လူသားဆန်ချင်တဲ့ဒုက္ခ

naywoon niFebruary 28, 20161min27110

ငါ့မှာ

လက်ညိုးထိုးပြစရာဆိုလို့

ဒုက္ခတစ်ခုသာချမ်းသာခဲ့

အဲဒိဒုက္ခရဲ့ဇစ်ဖြစ်

ဘယ်ကဖြစ်တယ်ဆိုတာ

စဉ်းစားမနေပါနဲ့တော့

ဒုက္ခဟာဒုက္ခမျှသာဖြစ်ပါတယ်။။

တစ်ခါတစ်ခါ

သူ့ကိုယ်သူ

ဒုက္ခဖြစ်တယ်ဆိုတဲ့အကြောင်း

မတွေးမိဘူးတဲ့။။

တစ်ခါတစ်ခါတော့

ဒုက္ခဟာ…….

ဆံပင်ကိုဆေးဆိုး

လျှာထိုးဦးထုပ်ကိုဆောင်း

ဘွတ်ဖိနပ်ကိုစီးပြီး

လျှောက်လည်တတ်လေရဲ့။။

တစ်ခါတစ်ခါတော့

အင်တာနက်ဆိုင်ထဲမှာ

ရင့်ရော်မှုဆိုတာကိုမေ့ပြီး

ကောင်မလေးတွေနဲ့

chatting..ထိုင်လားထိုင်ရဲ့။။

တစ်ခါတစ်ခါကျတော့

ဘုံဆိုင်ထဲမှာ

အာဖောင်အာရင်းသန်သန်နဲ့

ငြင်းခုန်လားငြင်းခုန်ရဲ့။။

သူ့ရဲ့ဖြစ်တည်မှုကိုသူ

သတိမထားနိုင်တော့တဲ့အထိ

အခြားဒုက္ခတစ်ခုကို

တပ်မက်နေသတဲ့လေ……..။

တစ်ကယ်ပါပဲ

ရခဲလှတဲ့ဒုက္ခကို

ပိုးမွေးသလိုမွေးခဲ့

ပြုစုယုယခဲ့ရ…..။

ဒုက္ခဟာ

ဒုက္ခဖြစ်ရတဲ့အထဲ

နောက်ဒုက္ခတစ်ခုကိုတောင်

ချစ်ခဲ့…………..

ကြင်နာခဲ့……….

တန်းဘိုးထားခဲ့……..

လေးစားခဲ့…….

လောဘဖြစ်ခဲ့

ဒေါသဖြစ်ခဲ့…….။

တစ်ခါတစ်လေကျတော့

သူ့ကိုသူလောင်မြိုက်

တစိမြေ့မြေ့ကြွေကျနေရတာကို

အရသာတစ်ခု…..

အဟာရတစ်ခုအဖြစ်သုံးဆောင်ရင်း

ဆေးလိပ်တစ်တိုကိုရှိုက်ဖွာရင်း

သူှု့ကိုသူပြန်လည်သုံးသပ်နေလေရဲ့…။

ဒုက္ခဟာ

ဘဝထဲမှာ

ကျေနပ်စွာနေထိုင်ရင်း

ရယ်လိုမောလို့

ပြုံးလို့ရွှင်လို့

မျဉ်းတစ်ခု

အစကအဆုံးကိုလျှောက်ရင်း

ပြုံးပြရတာလဲရှိရဲ့

ပြုံးပြမရတာလဲရှိရဲ့

အသုံးမကျတာတွေ

လူလုံးပြရတာတွေနဲ့

ဒုက္ခဟာလူသားဆန်စွာရှိနေလေရဲ့……။

နေဝန်းနီ

10 comments

  • ဆူး

    October 8, 2010 at 12:45 pm

    ဒုက္ခလို့သာ တွေးနေတာ.. အခုပြောနေတာ တွေက.. ကောင်မလေးကို ချစ်လို့ ကြူလိုက်.. အရက်သောက်လိုက် ဆေးလိပ်သောက်လိုက် စားလိုက်သောက်လိုက်.. ဆိုတဲ့ လောဘ တဏှာ စွဲလမ်မှုတွေဘဲ။

  • Aung Khin

    October 8, 2010 at 4:27 pm

    အော်

    ဒုက္ခ ၊ ဒုက္ခ ၊ ဒုက္ခ ။ ။

  • bigcat

    October 9, 2010 at 3:26 am

    ကောင်းလိုက်က ဒုက္ခပဲဗျို့။ သူ့ရဲ့ ဖအေတူမအေကွဲ သုခအကြောင်းလဲလုပ်ပါအုံး။ ဒုက္ခကကောင်းရင်တော့ သုခက ဆိုးလိမ့်မယ်နဲ့တူတယ်။

  • naw2lay

    October 9, 2010 at 5:37 am

    ဆူးကတော်တော် ဝေဖန်ကောင်းတာပဲ

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 28, 2016 at 10:38 pm

    ဘိုနီ ဘီလိုဖစ်
    တင်တာက ဒီနေ့
    မန့်တွေက ပဝေသဏီက
    အဲဒါလဲဒုက္ခ

    • ဦးကြောင်ကြီး

      February 29, 2016 at 1:25 am

      ပို့စ်တင်နေ့ update လုပ်လိုက်တာ ဖြစ်မဲ… ဘာဖြစ်ဖြစ် Pen Myanmar ပုံနှိပ်စာအုပ်မှာ ဥနီစာ အရွေးခံရလို့ ဂုဏ်ယူဝက်မေ ျာက်ပါကြောင်……..

    • naywoon ni

      February 29, 2016 at 11:34 am

      စာလုံး​ပေါင်​းမှား​နေတာ​တွေပြန်​ပြင်​ရင်​း အပ်​ဒိတ်​လုပ်​လိုက်​မိရာက ဖြစ်​သွားတာ အဟီး တင်​ခဲ့တာ ၂၀၁ဝ ဩဂုတ်​ ၂ ရက်​​နေ့က 🙂

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        February 29, 2016 at 10:16 pm

        အုနီနော်
        ညာတာပါတေးနဲ့ ပွိုင့် နှစ်ခါရမလားဆိုပြီး ကလိနေတာမလား
        ညှင်းညှင်း
        သဂျီးဆီက ဘယ်နည်းနဲ့မှ အချောင်ရလိမ့်မယ်မထင်နဲ့
        သဂျီးရာဇဝင် မှာ ဒါမျိုး မှားလေ့မရှိဘူး
        😆

  • Thint Aye Yeik

    February 29, 2016 at 8:09 pm

    အခုလို ဖြစ်သွားတော့လည်း … ဖတ်မိသွားရော…
    .ကောင်းပါလေ့ ကောင်းပါလေ့…

Leave a Reply