ကိုယ်ပိုင်ဘဝရဲ့ အတွေးအိမ်

manawphyulayOctober 9, 20101min716

ဘဝဆိုတာ
ပျော်ရာမှာ မနေရ
တော်ရာမှာနေရ
ဘဝနဲ့ အလှ
ဘာကို ရွေးချယ်မလဲလို့မေးရင်
လူတိုင်းလူတိုင်း
အလှကိုဘဲ ရွေးချယ်ချင်ကြတာပေါ့။
သဘာဝတရားကြီးက
လူတွေကို သူ့နေရာနဲ့သူ
နေရာမှန်ကို ပို့ဆောင်ပေးမြဲ
နေတတ်ဖို့ အရေးကြီးသလို
လမ်းမှန်ဖို့လည်း လိုတာပါပဲ။
လမ်းမှန်မှသာ
ကိုယ့်လျှောက်မယ့်လမ်းဟာ
ဖြောင့်ဖြူးမှာပေါ့။
ကိုယ်လျှောက့်မဲ့လမ်းကို
အဆုံးထိ လျှောက်မှ
လမ်းဆုံးကို ရောက်မှာပေါ့…..

6 comments

  • ဆူး

    October 9, 2010 at 12:24 pm

    လမ်းဆိုသည်မှာ ရွေးချင်တိုင်း မရ..
    ရသည့်လမ်းသည်လည်း ရွေးထားခြင်းမဟုတ်..
    ကံဇတ်ဆရာ အထာပေးလို့.. ရွေးခိုင်းတယ်..
    တယောက်သောသူ ငါကိုယ်တိုင် ခေါင်းမာလို့..
    ဇွတ်လျောက်တယ်.. မောချည်ပန်းချည်
    ဒီဘဝ ဒီမျှ နောက်ဆုတ်ရတယ်။..
    မမာနိုင်တဲ့ ခေါင်း.. သူလမ်းကြောင်း ပြောင်းကာ လျောက်ရတယ်.. ဆိုးလိုက်တဲ့ ဇတ်..

  • kopauk mandalay

    October 9, 2010 at 2:29 pm

    လမ်းဆုံးရင်ရွာတွေ့သတဲ့ရှေးကပြောထားတာလေ။
    လမ်းဆုံးရွာမတွေ့တော့ လည်းရွာလည်တာပေါ့ဗျာ။
    တစ်ခါတစ်လေတော့လဲ သဘာဝကြီးကလှည့်စားသလား
    ကိုယ်ကဘဲ အသလားတော့မသိဘူး ရွာလည်တာတွေက ပိုများသလားလို့ဗျာ။

  • michaelaungpu

    October 10, 2010 at 5:10 am

    ရွာ မလည်လိုက်ပါနဲ ့ ရွာတည်လိုက်စမ်းပါဗျ
    ဘာတဲ့ ရွာသစ်ကျေးရွာ။

    • ဆူး

      October 11, 2010 at 7:16 am

      အောင်ပု တည်ရင် အောင်ပုကျေးရွာပေါ့ကွ…

  • kglay

    October 11, 2010 at 7:32 am

    အစ်မ ဆုူး *တဲ့ကိစ္စ post မှာ comment လေးပေးပါအုံးဗျာ။

    • ဆူး

      October 11, 2010 at 7:47 am

      ဘာရေးပေးရမှာလဲ.. ဘာရေးရမှန်း မသိလို့ မရေးတာပါ

Leave a Reply