Working Hour

search123October 9, 20101min630

လုပ်ငန်းခွင် မှာ တွေ့ရတတ်တဲ့ အခက်အခဲလေး တစ်ခုအကြောင်းပါ။
သူများနိုင်ငံ မှာတော့ working hour အတွင်းမှာ အလုပ်ကို သေသေချာချာလုပ်ကြပါတယ်။ ဒါပေမဲ့ working hour အပြင်မှာဆိုရင် ဘယ်လောက်အရေးကြီးကြီး လုပ်ပေးလေ့ မရှိဘူးလို့ ကြားဖူးပါတယ်။
တကယ် ဟုတ်၊မဟုတ်တော့ မသိပါ။
ဒါပေမဲ့ မြန်မာပြည်က အလုပ်ရှင်တွေကတော့ သူတို့ဆီမှာ အလုပ်လုပ်ရင် သူတို့ရဲ့ ကျွန်လို့ များ သတ်မှတ်ထား ကြသလားမသိပါ။
ကိုယ်ရေးကိုယ်တာ ကိစ္စ ရှိလို့ ခွင့်ယူချင်တာတောင် တော်တော် ပြောရတဲ့ အလုပ်မျိုးတွေ ရှိပါတယ်။
ခွင့်တင်တုန်းက ခွင့်ပြုသည်..ဆိုပြီး..တစ်ကယ်ယူမဲ့နေ့ကျတော့ လုပ်ငန်းလိုအပ်ချက်အရဆိုပြီး…ခွင့်မပေးတာတွေ လည်းကြားရပါတယ်။
(လုပ်ငန်းတိုင်းကို မဆိုလိုပါ။)
အလုပ်ချိန် အတွင်းမှာ ဟိုရောင်ရောင်၊ ဒီရောင်ရောင် လုပ်နေတဲ့ သူ အတွက် ပြဿနာ မရှိပေမဲ့…တစ်ကယ် အလုပ်လုပ်ပေးနေတဲ့ သူတွေ အတွက်ကတော့ နစ်နာပါတယ်။
ဘဝကို အလုပ်နဲ့ တည်ဆောက် ရတယ်ဆိုတာ မှန်ပေမဲ့ ကိုယ်ပိုင်အချိန် ဆုံးရှုံးတဲ့ အထိတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။
အချို့ အလုပ်ရှင်တွေ က ကိုယ့်ဝန်ထမ်းကိုလေးစားမှုရှိသလို၊ မလေးစားတဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ်။
အလုပ်နားလို့ အနားယူနေတဲ့နေ့ မှာတောင် ဖုန်းနဲ့လှမ်းခေါ်တာမျိုးတွေ ရှိပါတယ်။
ဘယ်လိုပဲ Over Time ကြေးပေးတယ်ဆိုဦးတော့ ၊ လူတစ်ယောက် အတွက် ပိုက်ဆံထက် အရေးကြီးတာတွေ ရှိပါတယ်။
အလုပ် လုပ်နေတဲ့ သူတွေ အားလုံးမှာ ထိုက်သင့်တဲ့ အနားယူချိန် ဆိုတာ လိုအပ်ပါတယ်။
အလုပ်ချိန်ပြီး လို့ ထိုင်ခုံကနေထ ပြီး အိမ်ပြန်ဖို့တောင်မှ ဟိုလူ့ဒီလူ့ မျက်နှာကြည့် ပြီး ပြန်နေရတဲ့သူတွေလည်း ရှိပါတယ်။
အလုပ်လုပ်သူတိုင်း အလုပ်သမားအခွင့် အရေး အပြည့် အဝရပြီးပျော် ရွှင်ကြပါစေ။
အလုပ်ချိန် အတွင်းမှာလည်း မခိုမကပ်ပဲ အလုပ်လုပ်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
မည်သူ့ကိုမှ မရည်ရွယ်ပါ။အပြုသဘော ရေးသားခြင်းဖြစ်ပါသည်။