သူငယ်ချင်းနဲ့ပတ်သက်ရင်

naychanyanOctober 9, 20101min732

တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

“လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!”

ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။

“ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို သုတ်ပေးသူဖြစ်တယ်”

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊ သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့… သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က “ငါတို့ကသူငယ်ချင်း” ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။

2 comments

  • char too lan

    October 9, 2010 at 5:52 am

    မှန်တယ်..ကျနော်လဲ ချစ်သူတစ်ယောက်နဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင်
    သူငယ်ချင်းကောင်းပဲလိုချင်တယ်
    ကြားဖူးတဲ့စကားတစ်ခုရှိတယ် အရမ်းကြိုက်တယ်
    (အမွေလုတဲ့ သူငယ်ချင်းဆိုတာမရှိဘူးတဲ့)

  • Gong Zhu

    October 10, 2010 at 7:16 pm

    ဒါပေမယ့် သူငယ်ချင်းဆိုတာ တစ်ဘဝလုံး လက်တွဲရမယ့်သူမဟုတ်ဘူး … သူလည်းအချိန်တန် အိမ်ထောင်ကျရင် ကိုယ့်ကို မိသားစုလောက် အရေးကြီးသူလို့ထင်မှာမဟုတ်တော့ဘူး … သူငယ်ချင်းဆိုတာ ကိုယ့်ဘေးမှာ တစ်သက်လုံး ပြုစုမပေးနိုင်ဘူး လို့တော့ထင်ပါတယ် … အမွေလုတဲ့ သူငယ်ချင်းမရှိပေမယ့် ကိုယ့်မှာရှိလို့ အပေါ်ယံပေါင်းပြီး ကပ်စားသူတွေကလည်းပေါပါတယ် … ချစ်သူ က မျက်ရည်ကျတတ်စေသူဖြစ်ပေမယ့် တစ်ဘဝလုံးစာတော့ ယုံကြည်ရသူဖြစ်တယ် … ( သူငယ်ချင်းတိုင်းကို မဆိုလိုသလို ရည်းစားတိုင်းကိုမဆိုလိုပါဘူး ) သူငယ်ချင်းတွေ အရမ်းချစ်လွန်းလို့ အနစ်နာခံပြီး ပေါင်းသင်းတဲ့ ဖိုးဖိုး ၊ ဖွါးဖွါး တွေတော့ မတွေ့ဖူးဘူး ၊ လသာလမ်းက လက်ဖက်ရည်ဆိုင်မှာတော့ အသက် ၇ဝ ကျော် ဖိုးဖိုး နဲ့ ဖွါးဖွါး နှစ်ယောက် ဆေးလိပ် တစ်လိပ်တူတူ သောက်ပြီး လက်ဖက်ရည်တစ်ခွက်တူတူသောက်နေတာတော့ တွေ့ဖူးတယ် … တစ်ယောက်နဲ့ တစ်ယောက်မတူဘူးပေါ့နော် အယူအဆခြင်း … သမီးကတော့ ချစ်သူကောင်းတစ်ယောက်ရယ် စိတ်ထားကောင်းတဲ့ သူငယ်ချင်းကောင်းတွေ ကို အများကြီးလိုချင်တယ် … လောဘကြီးတယ်နော် ဟီးဟီး …

Leave a Reply