မန္တလေးမြို့ ရေကြီးမှု ရေဘေးဒုက္ခသယ် ၉၀၀ဝ ကျော် အကူအညီ လိုအပ်လျှက်ရှိ

BayoteOctober 10, 20101min938

မန္တလေးမြို့ရေကြီးမှု ရေဘေးဒုက္ခသယ် ၉၀၀ဝ ကျော် အကူအညီလိုအပ်လျှက်ရှိ ကြောင်းသိရပါတယ်။ မနော်ဟရီလမ်း လေးမျက်နာဘုရားမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ထားကြောင်း အကူအညီများလိုအပ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

8 comments

  • winkyawaung

    October 10, 2010 at 4:01 am

    ဘယ်လိပ်စာကို လှူရမည်ကို ထည့်ပေးစေလိုပါတယ်။

  • kltatdo

    October 10, 2010 at 4:05 am

    မန္တလေးမြို့အရှေ့ဘက်ရှိတောင်ပေါ်မှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်လေးဆည်မှ ရေလျှံပြီး မန္တလေးမြို့သစ် တွင် ရေကြီးပြီး ရေဘေးဒုက္ခသယ် ၉၀၀ဝ ကျော် ဒုက္ခသည်အကူအညီများလိုအပ်လျှက်ရှိကြောင်း

  • unclegyi1974

    October 10, 2010 at 4:48 am

    နာမှုကူညီရေးအသင်းများသွာရောက် ကူညီနေပါသည်
    ထိုအသင်းများတွင်အလှူငွေများထည့်ဝင်လှူဒါန်းနိုင်ပါသည်

  • kopauk mandalay

    October 10, 2010 at 11:45 am

    ကျနော်နေတဲ့ကန်တော်ကြီးတိုက်ခန်းရှေ့တောင်ရေက ခြေသလုံးမြုတ်သွားပြီ။
    မကြာမှီအိမ်ထဲဝင်မယ်လို့ထင်ရတာပဲ။
    ဘယ်တတ်နိုင်မလဲ ကိုယ့်ထက်ဆိုးတဲ့သူအများကြီးရယ်။
    ဒါကသဘာဝအန္တရယ်လေဗျာ။

  • mG

    October 10, 2010 at 2:18 pm

    ကျွန်တော်တို့က ရန်ကုန်ပြည်တွင်း NGO တခုကပါ။မန္တလေးမြို့မှာ ယခုလိုဖြစ်နေတယ်လို့ သိရလို့သွားရောက် လှူဒါန်းချင်ပါတယ်။နေရာစုံစမ်းသိရှိရာ နေရာများအပြင် ယခုတင်ပြထားသော (မနော်ဟရီလမ်း လေးမျက်နာဘုရား) ရှိ ကယ်ဆယ်ရေး စခန်းသို့သွားရောက် လှူဒါန်းရန် ပြင်စဉ်သွားမည်…….။အလှူရှင်များအား ဝိုင်းကူဖို့ဖိတ်ခေါ်ပါတယ်နော်။
    (မှတ်ချက် ။ ။ ရန်ကုန်တိုင်း ကိုယ်စားပြုသွားရောက်လှူဒါန်းရန်သာဖြစ်ပါသည်။)
    ရည်ညွှန်းချက် ။ ။ ရန်ကုန်တိုင်းမှ မန္တလေးတိုင်း ယခုလိုဖြစ်ရပ်ကို လာရောက်ကူညီခြင်း။
    မေတ္တာရပ်ခံချက် ။ ။ မိမိတို့မှာ ငွေကို အလွဲသုံးစားလုပ်ခြင်း၊ဒီဆိုဒ်ကို မသုံးပြုကာ ငွေတောင်းခံခြင်းမဟုတ်ပါ။ဒီ Post လေးကိုတွေ့ရင်းနဲ့ တိုက်ဆိုင်သွားလို့ ကုသိုလ်ပါဝင်နိုင်အောင် ဖိတ်ခေါ်တာပါ။

    ဆက်သွယ်ရန် ။ ။ http://www.informationgroup@gmail.com
    လေ့လာနိုင်သော မှတ်တမ်းတည်နေရာ ။ ။ http://www.informationgroup@gmail.com (Facebook)
    မိမိတို့အား ဆက်သွယ်ရန် တယ်လီဖုန်းများအား သတ်မှတ်ချက် မရှိပါသောကြောင့် နားလည်ပေးစေလိုပါသည်။

  • Gong Zhu

    October 10, 2010 at 6:24 pm

    ဘယ်တုန်းက ကြီးသွားတာလဲ … ဒီသတင်း အပြင်မှာပြောသံလည်းမကြားလိုက်မိပါလား …

  • kopauk mandalay

    October 11, 2010 at 2:22 am

    မန်းလေးကန်တော်ကြီးကိုပြောတာပါကွယ် မန်းလေးသားဆိုတော့ မန်းလေးလို့ထည့်မပြောမိလိုက်မိဘူးဗျ။

  • Khin Thida Soe

    October 11, 2010 at 4:32 am

    မန္တလေး ကန်တော်ကြီးကတော့ တောင်သမန်အင်းက ရေလျှံမှ ဘဲ ရေကြိးမှာပါကွယ်…..

Leave a Reply