လေကြောင်း စစ်ဆေးရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တို့က အဲပုဂံကို 3 Star အဆင့် အသိအမှတ်ပြုပြီ

BayoteApril 1, 20101min1308

အဲပုဂံလေကြောင်းလိုင်းအား လေကြောင်းစစ်ဆေးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့က 3 Star အဆင့် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါအဆင့် သတ်မှတ်ချက်ကို Official World Airline Star Rating ပရိုဂရမ်မှ လေကြောင်းလိုင်းတစ်ခု၏ ပျံသန်းပုံ ခရီးလမ်းကြောင်း အစီအစဉ်နှင့် ဝန်ဆောင်မှုကို ကြည့်၍ သတ်မှတ်ခြင်းဖြစ်သည်။ Busuness Class တွင် ကျွေးမွေး ဧည့်ခံ အစားအသောက်များ၊ လေယာဉ်မောင် မယ် တို့၏ ဆက်ဆံရေးနှင့် ခရီးစဉ်တစ်လျှောက် ဝန်ဆောင်မှုပိုင်းဆိုင်ရာတို့တွင် ၄ Star အဆင့်ထိ အသိအမှတ်ပြုခြင်းခံရသည်ဟု အဲပုဂံ၏ စီမံ ခန့်ခွဲရေး အဖွဲ့ကပြောသည်။

လေကြောင်းလိုင်းအဆင့် သတ်မှတ်ချက်အစီအစဉ်ကို airline quality.comမှ ၂၀၀ဝ ပြည့်နှစ်တွင် မိတ်ဆက်ခဲ့သော အထူးအစီအစဉ်ဖြစ်ပြီး နိုင်ငံပေါင်း ၈၀ဝ ကျော်မှ လေကြောင်းလိုင်းများ၏ ဝန်ဆောင်မှုများကို လေကြောင်းစစ်ဆေးရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် တို့က စံနှုန်းသတ်မှတ်ကာ ကမာ္ဘ့လေကြောင်းလောကနှင့် ခရီးသည်တို့ သိရှိစေရန် နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။ “ပြေးဆွဲနေတဲ့ သက်တမ်း ၅ နှစ်ကျော်မှ 3 Star အဆင့် သတ်မှတ်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်။ လာမယ့် ၃ နှစ်အတွင်းမှာ 4 Star မှ 5 Starအဆင့်ထိ ရောက် အောင် အရည်အသွေးကို တိုးမြှင့်ဆောင်ရွက်သွားပါမယ်” ဟု စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၁ရက်နေ့ ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

8 comments

  • susunosuki

    April 17, 2010 at 4:18 pm

    မြန်မာတွေ မခေပါဘူး
    ကျွန်တော်ပြောသားပဲ

  • thwe zin

    April 22, 2010 at 9:45 am

    ဂုဏ်ယူပါတယ် ။ Air Bagan ကမဆိုးဘူး လေယာဉ်ပေါ်တက်လိုက်တာနဲ့ဖော်ရွေတဲ့ဝန် ထမ်း ပြုံးရွှင်တဲ့ချစ်စရာမျက်နှာလေးတွေနဲ့ပါ ။ Service ကလဲကောင်းတယ်။

  • bigcat

    July 18, 2010 at 3:53 am

    Tayza will perform Waka Waka world cup dance with crew members to earn five star status.

  • Bl@dE

    August 24, 2010 at 1:38 pm

    5 star ရောက်ဖို.မလိုတော့ပါဘူး
    5 start လဲမြန်မြန်ရောက်ပါစေဗျာ
    ကျွန်တော်တို.မြန်မာပြည်သားတွေ….ဘယ်လိုတွေများတိုးတတ်နေလဲဆိုတာသိရတာပေါ့
    5 start မြန်မြန်ရောက်ပါစေလို.ဆုတောင်းနေပါတယ်…

  • မန်း ရိပ်

    September 2, 2010 at 2:58 pm

    အဲပုဂံ ရေ တဆင့်ခြင်းဖြေးဖြေးသွားနော်
    5 star ကိုရောက်အောင်သွားပါ
    မြန်မာလူမျိုးတွေ ဂုဏ်ယူနေမှာပါ

  • koko

    November 23, 2010 at 10:49 am

    စိတ်ချရတယ်ဆိုတဲ့ သတင်းကြားရတာ ကောင်းပါတယ်။

  • Khine Htoo

    November 23, 2010 at 11:39 am

    ဪ တေဇ ဆိုတဲ့ လူ ကြီးလဲ ဘယ် ကရတဲ့ ပိုက်ဆံ တွေ လဲ မသိ ချမ်းသာလိုက်တာနော။

Leave a Reply