မိတ်ဆွေအပေါင်းအသင်း တိုးပွားစေဖို့ ဘာအဓိကကျပါသလဲ

manawphyulayOctober 9, 20101min12410

လူ…. လူရယ်လို့ ဖြစ်လာရင် စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်ကြရမှာ အမှန်ပဲမလား။ အဲဒီအတွက် စီးပွားရေး၊
လူမှုရေးကလည်း တစ်ဖက်တစ်လမ်းပါဝင်နေပြန်ပါရော…
ကျွန်မ ပြောချင်တာက ဘာလဲဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဆက်ဆံတတ်ဖို့

အဓိကအရေးကြီးဆုံးပဲလို့ ထင်မိပါတယ်။ လူမှုပေါင်းသင်း ဆက်ဆံရေးဆိုတဲ့နေရာမှာ အရေးပါနေလို့ပါပဲ။ ဒါပေမယ့်

ဆက်ဆံရေးမှာ မိမိအား တစ်ဖက်လူ အထင်ကြီး လေးစားအောင် လုပ်မယူသင့်သလို အထင်သေးအောင်လည်း

မနေသင့်ဘူးလို့လည်း မြင်မိတယ်လေ။ အရှိကို အရှိအတိုင်း ကိုယ့်ရဲ့စိတ်သဘာဝအတိုင်း ပြုမူဆောင်ရွက်ရင် လူအများနဲ့

သဟဇာတ တည့်နိုင်ပါတယ်။
လူအများကြား အမြဲလက်မ ထောင်ချင်နေလို့မရသလို တစ်ချိန်ချိန်မှာ မိမိခြေချော်လက်ချော်

ရှုံးနိမ့်သွားခဲ့ရင်လည်း တစ်ပါးသူရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရနိုင်ပါတယ်။  အဲဒီလိုပဲ စစ်မှန်တဲ့ခင်မင်မှုကသာ အပေါင်းအသင်း

မိတ်ဆွေမှာ တစ်ဦးကို တစ်ဦး အထင်ကြီး လေးစားမှုရှိမှ ခင်မင်မှုဟာ ကြာရှည်ခိုင်မြဲတာပါ။ ကိုယ်က အထင်သေးအောင်

ပြုမူပြောဆိုနေထိုင်မိရင် မိတ်ဆွေအပေါင်းအသင်းကြားမှာ အရေးမပါ အရာမရောက်တဲ့ လူဖြစ်သွားပါလိမ့်မယ်။ ဒီလိုပဲ

ခင်မင်မှုနဲ့ အထင်ကြီးမှုဆိုတာ ခွဲခြားမရပါဘူး။ ဘာတွေအထင်ကြီးမှာလဲ ဟုတ်ပြီးနော် စဉ်းစားစရာလိုလာပါပြီ။ ငါဟာ

ချမ်းသာတယ်။ မိသားစုက ဘယ်လိုဆိုတဲ့ ကြွားလုံး ဟိတ်လုံး ဟန်လုံးတွေဟာ တကယ်မဟုတ်ပဲနဲ့ ပြောခဲ့မိရင်

ရေရှည်တည်တံ့နိုင်မှာလား။ အထင်ကြီးတယ်ဆိုတဲ့စကားဟာ တာသွားတယ်နော်။ မိတ်ဆွေပဲ စဉ်းစားကြည့်လေ

စိတ်ရင်းနဲ့ခင်မင်ကြတဲ့လူတွေကြားမှာ ဒါတွေ လိုအပ်သလား…. ကျွန်မအတွက်တော့ မလိုအပ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး

ခင်မင်တယ် မိတ်ဆွေဖြစ်တယ်ဆိုတာဟာ စိတ်ရင်းကောင်းနဲ့ ဆက်ဆံကြလို့ပါ… သူဟာ ဘာမို့လို့ဆိုတဲ့စိတ် အတွေး

ဒါတွေထည့်ပြီး ဆက်ဆံခင်မင်တယ်ဆိုရင် ဒါဟာ ခင်မင်မှု အစစ်အမှန်ဖြစ်နိုင်ပါတော့မလား ဟုတ်ပြီနော်…

