မြန်မာ့သမိုင်း ထင်ရှားသည့် ဓါးများ

CharTooLanOctober 12, 20101min29010

<<>>

မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး (ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့်သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ဝါပိုးဝါ ကြမ်းခင်မှ ဝါး ၅လုံးပါ ပြတ်သည်) *

ရွှေဓါးဗိုလ်၏ ကိုးသင်္ချီုင်း သံဓါး (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။) *

ဒွတ္တပေါင်းမင်းကြီး၏ဓါး (တစ်ချက်ထဲနှင့် နွားလည်ပင်းအကွင်းလိုက် ပြတ်သည်။) *

စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။) *

ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။) *

ဗျည်းနွဲ့၏ဓါး (ကျောက်ထု တစ်တောင်ကိုပြတ်သည်။) *

မက္ခရာမင်းသားကြီး၏ မက္ခရာဓါး (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။) “ငါတို့ရဲ ့ မြန်မာသိုင်းပညာ၊ မြန်မာ့ငှက်ကြီးတောင်ဓါးဟာ သူတစ်ပါးကို အနိုင်ကျင့်ဖို့၊ ရန်ညှိုးကို ကလဲ့စားချေဖို့၊ လူတစ်ကားနဲ့ ရန်ဖြစ်ဖို့ အတွက် ထားခဲ့တာမဟုတ်ဘူး ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာ ငါတို့သာသနာကို စော်ကားတဲ့ လူတွေကို ဆုံးမဖို့အတွက်သာဖြစ်တယ် ”
ဆရာကြီးဦးလွင် (ပင်မပွဲကျောင်း)……………..

<>

ဓါး၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓါးအလယ်မှ ကိုင်ကာလက်ဖဝါးပေါ်တင်ပါက ငြိမ်နေရမည်။ အရှေ ့ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ်သည်။ ထိုသို့သော်ဓါးမျိုးများသည် ဓါးကောင်း စာရင်းမဝင်ပါ။ အရှေ ့အနောက် မညွတ်ဘဲ ငြိမ်နေသည့်ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။

မြန်မာသမိုင်းကြောင်းတလျှောက် ငှက်ကြီးတောင်ဓါးရဲ ့ အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။ ငှက်ကြီးတောင်ဓါးဖြင့်ကစားရသော ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃ရ ချင်း၏ အခြေခံဓားကွက်များဖြစ်ကြသည်။ ၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာတပြိုင်နက်တည်း မှာပင်မတူညီသော ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃ရ ချင်းတတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။

<>

မြန်မာမင်းများလက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် ယှဉ်ပြိုင်ရသော ဓါးပြိုင်ပွဲများ တွင် ဓါးရေး ၃ရ ချင်းဖြင့် အစွမ်းပြခဲ့ကြသည်။
ထိုဓါးရေး ၃ရ ချင်းမှာ………..

1. ဓားချီ
2. ဓားခင်း
3. မျက်နှာကာ
4. ဓားလှ
5. ဓားလျှိုး
6. မှောက်ထိုးရပ်
7. ရင်ခွဲ
8. အသားလှန်
9. ဓားခုတ်
10. ဇင်ယော်သုတ်
11. တဖက်ထိုး
12. ရှေ့လှည်း
13. နောက်လှည်း
14. ရွှေနှုတ်မြွက်ယာလှ
15. ရွှေနှုတ်မြွက်ဝဲလှ
16. စွန်သုတ်
17. ပါးကပ်
18. ပန်းကုံးဖြတ်
19. ဓားလွှင့်
20. ပန်းကုံးသီ၊
21. ဆက်ရက်ခုန်
22. မီးတိုင်ပြ
23. ပိုးချည်လွှား
24. သက်တင်ရေသောက်
25. ရွှေဘယက် လည်လျောက်
26. ဒေါင်းမြီးကာ
27. ကျားမြီးဆွဲ
28. ဓားရွက်
29. လက်ကောက်ဝတ်
30. မောင်းကပ်
31. ရွှေနှုတ်လည်လျောက်
32. နောက်လည်လျောက်
33. ဓားသွဲ့
34. ဓားပြ
35. တဖက်နှုတ်
36. နှစ်ဖက်နှုတ်
37. နောက်လှည့် တို့ ဖြစ်ပါသည်။

Source:http://www.myanmarfriendconnect.com

10 comments

  • SP

    October 12, 2010 at 12:30 pm

    ဓါး ဗဟုသုတ ရတာပေါ့

    • ငပေါက်ဖော်

      January 9, 2012 at 6:02 pm

      ဟေ့..ဟေ့..
      ငါ့ပုလင်း ပြန်ပေး..ပြန်ပေး..

