ကျနော်စာသင်ဘူးတယ် ….. သူငယ်တန်းကစပြီး ….. IELTS …GCE ထိ ……။
အဲဒီတော့ …ကလေးတွေရဲ့ course တွေကိုသိနေတယ် …။ အထူးသဖြင့် သူများနိုင်ငံနဲ့ ခြားနားချက်တွေ .. သင်ပုံသင်နည်း teaching method တွေပေါ့။
မတူတာကတော့မပြောပါနဲ့တော့ …. အတော်လေးနောက်ကျနေပြီ ..နိုင်ငံရပ်ခြားမှာ ပညာသင်ခဲ့သူတွေပိုသိမှာပေါ့ ….။

တကယ်တန်းက ကျနော်ဒီအကြောင်းတွေသာရေးနေတာ …ပညာရေးဝန်ကြီးရဲ့အလုပ်ဗျ ..။ ကျနော် ကလေးတွေသနားလို့ပါ …။
မလိုအပ်ဘဲ အလွတ်ကျက်ရ ..ကျူရှင်ယူရ ..နဲ့ စာနဲ့ဘဲအချိန်ကုန်နေကြရတာ … သူတို့ခေတ် အသက်ရှည်ရှည်နေရဘို့တော့လမ်းမမြင်ဘူး ..။

ပထ၀ီလိုမျိုး ..သမိုင်းလိုမျိုး ..သိပ္ပံလိုမျိုး အလွတ်ကျက်ရတာ နဲနဲ တော်သေးတာပေါ့ …။
အင်္ဂလိပ်စာ ဆို ပြဌာန်းထားတာတွေက … သိပ်အကျိုးမရှိလှဘူး …အငယ်တန်းတွေပိုဆိုးသေး ….။

အဲဒါတွေ အလွတ်ကျက်ခိုင်းပြီး .. စာမေးပွဲဖြေခိုင်းနေတာ … ကျနော့အမြင်တော့ ကလေးတွေ ပင်ပန်းသလောက် အကျိုးမဖြစ်တာပါ ..။
အခုအချိန် ကတော့ ဘယ်ထဲ့တွက်နိုင်မှာလဲ …. ရွေးကောက်ပွဲပြီးရင်တော့ အနိုင်ရအမတ်မင်းများ စဉ်းစားကြပါအုံးလို့ …….

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.