အထင်သေးတယ်ဆိုတဲ့နေရာမှာလဲ သူဟာ ဆင်းရဲလို့၊ ငတ်ပြတ်နေလို့၊ မွဲတေနေလို့ဆိုတဲ့ ပညတ်ချက်ကြောင့်

မဟုတ်ပါဘူး။ ဘာလဲဆိုတော့ သူများကို ညာလို့ နောက်တစ်ချက်က ငါ ဘာပြောပြော ယုံနေတာပဲဆိုတဲ့ မိတ်ဆွေတွေပေါ်

ထားတဲ့အတွေး မမှန်ကန်လို့ပဲ ဖြစ်ပါတယ်။ သူများကို ညာတယ်လိမ်တယ်ဆိုတာ အမှန်ပြောရရင် အဲလို လူမျိုးဟာ

တော်တော်သနားဖို့ကောင်းတဲ့သူလို့ ဆိုရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက ဟောထားတယ်လေ။

သူများကို ညာခြင်းဟာ မိမိကိုယ်ကိုယ်သာ လိမ်တာ ညာတာဖြစ်တယ်တဲ့။ အရင်ဆုံး မကောင်းမှုဟာ သူများဆီ

မကျရောက်ပဲ ကိုယ်ပြုသောကံ ကိုယ်သာခံဆိုတဲ့ အတိုင်း မိမိ ဘာမကောင်းတာလုပ်လဲဆိုတာ စိတ်က

အရင်ဆုံးသိနေလို့ပါပဲ။ ငါ သူများ ညာလို့ရမယ် ငါ့ကိုယ်ငါ ညာလို့မရပါလားဆိုတဲ့အသိ ဝင်သွားပြီနော်။ ဒီတော့

နောက်တစ်ချက်က တစ်ဖက်လူက အထင်သေးအမြင်သေး ဖြစ်သွားအောင် မိမိသာ ဖန်တီးခြင်း ဖြစ်ပါတယ်။

တွေ့ကြုံဆုံကြ ခဏတာမှာ တစ်ဦးနဲ့တစ်ဦး ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ မရှိကို အရှိလုပ် မသိတာကို

အသိအတတ်လုပ်ပြောခြင်းဟာ တစ်ဖက်လူရဲ့ အထင်အမြင်သေးခြင်းကို ခံရမှာပါ။
ဒါကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးဆုံးကတော့ စိတ်ကို စိတ်နဲ့ပေါင်းခြင်းပါပဲ။ တစ်ဖက်လူက

အထင်ကြီးအောင် လုပ်ယူစရာမလိုသလို အထင်သေးအောင်လည်း မလုပ်သင့်ပါဘူး။ မိမိရဲ့ပင်ကိုစိတ်ထားအတိုင်းသာ

လူတိုင်းလူတိုင်း လုပ်ဆောင်နေကြမယ်ဆိုရင် တစ်ဖက်လူဆီက ယုံကြည်လေးစား အထင်ကြီးမှုတွေဟာ

လုပ်ယူစရာမလိုပဲ အလိုအလျောက် တဖြည်းဖြည်းနဲ့ ကိုယ်ဆီကို ရောက်ရှိလာမယ်လို့ ကျွန်မ ယုံကြည်ရင်းနဲ့

မိတ်ဆွေအပေါင်းအသင်း တိုးပွားအောင် ကြံဆောင်နိုင်ဖို့ အားလုံးကို စိတ်ရင်းနဲ့ ပြောလိုက်ပါရစေ…..

10 comments

  • kopauk mandalay

    October 9, 2010 at 11:44 am

    မိတ်ဆွေအပေါင်းအသင်းတိုးပွားအောင်နေနည်းက တော့ မိမိဘက်က စတင်လို့ရိုးသားဘို့လိုပါတယ်။
    ရိုးသားသူအတွက် မိတ်ဆွေကောင်းမရှားပါ။
    မရိုးသားသောသူကလည်း ရိုးသာစွာနေသူနဲ့ အတူကြာကြာမနေပါ။

  • ဆူး

    October 9, 2010 at 11:54 am

    နောက် တခုကတော့ မိတ်ဆွေ = အခြွေအရံ ခြွေနိုင်မှ ရံမှာ..

