၄၁-ဖယောင်းတိုင်

naywoon niOctober 9, 20101min490

အူဝဲဆိုတဲ့
ငိုလိုက်တဲ့အသံနဲ့
ထွန်းညှိခဲ့တဲ့ဖယောင်းတိုင်ဟာ
နေပူတာ..
မိုးရွာတာ..
လေတိုက်တာ..
ဆီးနှင်းကျတာတွေဖြတ်သန်းပြီး
နေ့မနားညမနားနဲ့
ကိုယ့်ကိုကိုယ်လောင်မြိုက်နေခဲ့တာဟာ
နှစ်ပေါင်းလေးဆယ်ကျော်လာခဲ့ပေါ့….။
ဒီလိုနဲ့
ကမ္ဘာပြေပေါ်မှာ
ခုချိန်ဆိုရင်
ဖယောင်းတိုင်ပေါင်း
ခြောက်ဘီလီလျံကျော်ဟာ
ကိုယ့်ကိုကိုယ်လောင်မြိုက်နေကြပြီးအလင်းရောင်ပေးနေခဲ့တာ…။
နှစ်ပေါင်းလေးဆယ်ဖယောင်းတိုင်ဟာ
ဆန်တစိပြီနှစ်ကျပ်နဲ့လဲဝယ်စားဖူး
လ္ဘက်ရည်တစ်ခွက်တစ်ကျပ်နဲ့လည်းသောက်ခဲ့ဖူး
တစ်ပက်ပြားခြောက်ဆယ်တန်
ဘီအီးဒီစီနဲ့လည်းမူးရစ်ဖူးပါရဲ့…။
ဘယ်လောက်ပဲကြာတယ်ပြောပြော
မနေ့တစ်နေ့ကလိုပါပဲ
မတမ်းတမိပေမဲ့
သတိရတိုင်းလွမ်းစရာတွေဖြစ်လို့….
အဲဒိလို
ဖယောင်းတိုင်ခြောက်ဘီလီလျံထဲက
တစ်တိုင်းပြီးတစ်တိုင်ထွန်းထွန်းညှိလိုက်ကြ
တစ်တိုင်ပြီးတစ်တိုင်ငြိမ်းငြိမ်းသွားလိုက်ကြနဲ့
ကမ္ဘာမြေကြီးကတော့အလင်းရောင်တိုးလျော့မရှိ
ဆက်လက်ချီတက်နေမြဲပဲလေ……..။
အရေအတွက်များလာတာဝန်မတိုသလို
လျော့ကျသွားမှာကိုလည်းမစိုးရိမ်ရှာပါဘူး
ဖယာင်းတိုင်မျာခမျာမှာသာ
ကိုယ့်မီးတောက်လေးငြိမ်းမှာစိုးပြီး
လောင်စာတွေထပ်ထပ်ဖြည့်နေရတာ…။
ဖယောင်းတိုင်တစ်တိုင်ငြိမ်းသွားလို့
ကမ္ဘာပျက်မသွားသလို
တစ်တိုင်တိုးလာလို့လဲ
ဘာမှထူးမဖြစ်ပါဘူးလေ…………။

နေဝန်းနီ