ုkyite htee yoe photo

unclegyi1974October 10, 20102min1498

ကျိုက်ထီးရိုး အဝင်မုဒ်ဦး
uncle gyi ကျိုက်ထီးရိုး ရောက်တုန်းက ရိုက်ထားတဲ့ပုံလေးတွေပါ

မရောက်ဖူးသေးတဲ့လူတွေကြည့်ရအောင်တင်ပေးလိုက်ပါတယ်

ဒီပုံတွေက ကားလမ်းပေါက်ပြီးတည်ဆောက်ပြုပြင် ပြီးနောက်ပိုင်းပုံတွေပါ

ဟိုးတုန်းကပုံတွေတော့အန်ကယ့်ဆီမှာမရှိပါဘူး

ငယ်သေးတော့ ကင်မရာလဲမကိုင်နိုင်သေးပါဘူး ဝယ်လဲမဝယ်နိုင်သေးပါဘူး

ဟိုးတုန်းကညမှောင်သွားရင် ဝါးမီးတုတ်ကလေးထွန်းပြီးတောင်တက် တောင်ဆင်းလုပ်

ရတာကိုကအရသာ တခုပါ အတက်သမားတွေကမေးရင်ဘယ်လောက်ဝေးဝေး ်တကွေ့ဘဲလိုတော့တယ် လို့ပြောပြီးရီရတာကလဲအရသာပါဘဲ

အတက်အဆင်းလုပ်ရင်းညမှောင်ရင်မီးတုတ်ဝယ်ထွန်း လိုရာခရီးရောက်လို့

ရေနံဆီမကုန်သေးရင်နောက်သွားမယ်သူတွေသုံးနိုင်အောင်လမ်းဘေးသစ်ပင်မှာ

မီးတုတ်စိုက်ထားခဲ့တာလဲမြန်မာ့စိတ်ဓါတ်ပါဘဲ

အတက်အဆင်းလမ်းမှာရှိတဲ့ ဘယ်တဲ မဆို ရေအိုးလေးတွေကအဆင်သင့် ရေကုသိုလ်

ယူကြတာအဲဒါမြန်မာ့စေတနာပါ

့ အခုခေတ်ငါးသေတ္တာထဲကငါးလိုကြပ်သပ်စီထည့်ခြင်းခံပြီးကားစီးသွားတဲ့သူတွေအဲဒီလိုအပျော်မျိုးလေးတွေ

တွှေ့ဖူးမှာမဟုတ်ပါဘူး

ဝမ်းနည်းစရာပါဘဲ

8 comments

  • Gong Zhu

    October 10, 2010 at 5:47 pm

    ကျေးဇူးတင်ပါတယ် … ကျိုက်ထီးရိုးတစ်ခါမှ မရောက်ဖူးဘူး . . .

  • char too lan

    October 11, 2010 at 4:57 am

    ရောက်ဖူးတယ် ဒါပေမယ့် ယက်ကန်းစင်တွေမတွေ ့ခဲ့ဘူးဗျ
    ကျေးဇူးပါ

  • ဆူး

    October 11, 2010 at 6:34 am

    သိုင်းကျူး.. ပုံလေးတွေ က အရမ်းလှပါတယ်။

  • kglay

    October 11, 2010 at 10:06 am

    unclegyi1974 တောင်းထားတဲ့လိပ်စာရပြီလား။ ကျွန်တော့် post မှာ ဘာတွေလာရေးသွားတာလဲဗျ။ ပြန်ဖြေပေးပါအုံး။ ဘလိုင်းကြီး ကိုလာဆဲသွားတယ်နော်ကျွန်တော့်ကို။ ကျွန်တော်ဘာလုပ်မိလို့လဲဗျ။

  • kglay

    October 11, 2010 at 10:08 am

    *တဲ့ကိစ္စ post ထဲမှာ လာဆဲသွားတာကိုပြောတာပါ။

  • zawana

    October 11, 2010 at 3:23 pm

    ဟုတ်တယ်ဗျ ။။။ အဲဒီတုန်းက ကျနော်လည်း ၃ ခေါက်လောက် တက်ဖူးတယ်။ အရမ်းပျော်ဖို့ ကောင်းတာပဲ။ မောတော့ မောတာပေါ့။ ဒါပေမဲ့ လမ်းမှာ တစ်နိုင်ငံလုံး နေရာ အနှံ့က လာကြတဲ့ ဘုရားဖူးတွေနဲ့ ရင်းနှီး ခင်မင်ခွင့် ရတာ၊ အတူတူ ကူညီ ဖေးမရင်း တက်ကြရတာ အခုထိ သတိရနေတုန်းပါ။

  • MaMa

    February 4, 2011 at 5:25 am

    ကျိုက်ထီးရိုးသွားချင်တယ်။ တောင်တက်ကားမှာ တိုးတက်ရတာကို အရမ်းစိတ်ပျက်တယ်။ တောင်တက်ကားလက်မှတ်ကို နံပါတ်နဲ့ရောင်းပြီး serial အတိုင်း ကားတစ်စီးရောက်ရင် နံပါတ်ဘယ်လောက်ကနေ ဘယ်လောက်တက်ဆိုပြီး လုပ်ပေးရင်ကောင်းမယ်။ တောင်ပေါ်ကဆင်းရင်လည်း အဲဒီလိုပဲ လုပ်ပေးရင် လူတွေ ဒုက္ခမများတော့ဘူးပေါ့။ VIP အတွက်ကား (သို့) order ကားသပ်သပ်ငှားရင်လည်း serial အတိုင်းပေးပေါ့။ ခုတော့ ဒီနှစ် ကျိုက်ထီးရိုးတောင် မသွားဖြစ်ဘူး။

  • zoe

    February 4, 2011 at 6:01 am

    ့ိ့Had been there before some years ago. We used to get to the top by hiking…. nostalgic….. 🙂

Leave a Reply