုင်း ၄

ဆူးOctober 8, 20101min953

ပြင်သစ်နိုင်ငံ ပြတိုက်တွက် ပျောက်သွားသည့် စိန်ပြာကြီးသည် အင်္ဂလန်နိုင်ငံ စိန်ကုန်သည် `ဖောက်´ ဆိုသူက ဝယ်ယူခဲ့ရာ သူ၏ သားက ခိုးယူ၍ မကြာမီ၌ပင် သားဖြစ်သူ မိမိကိုယ်မိမိ သတ်သေသွားသည်။ `ဖောက်´၏ သားမသေခင် ဖရန်စစ်ဆိုသူအား ငွေအနည်းငယ်နှင့် ရောင်းခဲ့လေသည်
ဖရန်စစ်က တဆင့် ဒယ်နီယယ်အယ်လ်ဆင်အား ပြန်ရောင်းခဲ့ရာ နောက်တစ်ကြိမ် ဒင်နီယယ်က ဖရန်စစ်ကို သွားတွေ့ရာ အိပ်ယာထဲတွက် သေဆုံးနေကြောင်း မြင်လိုက်ရပေသည်။
ဒင်နီယယ်သည် ၁၈၃ဝပြည့်နှစ်ထိ စိန်ကြီးကို သိမ်းဆည်းထားပြီး မစ္စတာ ဆာဟင်နရီသောမတ်စ် ဟုပ်ကို စတာလင်ပေါင် ၁၈၀၀ဝ နှင့် ရောင်းလိုက်၏။
သန်းကြွယ် သူဠေး မစ္စတာဟုပ် (Hope)က စိန်ပြာကြီးကို ဇနီးဖြစ်သူအတွက် လည်ဆွဲလုပ်၍ မွေးနေ့ လက်ဆောင်ပေးခဲ့သည်။ မစ္စတာဟုပ်သည် ကျိန်စာသင့်သည်ကို အယူအစွဲကို အယုံအကြည်မရှိဟု ဆိုကာ တန်ဖိုးကြီးပေး၍ ဝယ်ကာ စိန်ပြာကြီးကို `ဟုပ်´ ဟု အမည်ပေး ကင်ပွန်းတပ်ကာ ဇနီးဖြစ်သူအား ဆင်ယင်ပေးခဲ့ခြင်း ဖြစ်သော်လည်း သူတို့၏ တစ်ဦးတည်းသော သားမှာ မော်တော်ကား တိုက်မှုဖြစ်ပွားကာ သေဆုံးခဲ့၏ သန်းကြွယ် သူဠေးကြီး မစ္စတာ ဟုပ်မှာလည်း အလားတူပင် မတော်တဆထိခိုက်မှုဖြင့်ပင် အနိစ္စရောက်ခဲ့ရပေသည်။ စည်းစိမ်ချမ်းသာမှုများမှာလည်း ပျက်စီးဆုံးပါးပြီး စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရလေသည်။
မစ္စတာ ဟုပ် ၏ ဇနီးနှင့် ပနံသင့်သည့် လည်ဆွဲ

၁၉၀၈ ခုနှစ်
ပထမ ကမာ္ဘစစ်ကြီး မဖြစ်ပွားမီ နှစ်အနည်းငယ်ခန့် အလိုတွင် စိန်ပြာကြီး၏ သတင်းက ထွက်လာပြန်ပါသည်။ စိန်ကုန်သည် ကိုလော့ဆိုသူက ရုရှားဘုရင်မျိုးနွယ်ဝင် မင်းသားကြီး ကနီတောစကီးအား စိန်ပြာကြီး သို့မဟုတ် ဟုပ် စိန်ကြီးကို ရောင်းချခဲ့သည်။

3 comments

  • su

    October 8, 2010 at 8:40 am

    Cannot read parts 3 and 5. Please do something, thank you for the post.. its really interesting…

    • ဆူး

      October 8, 2010 at 10:51 am

      ရနေပါပြီ.. စိတ်ဝင်စားတဲ့ အတွက် စာရိုက်ရကျိုးတော့ နပ်တာပေါ့… ကျေးဇူးတင်ပါသည်။

  • april

    October 8, 2010 at 11:20 am

    ရပြီ ရပြီ စာဖတ်လို့ရပြီ 🙂 Thanks for all

Leave a Reply