ညီမလေးသို့

naychanyanOctober 9, 20101min572

ညီမလေးကဲ့သို့ ချစ်ခင်ရပါသော ညီမလေးက ….နောက် 2 နှစ်ဆို PR တွေကို extension မပေးတော့ဘူးတဲ့….သမီး citizen လုပ်ရတော့မယ်တဲ့……
ကြားလိုက်တဲ့အချိန်မှာ တော်တော်အံ့ဩမိပါတယ်…..ဘာလို့လဲဆိုတော့ တစ်ချိန်က သူကိုယ်တိုင်ပဲပြောခဲ့တာက……သမီးကတော့ ဒီနိုင်ငံမှာ မနေနိုင်ဘူး….တစ်ချိန်ကြရင် ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ပြန်မှာတဲ့ လေ……
ညီမလေးကို …….အချိန်မပေးနိုင်ခဲ့တာကြောင့်………ဒီအကြောင်းကို မပြောဖြစ်ခဲ့ရပါဘူး…….
အခြေအနေ အချိန်အခါကို လိုက်ပြီး ဆုံးဖြတ်ချက်တွေ ပြောင်းလဲရတယ်..တွေ့တဲ့ကွေ့ကို တွေ့တဲ့တက်နဲ့ လှော်ရတယ်ဆိုပေမယ့်….ကိုယ့်ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမယ့်…..နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်း ထဲ့စဉ်းစားစေချင်ပါတယ် ………
အဲဒီနိုင်ငံရဲ့………..ရုန်းကန်လှုပ်ရှားရတဲ့ အခြေအနေကို အမ ပြောတာထက် သမီးက ကိုယ်တိုင်နေနေတဲ့သူဆိုတော့ ပိုသိမှာပါ……
ဘဝဆိုတာ ရုန်းကန်ရမယ်…….တစ်ခုခုကို effort လုပ်မှ……ထိုက်တန်တဲ့တစ်ခုခု ပြန်ရမယ်ဆိုတာ မှန်ပါတယ်…..
ဒါပေမယ့် သာမာန်ထက်ပိုပြီး ရုန်းကန်လှုပ်ရှားရရင် သာမာန်ထက်ပိုတဲ့ ပြန်ရမှုတော့ရှိရမှာပေါ့…….
ငွေကြေးပမာဏအားဖြင့်တော့……အထိုက်အလျောက်ပြန်ရကြပါတယ်……(ပညာအရည်အချင်းအလိုက်……ကိုယ့်ရဲ့ကြိုးစားမှုအလိုက်….အတိတ်ကံ%အလိုက်….…………physical နဲ့တိုင်းတာလို့ရတဲ့ ပြန်ရချက်တွေ ထိုက်တန်သလောက်ပြန်ရကြပါတယ်)………..facility တွေကလည်း ကိုယ့်နိုင်ငံနဲ့ယှဉ်ရင် တူဘူးပေါ့လေ……..
ဒါပေမယ့် တစ်ဦးပေါ်တစ်ဦးထားတဲ့ မေတ္တာတရားတွေ……..သံယောဇဉ်တွေ ဆိုတဲ့ နှလုံးသားခံစားချက်တွေကတော့……. သမီးရမှာ မဟုတ်ပါဘူး……
အဲဒီနိုင်ငံရဲ့ စားသောက်ဆိုင်တွေမှာ မသန်သော်လည်း စွမ်းနေရရှာတဲ့…… ဘဝအတွက်ဒီအရွယ်ကြီးအထိ ရုန်းကန်လှုပ်ရှားနေရရှာတဲ့ အဖိုးကြီး အဖွားကြီးတွေကို သမီးမမြင်ချင်အဆုံးဖြစ်မှာပါ…….
အသိတစ်ယောက်ဆီက ကြားခဲ့ရတာက အဖွားကြီးတစ်ယောက် တိုက်ခန်းမှာ သေနေတာ……..10 ရက်လောက်နေမှ ဘေးအခန်းကလူတွေ အနံ့မခံနိုင်တော့မှ သိတယ်တဲ့……….
