ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်……..

badbabylay09@gmail.comOctober 8, 20101min1160



လင်္ကာဆောင်ပုဒ်

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်သုံးပါးအစပ်၊နှစ်ရပ်မူလ ဝဋ်သုံးဝနှင့်ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ် ဤရှစ်သွယ်ကိုအလွယ်ကျက်မှတ်သိစေအပ်သည်သံသရာမှလွတ်ကြောင်းတည်း။

လင်္ကာဆောင်ပုဒ် အဖြေ

၁။ မူလနှစ်ဖြာ …. …. အဝိဇ္ဇာနှင့် တဏှာ။
၂။သစ္စာနှစ်ခု …. …. သမုဒယသစ္စာ – ဒုက္ခသစ္စာ။
၃။လေးခုအလွှာ …. …. အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။
ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၄။အင်္ဂါတစ်ဆယ့်နှစ်ပါး …. …. အဝိဇ္ဇာ , သင်္ခါရ , ဝိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။သုံးပါးအစပ် …. …. သင်္ခါရ နှင့် ဝိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘဝနှင့် ဇာတိတစပ်။
၆။ဝဋ်သုံးဝနှင့် …. …. (နှစ်ရပ်မူလ = တဏှာ , အဝိဇ္ဇာ )

>>ကိလေသဝဋ် (၃)ပါး – အဝိဇ္ဇာ , တဏှာ , ဥပါဒါန်
>>ကမ္မဝဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
>>ဝိပါကဝဋ် (၈)ပါး-, ဝိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ,
ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘဝ)

၇။ကာလသုံးဖြာ …. …. >>လွန်လေပြီးသော အတိတ်ကာလ – အဝိဇ္ဇာ , သင်္ခါရ
>>ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ – ဝိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်
, ကမ္မဘဝ

>>နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။

၈။ခြင်းရာနှစ်ဆယ် …. …. >>အတိတ်အကြောင်းခြင်းရာ ငါးပါး- အဝိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
>>ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး – ဝိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
>>ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး – တဏှာ , ဥပါဒါန် , ဘဝ , အဝိဇ္ဇာ , သင်္ခါရ
>>အနာဂါတ်အကျိုးအခြင်းရာငါးပါး-ဝိညာဏ် , နာမ်ရုပ် , သဋ္ဌာယတန , ဖဿ , ဝေဒနာ

