အားလုံးသို့ ပန်ကြားခြင်း

ဆူးOctober 9, 20101min16712

ဆူးတယောက် နေ့လည် နေ့ခင်း ပျင်းပျင်းရှိလို့.. တနေကုန် အွန်လိုင်းတက်.. ချက်တင်းလည်း ဘယ်သူနဲ့မှ စကားမပြောချင် ဖတ်စရာ ရတနာပုံ နေပြည်တော် သတင်းစာကို ဝင်ဖတ်နေပါသည်။ ထို့နောက်တွင် သူများရေးထားသော ပိုစ်များအား လိုက်၍ ကွန်မန့်ပေးပါသည်။ အရေမရ အဖတ်မရ စကားလည်း ပြောသလို အနှစ်ပါတဲ့ စကား (တခါတလေ) ပြောပါသည်။ ဘယ်ဘက်ခြမ်းမှာ Comments By Post ဆိုတဲ့ အောက်မှာ ရှိတဲ့ ပိုစ်နာမည်လေးတွေနဲ့ ကွန်မန့်ပေးထားတဲ့ နာမည်တွေ ကြည့်လိုက်ရင် ဆူး ဆိုတာကြီးဘဲ မြင်နေလို့.. မန်းလေးဂေဇတ်အား အားနာမိပါသည်။ ပိုစ်တွေ များတော့ ပွိုင့်၁ဝ တွေ အကြိမ်ရေ များများ တောင်း မိသလို ဖြစ်တဲ့ အတွက်.. တော်သေးတာက ကွန်မန့် တခု ၁ဝဘဲပေးလို့.. ၅ဝ ၁၀ဝ များပေးလိုက်ရင် ဆူးတို့ ၁လတခါ ၁သိန်း ထုတ်ရလေမလား မသိဘူး..သို့သော်.. ကွန်မန့်ပေးရတာ ပျော်ပါသည်။ တနေကုန် ဘာမှ အလုပ်မရှိ ကွန်မန့်ထိုင်ပေးနေသည့်အတွက် တခြားမန်ဘာများ မျက်စိ စပုန်မွေးစူးသလို ဆူးကို မြင်နေမှာ စိုးရိမ်မိပါသည်။ မျက်စိနောက်ရင် ခွင့်လွတ်ပြီး မမြင်သလိုနေပေးပါ။ ဘယ်သူမှတော့ လာရန်ရှာတာ မဟုတ်ပါဘူး.. ကိုယ်ဟာကို စာရင်းတွေကိုကြည့်လိုက်တာ ကွန်မန့် ပေးတဲ့ မန်ဘာမှာ ဆူးတွေ ကြီးဘဲ ဖြစ်နေလို့.. တခြားမန်ဘာတွေကို အားနာလို့ မျက်စိမနောက်ကြပါနဲ့လို့ ပြောချင်ပါတယ် ရှင်………. ကွန်မန့်တွေ ပေးတဲ့ အထဲမှာ သူတပါး စိတ်အနှောက်အယှက် ဖြစ်တဲ့ ကွန်မန့်တွေ ပါရင် ခွင့်လွတ်ပေးပါလို့..

12 comments

  • koyegyi

    October 9, 2010 at 2:00 pm

    ဖတ်နိုင်သလောက်ဖတ်ပြီး ကွန်မန့်ပေးနိုင်သလောက်သာပေးပါ။ သဘောထားတူတာရှိသလို မတူတာလည်းရှိမှာပါ။ ငြိမ်းချမ်းစွာကွဲလွဲကြတာပေါ့။

  • kopauk mandalay

    October 9, 2010 at 2:15 pm

    ကျနော်မှာတော့ အချိန်ဆင်းရဲလို့ သူများရေးထားတာတွေကို အမြဲမဖတ်နိုင်ပြန်ပါဘူး။
    အင်တာနက်ဆိုင်ရောက်တာနဲ့လိုင်းပွင့်တာတွေ့တာနဲ့စာချရေးဘို့ပြင်ရတော့တာ။
    တစ်ခါတစ်လေ စာရေးဘို့ စိတ်ကူးမရှိတဲ့နေ့ကျမှသာ စာတွေလိုက်ဖတ်ပြီးကော်မင်းတွေပေးရတာ။
    အများအားဖြင့် ကိုယ်စာကို ဖတ်ပြီးကော်မင်းတွေပေးကြတာကိုတောင် အားနာပါတယ် ။
    ကိုယ်နဲ့ရေးဖော်ရေးဖက်တွေရဲ့စာကိုတောင် ပြန်ပြီးကော်မင်းတေါမပေးမိလို့ပါ။
    ကျနော်တို့စာရေးသူတွေက ဖတ်ပြီးကော်မင်းပေးသူကိုမျှော်လင့်ပါတယ်ဗျာ။

