ဆုန်သင်းပါရ်မင်္ဂလာပွဲ မေလတွင် ကျင်းပမည်

BayoteApril 1, 20101min1617

အဆိုတော်ဆုန်သင်းပါရ်သည် သူမ၏ချစ်သူ ဆန်ဇာလျန်းနှင့် ယခုနှစ် မေလ၅ရက်တွင် ဆီဒိုးနားဟိုတယ်၌ မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ “အစ်မရဲ့ မင်္ဂလာပွဲကို ၅ရက်နေ့မှာလုပ်ဖို့ စရန်ယူထားတယ်။ အစ်မရဲ့ ချစ်သူကတော့ ဂျပန်ကနေ ၂ရရက်လောက်မှ ပြန်ရောက်မှာဆိုတော့ ရက်အပြောင်းအလဲတော့ ဖြစ်ဖို့ရှိတယ်။

သေချာတာတော့ မေလထဲမှာ လက်ထပ်မှာပါ”ဟု သူမက ပြောသည်။ ဆုန်သင်းပါရ်သည် ချစ်သူဆန်ဇာလျန်း(ခ)ထင်အောင်နှင့် ၂၀၀၉ခုနှစ် ဧပြီလက စေ့စပ်ကြောင်းလမ်းခဲ့ပြီး သူမ၏ချစ်သူမှာ ဂျပန်နိုင်ငံတွင် ဗိသုကာပညာရပ်ကို သင်ကြားနေခြင်းဖြစ်ကာ ယခုအခါ ကျောင်းပြီးခဲ့ပြီဖြစ်သော ချစ်သူနှင့် လက်ထပ်ပွဲပြုလုပ်ခြင်း ဖြစ်သည်။ ချစ်သူသက်တမ်း သုံးနှစ်နီးပါးရှိပြီဖြစ်ပြီး သူမနှင့် ဘာသာလည်းတူ၍ ချင်းတိုင်းရင်းသားမျိုးနွယ်လည်း တူသူဖြစ်သည်။ ယခုနှစ် သင်္ကြန်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ “တောင်ကြီးမှာ ICမဏ္ဍပ်နဲ့ သီချင်းတွေဆိုမယ်”ဟု ဖြေကြားသည်ဟု 7 Days New ဂျာနယ်တွင်ဖော်ပြထားပါသည်။

7 comments

  • susunosuki

    April 17, 2010 at 3:57 pm

    ဆုန် ရဲ့ပရိတ်သတ်ပါ
    မင်္ဂလာရှိသော လက်ထပ်ပွဲ တစ်ပွဲဖြစ်ပါစေ
    အိုအောင် မင်းအောင်ပေါင်းရပါစေ

  • nyi

    April 19, 2010 at 9:12 am

    အိုသွားတဲ့ အထိ ပေါင်းတာတော့ပာုတ်ပါပြီး။
    မင်းအောင် ကဘာလိုပေါင်းရတာလဲ..။
    ရှင်းပြပါဦး…။

  • HayMonChan

    September 13, 2010 at 3:54 pm

    nyi ရဲ ့comment ကို ထောက်ခံပါတယ်..
    ဟီဟီ.

  • cum min

    June 20, 2012 at 3:58 pm

    အော် သူတောင်လက်ထပ်သွားပြီးကို

    • etone

      June 20, 2012 at 4:31 pm

      cum min ရေ … ပို့စ်တစ်ခုကို ကော့မန့် မပေးခင် ဘယ်နေ့က တင်ထားတဲ့ပို့စ်လဲလို့ပြန်ကြည့်သင့်ပါတယ် … ။

      ကျွန်မမြင်ရသလောက်တော့ … cum min က ပို့စ်အဟောင်းအတော်များများကိုပဲ ရွေးပြီး မန့်နေတာ တွေ့ရသလိုပဲ …. ။

  • ကြောင်ဝတုတ်

    June 20, 2012 at 5:01 pm

    ရွာထဲမှာက ဆုံသင်းတုံတော့ လက်မထပ်သေးပါဘူးနော်…
    သူကျန်နေသေးတယ်…

    • water-melon

      June 20, 2012 at 7:00 pm

      ဆုံသင်တုံကလည်း မကြာခင်ကျွတ်တော့မှာပါ
      အဟီ ဘာကျွတ်မလဲတော့မသိ 😀

Leave a Reply