အိုးပုတ်သည်များအပြိုင်ရောင်းချနေကြစဉ်

ဓမ္မာရုံတွင်းဆွမ်းတော်ကပ်လှူထားပုံ

လှူဘွယ်များ ညှပ်မကြီးဖြင့်ခင်းထားစဉ်

နန်းတော်ရှေ့မင်္ဂလာစည်တော်အဖွဲ့ဖျော်ဖြေစဉ်

သီတင်းကျွတ်လ

ဓမ္မာရုံတွင်းမှဘုရားဆင်းတုတော်များဖူးရစဉ်

စေတီသုံးဆူပုံ

ဆန်း ၁၀ရက်၊ 2010 oct 18

မန္တလေးမြို့ရဲ့ဘုးရားပွဲအစ ဘုရားသုံးဆူကတဲ့

ဒီနေ့ဘုရားသုံးဆူပွဲစပါပြီ

၂၉လမ်းနဲ့လမ်း၃၀ကြား ၈၃လမ်းနဲ့၈၂လမ်းကြား

သည်ဘုရာ

ဘုရားသုံးဆူဓမ္မာရုံ

ဘုရားသုံးဆူဓမ္မာရုံပုံ

းသုံးဆူဝင်းဖြစ်ပါသည်။

ဝင်းအတွင်းရှိမူလစေတီသုံးဆူကိုမောင်နှမသုံးဦးမှ

တည်ထားခဲ့တယ်လို့ပါးစပ်ရာဇ၀င်ရှိပါတယ်

မြန်မာသက္ကရာဇ် ၁၁၂၉ ခုနှစ်တွင်ကုန်းဘောင်ဆင်ဖြူရှင်

မင်းတရားကြီးလက်ထက်က ယိုးဒယားမင်းနှင့်တကွနိုင်ငံ

အလုံးကိုအောင်နိုင်ပြီး ယိုးဒယားလူမျိုး ၁၀၆၁၀၀ ကို

ရတနာပူရ အ၀မြို့သို့ခေါ်၍သင့်ရာအမှုထမ်းစေ၏

ထိုအဆက်အနွယ်မှမောင်နှမသုံးဦး သည်စေတီသုံးဆူကို

တည်ခဲ့သည်ဟု နတ်မောက်ထွန်းရှိန်ရေးသည့် ၀င်းတွေနဲ့

တည်ခဲ့သည့်မင်းနေပြည် စာအုပ်တွင်မှတ်တမ်းတင်ထား

သည်ကိုလည်းဖတ်ရှု ရပါသည်

စေတီသုံးဆူကိုကာ၍လမ်းမတန်း (၈၂လမ်း)မေးတင်၍

နောက်မှဆောက်လုပ်ထားသောဓမ္မရုံပင်လျှင် မြန်မာသက္ကရာဇ် ၁၂၉၄ ခုတွင်ဆောက်လုပ်ထားကြောင်း

တွေ့ရှိရပါသည် ဓမ္မာရုံတွင်းလှူထားသောဘုရာ တဆူတွင်

မြန်မာသက္ကရာဇ် ၁၃၀၈တွင် ဦးခြုံ ဇနီးဒေါ်စောမှလှူဒါန်းသည်

ဟုမှတ်တမ်းတင်ထားကြောင်းတွေ့ရှိရပါသည်

ဘုရားသုံးဆူ ပွဲသည်သီိတင်းကျွတ်လဆန်း ၁၀ ရက်နေ့မှစသော်လည်

ဈေးသည်များသည်တော်သလင်းလကတည်းက ဆိုင်များဖွင့်ပြီးရောင်းချနေကြတာပါ

ဆိုင်များကို ၈၂လမ်းမကြီးပေါ် ၂၉ နှင့်လမ်း၃၀ကြားဘုရားရှေ့

မှစခင်းပြီး ၈၂ လမ်းနှင့် လမ်း၃၀ ထောင့်တွင်အစည်ဆုံးဖြစ်

ပါတယ် ဘုရားသုံးဆူပွဲ ရဲ့ထင်ရှားသောရောင်းကုန်မှာ

ရွံ့နှင့်ပြုလုပ်ထားသော ဆီမီးခွက်များ အိုးပုတ် ဂျိုးရုပ်များ

စုဗူးများ စသဖြင့်အမျိုးစုံဖြစ်ပါတယ်

အခြားမုန့်ပဲသရေစာဆိုင်များ ကလေးများအတွက်ခြားရဟတ်

များပါဝင်တယ် သီတင်းကျွတ်ကာလ ဆီမီးပူဇော်ရန် ဆီမီး

ခွက်များကိုလဲမြို့နေလူထုကဘုရားပွဲအတွင်းဈေးတန်း

လျှောက်ရင်းဝယ်ယူလေ့ရှိပါတယ်

အိုးပုတ်သည်များကတော့တံတားဦးအင်းဝဖက်မှလာရောက်

ရောင်းချကြကြောင်းသိရှိရပါတယ်

ယခုနှစ်ဘုရားပွဲ မှာ ခြင်းဝိုင်း နှင့် မြန်မာသံစဉ်တီးဝိုင်း

တ၀ိုင်းသာတွေ့ရှိရပါတယ်

ယနေ့ည လှူဖွယ်များကိုခင်းကျင်းပြီး မနက်ဖြန်

သီတင်းကျွတ်လဆန်း ၁၁ ရက် အာရုံတက်တွင် သံဃာ

အပါး ၃၀၀ကို လှူဖွယ်များနှင့်တကွဆွမ်းလောင်းလှူကြမည်

ဖြစ်ပါသည်

မူရင်းစေတီသုံးဆူ နှင့် ယခုခေတ်ဘုရားပွဲကျင်းပရာ

ဓမ္မာရုံနှင့်အတွင်းရှိဘုရားများကိုမဖူးဘူးသေးသောသူများ

အတွက်ဓါတ်ပုံလေးများလည်းတင်ပေးလိုက်ပါတယ်

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)