ပ စောက်နဲ့ ဖ ကနီးနီးလေးပါ …

fattyOctober 9, 20101min622

လူတော်တော်များများကိုကြည့် …မအောင်မြင်တာများတယ် ….ဘာကြောင့်လဲ ….
ဦးတည်ချက် တွေဝေဝါးနေလို့ရယ် …. မပြတ်သားတာရယ် … ဘာလုပ်ရမှန်းမသိပါဘူးကွာ ..ဆိုတာတွေရယ်ပေါ့
ဒါပေမဲ့ …တခုခု လုပ်ဖို့ idea ထုတ်အုံးမယ်ဆိုပြီး beer ဆိုင်ထိုင် … beer လေးတမြမြ နဲ့ တော့သိပ်မကောင်းလှဘူးနော် ..
ကိုယ့်ကိုယ့်ကို ပြန်စစ်တမ်းထုပ်ပါ ….လိုအပ်တာတွေကိုဖြည့်ဆီးဘို့လုပ်ပါ … အပြောလွယ်သလောက်ခက်တော့ခက်တယ်ကွ ..

ဖေဖေလဲ မှားခဲ့တာတွေအများကြီး … မင်းအလှည့်မှာအမှားနဲနဲ နဲ့ …အမြန်ကြီးပွါးတိုးတက်အောင် …
ပြီးတော့ … ကိုယ်အတွက်ပြည့်စုံသလောက်ရှိပြီဆိုရင် …သူများတွေကိုကူညီနိင်အောင် … လုပ်မှ အဓိပ္ပါယ်ရှိမှာပေါ့ …။
မင်းတို့ခေတ်က ..စာဖတ်နဲကြတယ် …စာအုပ်ကောင်းတွေကလဲသိပ်မထွက်လှဘူး …ဒါကြောင့်စာအုပ်ဟောင်းတွေပြန်ဖတ်ပါ ..။
chatting တို့ ဖုံးလေးကိုင်ပြီးကလိ နေတာတို့နဲ့အချိန်မဖြုံးမိစေနဲ့ … ပ စောက်နဲ့ ဖ ကနီးနီးလေးပါ …။

ပျင်းရင်တော့ ဖျင်းမှာဘဲသားရေ ….

2 comments

  • ဆူး

    October 9, 2010 at 6:42 am

    ပျင်းလို့ စာမဖတ်ဘဲနေတာ.. ရတနာပုံ နေပြည်တော် သတင်းစာနဲ့ တွေ့မှာဘဲ.. သိချင်တာတွေ လိုက်ဖတ်.. မကျေနပ်တာ ရှိရင် ဂူဂဲမှာ ရှာနဲ့ တော်တော် လေး တောင် ဖတ်ဖြစ်သွားတယ်.. ဒယ်ဒယ်ဖတ်

  • Gong Zhu

    October 10, 2010 at 6:53 pm

    ပီမိုးနင်းပြောတာလား … ပျင်းပြီးရင် ဖျင်း … ဖျင်းပြီးရင် ဘာဖြစ်မယ်ဆိုလားပဲ … ဟီးဟီး သေသေချာချာမသိဘူး

Leave a Reply