ကျိုက်ထီးရိုး အ၀င်မုဒ်ဦး
uncle gyi ကျိုက်ထီးရိုး ရောက်တုန်းက ရိုက်ထားတဲ့ပုံလေးတွေပါ

မရောက်ဖူးသေးတဲ့လူတွေကြည့်ရအောင်တင်ပေးလိုက်ပါတယ်

ဒီပုံတွေက ကားလမ်းပေါက်ပြီးတည်ဆောက်ပြုပြင် ပြီးနောက်ပိုင်းပုံတွေပါ

ဟိုးတုန်းကပုံတွေတော့အန်ကယ့်ဆီမှာမရှိပါဘူး

ငယ်သေးတော့ ကင်မရာလဲမကိုင်နိုင်သေးပါဘူး ၀ယ်လဲမ၀ယ်နိုင်သေးပါဘူး

ဟိုးတုန်းကညမှောင်သွားရင် ၀ါးမီးတုတ်ကလေးထွန်းပြီးတောင်တက် တောင်ဆင်းလုပ်

ရတာကိုကအရသာ တခုပါ အတက်သမားတွေကမေးရင်ဘယ်လောက်ဝေးဝေ်းတကွေ့ဘဲလိုတော့တယ် လို့ပြောပြီးရီရတာကလဲအရသာပါဘဲ

အတက်အဆင်းလုပ်ရင်းညမှောင်ရင်မီးတုတ်ဝယ်ထွန်း လိုရာခရီးရောက်လို့

ရေနံဆီမကုန်သေးရင်နောက်သွားမယ်သူတွေသုံးနိုင်အောင်လမ်းဘေးသစ်ပင်မှာ

မီးတုတ်စိုက်ထားခဲ့တာလဲမြန်မာ့စိတ်ဓါတ်ပါဘဲ

အတက်အဆင်းလမ်းမှာရှိတဲ့ ဘယ်တဲ မဆို ရေအိုးလေးတွေကအဆင်သင့် ရေကုသိုလ်

ယူကြတာအဲဒါမြန်မာ့စေတနာပါ

့ အခုခေတ်ငါးသေတ္တာထဲကငါးလိုကြပ်သပ်စီထည့်ခြင်းခံပြီးကားစီးသွားတဲ့သူတွေအဲဒီလိုအပျော်မျိုးလေးတွေ

တွှေ့ဖူးမှာမဟုတ်ပါဘူး

ဝမ်းနည်းစရာပါဘဲ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)