အမှန်ကဘာလဲ

NDF ပါတီ က ခမောက် လိုဂိုသုံးပြီး  NLD ယောင်ဆောင်ပြီး ပြည်သူတွေကိုမဲဆွယ်တယ်။ (ခမောက်မြင်တိုင်း NLD မထင်နဲ့)။ ၈၈၈၈ ပါတီ က ၈၈၈၈မျိုးဆက်ကျောင်းသားပါတီ အယောင်ဆောင်ပြီး ပြည်သူတွေကိုမဲဆွယ် တယ်။ တကယ့် ၈၈မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့   ကိုကိုကြီးတို့ ကိုဂျင်မီ တို့ကတော့ ထောင်ထဲမှာပါဘဲ။ ဒီလိုအယောင်ဆောင်တွေကိုပြည်သူတွေသတိထားဖို့လိုအပ်တယ်လို့မြင်မိပါတယ်။ တခြားပါတီတွေ လည်းအစိုးရ အလိုကျလို့ဘဲမြင်မိတယ်။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ တယ် “ပြည်သူတွေ မှာ မဲပေးပိုင် ခွင့်ရှိသလို မဲမပေးပိုင်ခွင့်လဲရှိတယ်”လို့။

အယောင်ဆောင်တွေအများကြီးထဲမှာ ပြည်သူတွေသတိတော့ထားသင့်တယ်။