ဤရှစ်သွယ်ကိုအလွယ်ကျက်မှတ်သိစေအပ်သည်သံသရာမှလွတ်ကြောင်းတည်း။

ပုံတွင်ပြထားသည့်အတိုင်း နံပါတ် ၁ အကွက်အတွင်းရှိအရာများသည် အတိတ်ကဖြစ်ခဲ့သောအကြောင်းများဖြစ်ကြသည်။ ထို့ကြောင့် နံပါတ် ၁ အကွက်ရှိ အဝိဇ္ဇာမသိမှုကြောင့် ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရဆိုသည့်အကြောင်းပြုလုပ်ခဲ့ခြင်းကြောင်း ယခုပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဋ္ဌာယတန ဖဿ ဝေဒနာ ဟူ၍ ခန္ဓာငါးပါးဆိုသည့် အကျိုးရပါသည်။ ခန္ဓာငါးပါးသစ္စာဖွဲ့တော့ ဒုက္ခသစ္စာရပါတယ် …ဒုက္ခသစ္စာဆိုတဲ့အကျိုးရဖို့အတွက်အတိတ်က အဝိဇ္ဇာဦးဆောင်ပြီး အကြောင်းတွေလုပ်ခဲ့ကြပါတယ်..အတိတ်က လုပ်ခဲ့တဲ့ အဝိဇ္ဇာ သင်္ခါရ ဟာ ဝဋ်အနေနဲ့ဆိုလျင် အဝိဇ္ဇာသည်ကိလေသဝဋ် ၊ သင်္ခါရသည် ကမ္မဝဋ် ဆိုတဲ့ ဝဋ်နှစ်မျိုးပြုလုပ်ခဲ့သည့်အတွက် ပစ္စုပ္ပန်တွင် ဝိပါကဝဋ်ဆိုတဲ့ ခန္ဓငါးပါး ဒုက္ခသစ္စာရပါတယ် ….
အဝိဇ္ဇာ သင်္ခါရ သည် သစ္စာဖွဲ့သောအခါ သမုဒယသစ္စာဖြစ်သည်။ ခြင်းရာအနေနှင့်ကြည့်မည်ဆိုလျင် အတိတ်အကြောင်းခြင်းရာငါးပါး လုပ်ခဲ့သည့်အတွက် နံပါတ် ၂ အကွက် ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါးဖြစ်လာပါတယ်………….
ပစ္စုပ္ပန်တွင်ခန္ဓာငါးပါး ဒုက္ခသစ္စာရတော့ဒီအတိုင်းမနေဘူး ဒုက္ခသစ္စာဆိုသည့်အတိုင်း ပဋိသန္ဓေဒုက္ခ ၊ ဇရာဒုက္ခ ၊ ဗျာဓိဒုက္ခ(နာခြင်းဒုက္ခ) ၊ မရဏဒုက္ခ(သေခြင်းဒုက္ခ) များမလွှဲမသွေတွေ့ကြုံကြရမည်သာဖြစ်သည်။ အခုပစ္စုပ္ပန်ကာလမှာပင်အဝိဇ္ဇာမသိမှုဖြင့်သင်္ခါရတွေဆက်လုပ်မယ်ဆိုလျင်ဖြင့် သံသရာဘယ်တော့မှရပ်တန့်မည်မဟုတ် …..အဝိဇ္ဇာဆိုသည် သစ္စာလေးပါးမသိခြင်းပင်ဖြစ်သည် ………သစ္စာလေးပါးသိခြင်း ဝိဇ္ဇာဖြင့် သင်္ခါရတွေလုပ်မည်ဆိုပါကယခုလို သင်္ခါရ ပစ္စယော ဝိညာဏ် မဖြစ်ဘဲ သင်္ခါရ နိရောဓ ဝိညာဏ်နိရောဓောဖြစ်မည်ဖြစ်သည်။ ယခု နံပါတ် ၂ ပစ္စုပ္ပန်တွင်ရှိနေသော ဒုက္ခသစ္စာကိုအနည်းငယ်ပြောပါမည် ….သင်္ခါရကြောင့် ဝိညာဏ်(သန္ဓေစိတ်) ဖြစ်သည်ဟုဆိုခဲ့သည်ထိုအရာသည်မဖြစ်ချင်လို့မရအတိတ်ကပြုခဲ့သောအကြောင်းကြောင့်အကျိုးဖြစ်ခြင်းကိုနားလည်ထားရမည်ဖြစ်သည်။