  • naywoonni

    October 9, 2010 at 2:53 pm

    ဘာမှမပြောပဲပြန်သွားတာနဲ့စာရင်တော်သေးတာပေါ့ဗျာ…….
    ကျွန်တော့ကိုတော့အားမနာနဲ့များများပေး…

    naywoonni111@gmail.com

  • Gong Zhu

    October 9, 2010 at 4:20 pm

    နောက်ဆိုရင် Gong Zhu လည်း ပါလာတော့မှာပါ . . . 😛

  • michaelaungpu

    October 9, 2010 at 5:00 pm

    အခုလို ရင်ခုန်သံကလေးတွေ နားထောင်ရတာ ရင်ထဲမှာမကောင်းဘူးဗျာ
    အမှန်တရားတွေကို ခံစားမိတာ ကျွန်တော့် အပြစ်လို ့ပြောရင်လည်း ခံရတာပ
    ညီအကို တွေရေးတဲ့ ပို ့စ် တွေ ကို တတ်နိုင်သလောက် ဝင်မန်းပေးနေရတာက
    သူငါတွေ ဖတ်စေချင် လို ့ပါဗျာ
    ငပေါလို ့ဘဲပြောပါ ကျေနပ်ပါတယ်ဗျ
    ဩာ် ……………
    တော်ရာမှာ နေကြပါလေတော့
    ကိုယ့်ထိုက်နဲ ့ကိုယ့်ကံ

  • bigcat

    October 10, 2010 at 3:28 am

    အေးပေါ့လေ၊ တော့ပ်တန်းထဲဝင်နေပြီဆိုတော့ ပြောအားရှိပြီပေါ့။

    • ဆူး

      October 10, 2010 at 6:28 am

      ရေးတုန်းက တော့ ၁ဝ အထဲ နာမည် ဝင်တော့ မှာ သိလို့ အမြင်ကပ်မှာ စိုးလို့.. အမြင်မတော် ရေးမိရင် မမြင်သလို နေပေးဖို့ တောင်းပန်တာ.. ဟီးဟီး အခုတော့လည်း ၁ဝယောက် စာရင်းဝင်ပြီပေါ့လေ..

  • april

    October 10, 2010 at 4:18 am

    စိတ်ဝင်စားဖို့ ကောင်းတဲ့Postလေးတွေ များများရေးနိုင်ပါစေ။ စကားမစပ် Mandalykopaukရေ mandalayရေကြီးတဲ့သတင်း လေးတွေတင်ပေးပါအုံး။

    • ဆူး

      October 10, 2010 at 6:31 am

      စိတ်ဝင်စားဖို့ ကောင်းတဲ့ ပိုစ်လေးတွေ စဉ်းစားထားတာတော့ ရှိတယ်.. ဦးနှောက်ထဲက နေ စာအဖြစ် ထွက်မလာသေးလို့ပါ.. အခု လက်ရှိကတော့ ပျင်းပျင်းရှိ ကွန်မန့်လေးတွေ ထိုင်ရေးနေတာဘဲ..

  • မစ္စတာသန့်

    October 11, 2010 at 10:10 am

    comment တွေလည်း သိပ်မပေးချင်ပါ ဘူး..ဒါပေမယ့် မသိလို့မေးပါရစေ..အတယ်ဘဲပြောပြောခင်ဗျ…ရတဲ့ပွိုင့်အမှတ်ကလေးတွေကို ဘယ်မှာထုတ်ရတာလဲခင်ဗျ….

    • ဆူး

      October 11, 2010 at 12:08 pm

      သိချင်ရင် အက်ဒမင်ကိုမေး တခါမှ မထုတ်ဘူးဘူး..

  • kglay

    October 11, 2010 at 10:17 am

    အစ်မ ဆူး ကျွန်တော့် post မှာ လာပြီး ရေးပါအုံးဗျ။

Leave a Reply