ပိုက်ဆံစုမယ်…….တိုက်ခန်းလေးတစ်ခန်းဝယ်ထားမယ်…အသက်ကြီးလို့ အလုပ်မလုပ်နိုင်ရင်……CPF လေးလည်းရမယ်….အဲဒီတိုက်ခန်း ငှားစားမယ်ဆိုရင်တောင်………စားဝတ်နေရေးအတွက်မပူပင်ရရင်တောင် အဲဒီအချိန်မှာ ခံစားရမယ့် အထီးကျန်မှုကို သမီးခံစားနိုင်မလား…….ဘဝရဲ့လက်တွဲဖော်ရှိနေတယ်ဆိုရင်တောင်…..ဖိုးသူတော်လဲလို့မှ တောင်ဝှေးမထူနိုင်တဲ့အချိန်…….သူတို့ဘဝရပ်တည်မှုအတွက် ကိုယ့်တုန်းကလိုပဲ လှုပ်ရှားနေကြရရှာမယ့် သားသမီးတွေကလည်း မလာနိုင်တဲ့အချိန်………အဲဒီအချိန်ကျခါမှ……..ကိုယ့်ကိုယ်ကိုနှလုံးစိတ်ဝမ်းအေးချမ်းအောင် ဘယ်လိုလုပ်နိုင်ပါတော့မလဲ….
နေရာကျဉ်းကျဉ်းလေးကို…..အပေါ်တွေကိုလည်းမြှင့်ထားလိုက်တာ……..မိုးထိတော့မယ်…..အောက်ကိုလည်းလှိုက်စားထားလိုက်တာ……ရှုပ်ယှက်ခက်နေတာပဲ…….သဘာဝဘေးအန္တရာယ်သင့်ကြည့်ပါလား….တစ်မြို့လုံးရေထဲမြုပ်သွားမှာ…..
စကားမစပ်ပါ……..one fri of mine ကပြောတယ်………..အဲဒီနိုင်ငံရဲ့ အနုပညာတက္ကသိုလ်ကို တက်ချင်တယ်တဲ့…အမကပြောလိုက်တယ်………အဲဒီနိုင်ငံမှာကိုယ်ပိုင်ဆိုတာဘာရှိလို့တုန်း…….ကိုယ်ပိုင်ယဉ်ကျေးမှု…..ကိုယ်ပိုင်..culture…..ဘာများရှိလို့လဲလို့နင်ကတက်ချင်ရတာတုန်းလို့………ပြောပါသေးတယ်သူက…သူ ကမော္ဘဒီးယားသွားတော့ ……ငါတို့နိုင်ငံက ပုဂံဆိုတာ သေးသေးလေးပါလားတဲ့………သူတို့ကမော္ဘဒီးယားက ဘယ်လောက်ကြီးကြီး….တို့ကိုယ်ပိုင်ရောဟုတ်ပါရဲ့လား…….ပုဂံဆိုတာ တို့ရဲ့ကိုယ်ပိုင်ပါပဲ……..
မိသားစုကောင်းစားရေးစီမံကိန်းကြီးမားတဲ့…..ဘဝကိုပျော်ပွဲစားထွက်လာတဲ့…….ကိုယ့်အမျိုးကိုယ်ချစ်တဲ့…..လူတစ်စုကြောင့်……..ကိုယ်….effort….ထုတ်သလောက်….return…..ပြန်မရလို့…….ကိုယ်ပိုင်တဲ့ အနုပညာတွေ…သံယောဇဉ်တွေ……..သံယံဇာတတွေ…..ကိုခဏတာခွဲခွာပြီး…..ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်း(ငွေကြေး၊ ပညာ)………ဒါတွေကိုရယူဖို့ ထွက်ခွာလာရကြတာပါ……
သမီးအနေနဲ့……ပညာကိုကြိုးစားသင်မယ်……တစ်ဘက်ကလည်း ဝင်ငွေရှာရင်း အသုံးနဲ့ အဖြုန်းကိုခွဲခြားတတ်မယ်…ဆိုရင် ဒီ 2 နှစ်အတွင်း…..progress တစ်ခုခုတော့ဖြစ်မှာပါ…….
