ဂျီတော့မှာ ပေးတဲ့ သတင်းလေးပါ

ဆူးOctober 9, 20101min946

နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည် ရန်ကုန်၊ နေပြည်တော်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်….. .ဆက်လက်Forwardလုပ်ပေးပါ ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ဝင်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေဝသဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့ နေရာတွေ ေ့ရွပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀ဝ ကို အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ လုံခြုံတဲ့ နေရာတွေကို ပြောင်းေ့ရွှဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန် သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။ မြန်မာပြည်ရှိ မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။ မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ ဝိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။

6 comments

  • kltatdo

    October 9, 2010 at 1:21 pm

    ဆိုင်ကလုန်း ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။ နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည် ရန်ကုန်၊ နေပြည်တော်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်….. ဟာဟ…….ရခိုင်၊ရန်ကုန် စသော ကမ်းရိုးတန်း ဒေသ များကို မပြောလိုပေမဲ့
    ကုန်တွင်းပိုင်း ဖြစ်တဲ့ မန္တလေး….ရှမ်းပြည် …နေပြည်တော် ၊ထိ ဆိုင်ကလုန်း ဘီဂျလီ ( Bijli) ဟာ မရောက်နိုင်ပါဘူး။ ရခိုင်ရိုးမ တောင်တန်း က အကာအကွယ် ပေးထားပါတယ်။ ကောလဟာလတွေနဲ့ လူတွေကို အထိတ်တလန့် မဖြစ်ပါစေနဲ့….မိတ်ဆွေ။

  • unclegyi1974

    October 9, 2010 at 1:50 pm

    ဘင်္ဂလားဒေ့ရှ် ကိုမုန်တိုင်းဝင်ရင် မြန်မာကိုမဝင်ပါဘူး ၂ နိုင်ငံစလုံးကိုမုန်တိုင်းမဖြတ်နိုင်ပါဘူး
    ုမြန်မာကိုဝင်မဝင်မသိ ပေမဲ့ မုန်တိုင်းအရှိန်ဖြစ်တဲ့မိုး ကတော့မြန်မာမှာကောင်းနေပါတယ်

  • koyegyi

    October 9, 2010 at 1:52 pm

    သတိပေးတာကျေးဇူးတင်ပါတယ်။ ဒီနေ့စနေည ၈-၂ဝ အထိတော့ (ရန်ကုန်မှာပြောတာနော်)မိုးနည်းနည်းရွာပြီး ရာသီဥတုအေးနေတာကလွဲရင် ထူးခြားမှုမတွေ့ရသေးပါဘူး။

  • The Reds

    October 9, 2010 at 4:00 pm

    မြန် မာ ကို အ ဖျား ခတ် ယုံ လောက် သာ ဖြ စ် မှာ ပါ မုန်း တိုင်း မ ဝင် လောက် ပါ ဝူး ..။

  • Gong Zhu

    October 10, 2010 at 6:37 pm

    ဒါပေမယ့် ဒီနေ့ည တော်တော်လေးချမ်းတယ်နော် …

  • cum min

    June 25, 2012 at 3:03 pm

    သေချာလိုလာဗျာ….. ပြောပြီးမဟုတ်ရင်..အဆဲခံနေရတယ်ဗျ…

Leave a Reply