  • thihayarzar

    October 12, 2010 at 8:05 pm

    သမိုင်းစာအုပ်ထဲမှာတော့မပါဘူးနော် …. ဘာလို့မထည့်တာလဲမသိဘူး … မသိသေးတာလေးတွေအများကြီးပါလို့ ကျေးဇူးတင်ပါတယ် ….

  • cobra

    October 15, 2010 at 9:07 am

    ကျေးဇူးပါ ဗဟုသုတလေးတွေရတာပေါ့…။

  • nature

    January 9, 2012 at 2:40 pm

    မြန်မာပြည်မှာငှက်ကြီးတောင်ဓါးကနာမည်ကြီးပဲ။ မက္ခရာဓါးကလည်းတကယ်ရှိခဲ့တာကိုး။ မက္ခရာဓါးသိုင်းဝထ္ထုက တရုပ်သိုင်းကားကိုဘာသာပြန်ထားတာဆိုတော့ မက္ခရာဓါးကို တကယ်မရှိဘူးထင်နေတာ။ အခု ဘယ်သူ့ဆီရောက်နေပါလိမ့်။ 🙂

  • kai

    January 9, 2012 at 3:22 pm

    ဂျပန်ဆာမူရိုင်းဓါးက… အိမ်တွင်းဧည့်ခန်း တန်ဆာဆင်ပစ္စည်းဖြစ်ပြီး.. ဂျပန်အလည်သွားတဲ့ တိုးရစ်တွေဝယ်ကြတယ်..။
    အင်မတန် သေသေသပ်သပ်လုပ်ထားတာပါ..။
    ဧည့်ခန်းမှာ ခန့်ခန့်ထားလို့ရအောင် ကောင်းပါတယ်..

    မြန်မာ့ငှက်ကြီးတောင်ဓါး.. သေသေသပ်သပ်.. မှန်ဘီလူးနဲ့ ၂ဆချဲ့ကြည့်အပြစ်မမြင်အောင် အနုစိတ်လုပ်ပြီး.. ရောင်းစားနိုင်ရင်ကောင်းမှာ..
    ဓါးတင်စင်ကလေးကို.. မြန်မာ့ကျွန်းနဲ့ ကနုပ်နဲ့သပ်သပ်ရပ်ရပ်.. ဗဲလှူးထပ်ပေါင်းပေါ့..။

  • ကိုရင်စည်သူ

    January 9, 2012 at 4:00 pm

    ဓါးသိုင်းကျင့်နေတဲ့ ကိုရင့်ကို ဘယ်သူများ
    ဓါးးး လက်ဆောင်ပေးချင်ကြလဲ…

    မီးဖိုချောင်မှာ ဝက်သားလှီးတဲ့ဓါးနဲ့
    လေ့ကျင့်နေတယ်ပြောဒါပါ။…. 😎 😆

  • nature

    January 9, 2012 at 4:19 pm

    မှတ်မိသေးတယ်။ တရုပ်သိုင်းဝထ္ထုတွေ ကာတွန်းတွေ ခေတ်စားတော့ ဘာရမလဲ မြန်မာပြည်က လည်းအားကျမခံရုပ်ရှင်ရိုက်တယ်။ ဓါးဘုရင်တဲ့။ ဝထ္ထုဖတ်တာမှကောင်းသေးတယ်။ ရုပ်ရှင်ကြည့်လိုက်မှ အရသာကိုပျက်သွားတာပဲ။

  • char too lan

    January 9, 2012 at 4:34 pm

    အယ်…. ဒီကလေး အဆင့်တွေကျပါလားအောက်မေ့တယ် ဘယ်ဟုတ်မလဲ သိုင်းဝထ္ထုတွေပဲခိုးဖတ်နေတာကိုးးးးးးးးးးးးးးးး 😛

  • kaung kin pyar

    January 9, 2012 at 4:43 pm

    ဓားစုတာတော့ ဝါသနာပါပါတယ်။ ကိုယ့်ဓားကိုယ်သိမ်းထားတာက ဧည့်ခန်းထဲချိတ်ထားတာထက်စာရင် ပိုအန္တရာယ်ကင်းမယ် ထင်တယ်။ မတော် စိတ်တိုလို့ တစ်ယောက်ယောက်အလွယ်တွေ့နေတဲ့ဓားနဲ့ ထ ခုတ်နေမှ ပြေးပေါက်မှားမယ်။

Leave a Reply