Voice Donation

search123October 12, 20101min1113

မနေ့ က သူငယ်ချင်း တစ်ယောက်နဲ့ အတူမျက်မမြင် ကျောင်း(ခဝဲခြံ) ကို အသံ လှူဖို့ အတွက် သွားခဲ့ပါတယ်။
ကျောင်းမှာမျက်မမြင် ဦးရေ စုစုပေါင်း ၁၆ဝ ခန့် ရှိတယ်လို့ သိခဲ့ရပါတယ်။
အသက် ကတော့ ၅ နှစ် ကနေ စပြီးရှိပါတယ်။
အမြင် အာရုံမရ ကြပေမဲ့ စိတ်ဓါတ် မကျပဲ အားလုံးကို သူတို့ဘာသာ လုပ်နိုင်အောင် ကြိုးစား လုပ်ကိုင်နေကြတာ ကို ကြည့်ရင်း မုဒိတာပွါးမိ ရပါတယ်။
စိတ်ဓါတ်ကျလွယ်တတ်တဲ့ ကျွန်မ ကို သင်ခန်းစာတစ်ခု ရစေခဲ့ပါတယ်။
ဗဟုသုတရစေမဲ့ မည်သည့် စာမျိုး မဆို ဖတ်ပြလို့ရပါတယ်။
ကလေးတွေ အတွက်လည်း ပုံပြင်တို့၊ကဗျာတို့ ဖတ်ပြလို့ရပါတယ်။
ကိုယ်ဖတ်ပြလိုက်တဲ့ စာတွေအားလုံးကို အသံသွင်းပေးမှာ ဖြစ်ပါတယ်…
အသံကောင်းစရာ မလိုပါဘူး။ စာသားကို ရှင်းရှင်းလင်းလင်း ၊ဖြည်းဖြည်းမှန်မှန် ဖတ်ပြပေးရင်ရပါတယ်…
ကိုယ့်မှာရှိတဲ့ စာအုပ်တွေ ထဲကလည်း ဖတ်ပြပေးလို့ရပါတယ်။
သူတို့တွေ အတွက် အဝတ်အစားနဲ့ အခြားလိုအပ်တာတွေလည်း လှူချင်ရင် လှူလို့ရပါတယ်။
သူငယ်ချင်းတို့ အားလုံး အမှန်တကယ် လိုအပ်တဲ့ နေရာလေးတစ်ခုမှာ လှူဒါန်းနိုင်အောင် မျှဝေလိုက်ရပါတယ်။

3 comments

  • etone

    October 12, 2010 at 5:27 am

    မျက်မမြင်ကျောင်းကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်မရှိဘူးလား ။ အလှူတန်းလေးဘာလေးလည်း တစ်တပ်တစ်အားလုပ်လို့ရအောင်လေ ။

  • search123

    October 12, 2010 at 5:35 am

    ရှိပါတယ်။အခု တင်ပေးလိုက်ပေးပါတယ်။
    လတ်တလော မှာကို ကျောင်းမှာ လာအပ်ထားပေမဲ့ ကျောင်းစရိတ် မတတ်နိုင်တဲ့ ကလေးတွေရှိပါတယ်။
    သူတို့ အတွက် လှူလို့ ရပါတယ်။

    အသေးစိတ် အကြောင်းအရာကို
    သိချင်တယ် ဆိုရင် ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) ၊ အမှတ် (၁၆၅)
    ဗဟိုလမ်း၊ (၂) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း
    (ဝ၁-၆၆၁၆၈၉ ၊ ၆၆၂ဝ၃၄)၊ Email: mcfb@mptmail.net.mm,mcfb.admin@gmail.com တို့ သို့ ဆက်သွယ်
    စုံစမ်းနိုင် ပြီး ခဝဲခြံ မျက်မမြင်ကျောင်း၏ ဝက်ဘ်ဆိုက် http://www.mcfblind.com တွင်လည်း ကြည့်ရှု နိုင်ကြောင်း သိရှိရ ပါသည်။

  • kopauk mandalay

    October 12, 2010 at 11:32 am

    အင်မတန်မှကောင်းမွန်သော ဒါနလေးပါခင်ဗျာ။
    သာဓုခေါ်ပါတယ်။
    ပြည့်နေသောရေကန်များထဲကိုရေလိုက်ဖြည့်တာထက်စာရင် ဒီလိုအိုးလေးတွေထဲရေဖြည့်ဘို့က ပိုလိုအပ်ပါတယ်။

Leave a Reply