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ရသည် သန္ဓေစိ်တ်တွင်ခန္ဓငါးပါးပါလာပြီဖြစ်သည် အချိန်တန်သောကြောင့် အသီးအပွင့်များအဖြစ် နာမ်ရုပ်များဖြစ်လာကြသည် (ဥပမာကိုယ်လက်အင်္ဂါများဖွံ့ဖြိုးလာခြင်းကိုဆိုလိုသည်) နာမ်ရုပ်ဖြစ်လာသောအခါ သဋ္ဌာယတန ဟူသည့် ဒွါရ ခြောက်ခု(မျက်စိ ၊ နား၊ နှာခေါင်း ၊ လျှာ ၊ ကိုယ် ၊ စိတ် ) သည် တွဲလျက်ပါလာရသည် …ထို့ကြောင့် နာမ်ရုပ် ပစ္စယော သဋ္ဌာယတန ဖြစ်သည် ။ ထို ဒွါရခြောက်ခု(သဋ္ဌာယတန) မှဖြစ်ပေါ်သောအာရုံကြောင့် ဖဿ(အာရုံကိုသိမှု) ဖြစ်လာရသည် ဖဿ ကြောင့် ဝေဒနာ(အာရုံကိုခံစားစိတ် ၊ အကောင်းအဆိုးခံစားစိတ်) ဖြစ်လာရသည် ။ ထိုဝေဒနာ ကြောင့် တဏှာ(လိုချင်မှု၊ တပ်မက်မှု) ဖြစ် ……..ထိုမှ မရရင်မဖြစ်တဲ့ဥပါဒါန်(စွဲလမ်းမှု) ဥပါဒါန်ကြောင့် ကမ္မဘဝ (ကံ ၊ သင်္ခါရ) တွေထပ်လုပ်တော့ နောက်ဘဝဆိုတဲ့ ဇာတိတွေဖြစ်ပေါ်တယ် ထိုမှ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဆက်ပြီးသံသရာလည်ရခြင်း ဖြစ်တယ်…………နံပါတ် ၂ အကွက်ကနေ ပြီး ၃ နဲ့ ၄ ကိုတစ်ဆက်တည်းဖြစ်သွားရတယ် ဘာကြောင့်လဲဆိုတော့အကြောင်းနဲ့ အကျိုးကဆက်နေတာကြောင့်ပဲ..အတိတ်ကအကြောင်းကြောင့် ပစ္စုပ္ပန်အကျိူး ခန္ဓာငါးပါးရတယ် ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂါတ်မှာ အကျိုးအနေနဲ့ ခန္ဓာထပ်ပြီးပေါ်ရတယ်…….ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း (သံသရာလည်ခြင်းအကြောင်းအကျိုး)
သိမှသာ သံသရာကဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲသိမှာဖြစ်တယ်…နံပါတ် ၂ အကွက် ပစ္စုပ္ပန်ခန္ဓာငါးပါး ကြောင်း သဋ္ဌာယတန ဖဿ ဝေဒနာ ဖြစ်လာတယ် ဒါကို ပစ္စုပ္ပန်အကြောင်းအဖြစ် ဝေဒနာမှာတင်မရပ်ပဲ တဏှာဆိုတဲ့အကြောင်းကိုကူးကူးသွားခြင်းကြောင်း သံသရာလည်နေရခြင်းဖြစ်တယ်ဆိုတာသိဖို့ပဲ ……….ဝေဒနာ ကနေ တဏှာ မကူးရအောင် ဝိဇ္ဇာဆိုတဲ့ သစ္စာလေးပါးသိမှု နဲ့ ဝေဒနာကနေ စွဲလမ်းမှုမဖြစ်ရအောင် ဒီခန္ဓာကြီးဟာမမြဲပါလား အနိစ္စပါကလား ဆိုတာကိုသိတဲ့ ဖြစ်ပျက်ကိုသိတဲ့ ဝိပဿနာဉာဏ်နဲ့ ဝေဒနာ နိရောဓ တဏှာနိရောဓော ဖြစ်အောင်လုပ်မှ သံသရာ ကြီးကလွတ်မြောက်မည်ဖြစ်သည် ……….ဒါကြောင့် ဒီပဋိစ္စသမုပ္ပါဒ် သည် ခန္ဓာဖြစ်ကြောင်းတရားဖြစ်သည့်အတွင်း ဒီစက်ဝိုင်းသည် ဒီခန္ဓာထဲမှာပဲရှိတယ်ဆိုတာကိုသိရှိရမည်ဖြစ်သည် ……..

(အထက်ပါအကြောင်းအရာများသည်ကျွန်တော်ဖတ်မှတ်ရသမျှထဲမှကောက်နှုတ်ပြီးကျွန်တော်နားလည်သလိုရေးထားခြင်းဖြစ်သည်)
မှတ်ချက်- ကျွန်တော်အဓိကရည်ရွယ်ချက်မှာ လေ့လာချင်စိတ်ပေါ်ပေါက်စေရန်သာဖြစ်သည်။