  • manawphyulay

    October 9, 2010 at 11:56 am

    ကိုပေါက် မန်းလေးကရော ဘယ်လိုလူမျိုးပါလဲ……
    ဆူးရေ…
    မခြွေလည်း ရံနိုင်ဖို့
    စိတ်ကို စိတ်ချင်း
    ခင်မင်စို့……

  • bigcat

    October 9, 2010 at 5:25 pm

    ဟုတ်ပါတယ်။ ကိုယ့်မှာရှိတာထက် ပိုပြီုးလုပ်မပြတာ အကောင်းဆုံးပါပဲ။ ကိုယ့်ကိုယ်ကို ပိုပြီးတော့လည်း ရှိအောင်အမြဲ လုပ်နေရမှာပေါ့လေ။

  • manawphyulay

    August 24, 2011 at 4:55 pm

    ခင်မင်မှုကို စိတ်ရင်းမှန်နဲ့ ရေရှည်အတွက် ဟန်ဆောင်မှု ကင်းကင်းနဲ့ ဆက်ဆံနိုင်ရင် ကိုယ့်ရဲ့ဝန်းကျင်နယ်မြေ ပိုမိုကျယ်ပြန့်လာမယ်လို့ မျှော်လင့်နေမိပါတယ်။

  • Gipsy

    August 24, 2011 at 6:15 pm

    စကားဖွာ သူနဲ့ စကားနည်းသူ ရေရှည် မလွယ်ပါ၊
    မုန်းစေရန်လွယ်ကူပါသည်၊
    ချစ်စေရန် လွန်စွာခက်ပါသည်။

  • pyinlepyaw

    August 24, 2011 at 6:17 pm

    ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ထား တတ်တဲ့သူတွေ က လောကကြီးမှာ ခဏတာ
    ပင်ကိုယ်ပကတိ ရိုးသားသမှုပြုသူတွေက လောကကြီးမှာ တစ်သက်တာ …

  • မီးမီး သော်

    August 24, 2011 at 6:24 pm

    ချစ်စကိုရှည်စေ မုန်းစတိုစေ. တဲ့။စကားကြွံရင်နှုတ်မရကြမ်းကြွံရင်တော့နှုတ်လို ့လွယ်ပါသေးတယ်။အားလုံးသောလူသားများ မုဒိတာပွားများရင်း MG ရွာကြီး စိုပြေသာယာပါစေ—-ဆုမွန်ခြွေလျှက်ပါနော့

  • မီးမီး သော်

    August 24, 2011 at 6:27 pm

    “” လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးဆုံးကတော့ စိတ်ကို စိတ်နဲ့ပေါင်းခြင်းပါပဲ။ တစ်ဖက်လူက
    အထင်ကြီးအောင် လုပ်ယူစရာမလိုသလို အထင်သေးအောင်လည်း မလုပ်သင့်ပါဘူး။ မိမိရဲ့ပင်ကိုစိတ်ထားအတိုင်းသာ
    လူတိုင်းလူတိုင်း လုပ်ဆောင်နေကြမယ်ဆိုရင် တစ်ဖက်လူဆီက ယုံကြည်လေးစား အထင်ကြီးမှုတွေဟာ
    လုပ်ယူစရာမလိုပဲ အလိုအလျောက် တဖြည်းဖြည်းနဲ့ ကိုယ်ဆီကို ရောက်ရှိလာမယ်”””

    ခုလိုစာကောင်းလေးတွေကို ဝေမျှပေးတဲ့ မမမနောရေ ကျေးဇူးပါနော်

  • thit min

    August 24, 2011 at 6:32 pm

    မိတ်ဆွေအပေါင်းအသင်း တိုးပွားစေဘို့ ရိုးသားဘို့လိုသလို……..မိမိဘက်ကတတ် နိုင်တာလေး ကို.. သူများကိုကူညီတတ်ဘို့ အရေးကြီးဆုံးပါပဲ။….များများကူညီတတ်တဲ့ သူတွေမှာ မိတ်ဆွေအပေါင်းအသင်း အများကြီးရှိတာတွေ့ဖူးမှာပါ။
    ..မိတ်ဆွေ”ကောင်း”ရဘို့ကတော့ ..မိမိကိုယ်တိုင်က အများအပေါ်မိတ်ဆွေကောင်း..”ဖြစ်နေဘို့ “အဓိကကျပါတယ်။

Leave a Reply