ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

မမေလးOctober 9, 20101min832


ဆေးလိပ်ဖြတ်ပြီးချိန်မှာ
– ဆေးလိပ်ဖြတ်တဲ့ အကြောင်းချရေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုပါ စာရင်းနဲ့ ချရေးပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းအရင်း
စာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ပြီး မနက်တိုင်းရွတ်ပေးပါ။
– ပန်းအိုးထားရှိပါ။ အခန်းထဲမှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။
– သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည်သုံးပါ။
ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နံ့ကင်းတဲ့
ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ် ဆိုတာ သင်သိလာမှာပါ။
– သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်
အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။ သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။

– ငွေစုပါ၊ နေ့စဉ်ဆေးလိပ်ဖိုး အတွက် ကုန်ကျငွေတွေကို စုဘူးထဲမှာ စုဆောင်းပါ။
– လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောလ်ပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။
– ဆေးလိပ်သောက်ခွင့် ပြုတဲ့နေရာတွေကို ရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေဝါးနေလိုက်ပါ။
– ဆေးလိပ်မသောက်တဲ့ သူတွေနဲ့ ပေါင်းပါ။ ဆေးလိပ်သောက်တဲ့ သူတွေနဲ့ နေရင် ဆေးလိပ်သောက်ချင်စိတ်ကို ကျော်လွှားနိုင်ဖို့ မလွယ်ပါဘူး။

ဆေးလိပ်သောက်ချင်စိတ် ပေါ်လာတဲ့ အခါ
– ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပန်းသီးစိတ်၊ မုန်လာဥနီစတာတွေကို ကိုက်ဝါးပါ။ ဆေးလိပ်သောက်ချင်စိတ် လျော့သွားပါလိမ့်မယ်။
– ရေချိုးပါ။ ရေချိုးလိုက်ခြင်းဖြင့် စိတ်အပန်းပြေသွားပါလိမ့်မယ်။
– အသက်ပြင်းပြင်းရှူထုတ်ပါ။ ဒီနည်းအားဖြင့် ကြွက်သားတွေ ပြေလျော့ကာ စိတ်အေးချမ်းစေပါတယ်။
– အလျှော့မပေးဘူးဆိုတဲ့ စိတ်ကိုထားရှိပါ။ ဒါဆိုရင် ဆေးလိပ်ပြတ်သွား ပါလိမ့်မယ်

2 comments

  • leohero

    October 10, 2010 at 9:02 am

    အဲ့အချက်တွေအားလုံးထက်စာရင် ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့ကအဓိကကျတယ် …… စိတ်မနိုင်တဲ့လူဆို ဘယ်လိုဘယ်နည်းနဲ့လုပ်လုပ် မရပါဘူး ….

  • windtalker

    November 11, 2011 at 7:24 pm

    ကောင်းဗျာ ၊ ဆေးလိပ် ဖျက်ချင်နေတာနဲ ့အတော်ဘဲ ၊ စမ်းကြည့်ဦးမယ်ဗျို ့

Leave a Reply