ဗိုလ်ချုပ်ကြီးဟောင်း NLD ဦးတင်ဦးအား ကန်တော့ပွဲ

ဗိုလ်ချုပ်ကြီးတင်ဦး အန်အယ်လ်ဒီ

မိုးမခ မီဒီယာမှာ ကာကွယ်ရေးဦးစီချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဦးတင်ဦးကို ကန်တော့ပွဲလုပ်မယ်ဆိုလို့ စင်ကာပူရှိ အွန်လိုင်းမိတ်ဆွေများကို လက်တိုလိုက်ပါတယ်။ သွားဖြစ်အောင်သွားကြပါ။ အဘ (သူမှတကယ့်အဘအစစ်) ကအသက် ၈၃နှစ်ရှိပါပြီ။ နောင်မှ မဆုံမိလိုက်ရလေခြင်းလို့ မဖြစ်လိုက်ရလေအောင် တခေတ်မှာတယောက် တတပ်မှာတဦးလို့ (စကားအဖြစ်ပြေတာပါ၊ အခြားသော စစ်သားကောင်းတွေလဲ ရှိပါတယ်) ပြောနိုင်တဲ့ ဘဘဦးတင်ဦးကို သွားနှုတ်ဆက်ကြပါလို့။ တဆက်ထဲမှာလည်း အဘဦးတင်ဦးတို့၊ ထောက်လှမ်းရေး မျက်မှန်ကြီးဦးတင်ဦးတို့ကို မှီလိုက်သူများ သိမှီသလောက်ကို ပို့စ်တင်ပေးနိုင်ရင် သိပ်ကောင်းပါလိမ့်မယ်။ သတင်းအပြည်အစုံကိုတော့ ဒီလင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။

http://moemaka.com/index.php?option=com_content&task=view&id=7356&Itemid=1

ဗိုလ်ချုပ်ကြီးတင်ဦး အန်အယ်လ်ဒီ

Dear members of Burmese community, Singapore

You are cordially invited to the respect-paying ceremony of Thura U Tin Oo. This event is organized to pay tribute to his renowned integrity, honesty, sacrifices and dedication to the democratic cause of our motherland.

Venue: Toa Payoh Burmese Buddhist Temple
Date: 10 Oct 2010, Sunday

Time: 1:00 pm ~ 2:00 pm

Needless to say, Thura U Tin Oo (83 years old) is one of the all-time greatest and finest people’s leaders of Burma. Let’s come together to pay respect to the respectful person. Let’s take this rare opportunity of honouring the honourable person.

Best Regards
Wunna
(On behalf of the organizers)
Contact: (065) 9227 6490

One comment

  • maungmoenyo

    October 9, 2010 at 10:40 pm

    လွန်ခဲ့တဲ့နှစ် ၄ဝ လောက်ကအင်ဗွီုင်းခန်းမကတပ်မတော်နေ့အခန်းအနားမှာ လာကြည့်တဲ့ကလေးတွေကိုတယုတယ (ကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်ပေမဲ့) နှုတ်ဆက်ခဲ့တာကိုတွေ့ဘူးလို့လေးစားမိပါရဲ့။ ဒ့ါအပြင်၊ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် တပ်မတော်နဲ့ပြည်သူတရပ်လုံးကအထူးချစ်ကြောက်ရိုသေခြင်းခဲ့ရတဲ့စစ် ခေါင်းဆောင်တဦးပါ။ စင်္ကံာပူမှာမို့လာတွေ့ခွင့်မရပေမဲ့ကျန်းမာရေးကအစအတွက်ဆုတောင်းလိုက်ပါတယ်။ “မြန်မာနိုင်ငံဒီမိုကရေစီ ၇ရှိတဲ့အခွင့်အရေးထူးကြီးကိုမြင်တွေ့ကြုံကြိုက်ခွင့်ရပါစေ”…လို့။

Leave a Reply