အင်တာနက်တွေ ခေတ်စားလာတာနဲ့ အမျှ မင်းသမီးတွေ ပုံစံ မျိုးစုံ ၀တ်စားပြီး ဖက်ရှင်ကျအောင်နေတာတွေ တွေ့မိလာတယ်။ သရုပ်ဆောင်တွေ လည်း လန်းကြတယ်။ မော်ဒယ်တွေလည်း လန်းကြတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး မနေ့က ဆရာတော် ဥူးသုမင်္ဂလ တရား တခုကို နားထောင်မိလို့ သတိတရ ရေးချလိုက်သည်။ ဘုန်းကြီးကတော့.. ဒီခေတ်များ အ၀တ်အစား သိပ်ရှားပါးကြတယ်။ ဒီခေတ်ကလေးတွေ အ၀တ်အစား ရှားပါးပုံများ သနားဖို့တောင် ကောင်းတယ် သူတို့ကို ကြည့်ရင်းနဲ့.. တချို့များ ဘုန်းကြီးကျောင်းလာပြီး ဘုန်းကြီး ကန်တော့ဖို့အရေး ဟိုက ဖိရ ဒီက ဖုံးရလုပ်နေတာ.. အဲဒီလို လုပ်ရမယ်ဆို အစောကြီးတည်းက မလာပါနဲ့လား။ ဘုန်းကြီးဆိုတာ အောင့်ထားရတာ များတယ်။ ဒီက ဘုန်းကြီးကလည်း ရဲ့ရဲ့နော်.. ပြသနာ လာမရှာနဲ့။ ဒါနဲ့ ဦးဇင်းမေးကြည့်တယ် ဘာလို့ ဒီလို ၀တ်ကြတာလဲဆိုတော့.. သူတို့က ခေတ်မှီချင်လို့တဲ့.. ဒါနဲ့ ဦးဇင်းက ပြောလိုက်တယ်.. ဒို့များ ခေတ်အရှေ့တောင် ရောက်သေးတယ်.. နေတာကလည်း အရှေ့တိုင်း.. သာသနာ အရှေ့အရပ်က စတာ.. ဒို့နေတဲ့ သာသနာဆိုလည်း ဗုဒ္ဓဘာသာက အရှေ့ရောက်တဲ့ ဘာသာ.. ယဉ်ကျေးမှုတွေကလည်း အရှေ့ကနေ အနောက်သွားနေတာ.. နေဆိုလည်း ဒို့ အရှေ့က ၀င်မှ သူတို့ အနောက်က ထွက်ကြရတာ.. ကဲ.. ဘာပြောချင်သေးလဲ.. အရှေ့.. မှ အရှေ့ဘဲ.. ဘာမှ ခေတ်မှီအောင် လုပ်မနေ့နဲ့ ငါတို့က အရှေ့မှာဘဲ.. ရှိကြတာ

About ဆူး

has written 398 post in this Website..