(2)နှစ်ပြည့်လို့မှ……တစ်ခုခုကိုဆုံးဖြတ်ရတော့မယ်ဆိုရင်………ကိုယ့်နိုင်ငံကိုလည်းပြန်မလာချင်သေးဘူးဆိုရင်……citizen လုပ်တာကလွဲလို့…တခြားကောင်းမယ့်နည်းလမ်း တစ်ခုခု ရွေးချယ်ကြည့်ကြတာပေါ့
တစ်ချိန်ကြရင်…..ကိုယ့်နိုင်ငံမှာ……..ကိုယ့်အရည်အချင်းကို…….အသုံးချခွင့်ဆိုတာ…..ကြုံလာနိုင်တာပဲလေ…..အဲဒီအချိန်ကျခါမှ….ကျမရဲ့မှတ်ပုံတင်လေး ပြန်ပေးပါလို့…..သံရုံးသွားတောင်းလို့ဖြစ်မှာမဟုတ်တော့ဘူး…
သူတို့ကတော့….ငါတို့မြေမှာနေပြီး….ငါတို့လစာစားနေတဲ့သူတွေ…….နိုင်ငံသားအဖြစ်နေရင်နေ….မနေရင်ဆက်မထားနိုင်ဘူးဆိုတာလုပ်မှာပဲလေ….ပြီးတော့အရည်အချင်းရှိတဲ့သူတွေကို လက်ခံရတာပဲ….ဘာနာတာမှတ်လို့……….
ကိုယ့်ဘက်ကလည်း ဘာနာတာမှတ်လို့…..ပိုက်ဆံရတာပဲလေ….နေရတာလည်းအဆင့်အတန်းမြင့်တယ်လို့ မတွေးလိုက်ပါနဲ့……..ပိုက်ဆံကလည်းစုမှ ပိုမှာပါ…….နေရတာကလည်း ပေးလိုက်ရတဲ့အခန်းခ….သွားရလာရတာလည်း စနစ်ကျတာကလွဲလို့ လျှောက်လိုက်ရတဲ့လမ်း…….အချိန်မရှိလို့ဘုရားတောင်ပုဆိန်ပေါက်ရှိခိုးရတဲ့ဘဝ…….
အဲဒီနိုင်ငံကလွဲလို့ …….တခြားနိုင်ငံမှာ နိုင်ငံသားခံမယ်ဆိုရင်တောင်….အမ သမီးကို ဒီလောက်ပြောမှာမဟုတ်ပါဘူး……
သူတို့ကိုယ်သူူတို့….Singaporeans….ဆိုပြီးမာန်တက်နေကြတဲ့… သူတို့နိုင်ငံသားတွေရဲ့အရည်အချင်းတွေကို အသုံးချလိုက်ကြပါလား……..သူတို့အထင်မကြီးတဲ့ တောကြိုအုံကြားက သင်ပေးလိုက်တဲ့ပညာတွေကိုပိုင်ဆိုင်ထားတဲ့ သူတွေကို သိမ်းသွင်းနေချင်ကြတယ်……
လူဆိုတာ ဘယ်သူမပြုမိမိမှုပါ……….
ကိုယ်ပြုသမျှကို တစ်ချိန်ကျရင် ကိုယ်ကိုယ်တိုင်သာ ခံစားကြရမှာပါ………
(ပြောသာပြောရတာပါ……..ကိုယ့်သူငယ်ချင်းတွေထဲက ဘယ်နှစ်ယောက်များ ပြန်လာပါဦးတော့မလဲ)

2 comments

  • bigcat

    October 9, 2010 at 4:22 am

    ေဩာ်လူတွေ.. ရတာမလို လိုတာမရ။ နိုင်ငံသားမပေးပြန်လည်း ခေါင်းပုံဖြတ်တယ်၊ ရပြန်တော့လည်း အပိုင်ကြံတယ်နဲ့။ တော်ကြပါရှင် ရဲတွေလိုတော့ မလုပ်ကြပါနဲ့။

  • search123

    October 9, 2010 at 8:57 am

    ဘာပဲ ဖြစ်ဖြစ် citizen လုပ်မဲ့သူတွေ အားလုံးသေချာ စဉ်းစားစေချင်ပါတယ်။ ကိုယ့်ရဲ့ မျိုးဆက်တွေ အတွက်ရောပေါ့။

Leave a Reply