ကျောင်းသား ?

တေစၧOctober 10, 20101min643

ကျွန်တော်တို့ရဲ့ ကုန်းအော် ကူးရေး ပြန် ပညာရေးကတော့ ပြောရင်လည်း ထိမယ် မပြောရင်လည်းမသိတော့ဘူး သူငယ်တန်းကနေ ဆယ်တန်းအထိ မအောင်မနေရ ပညာရေးစနစ်နဲ့ အသားကျပြီး ကျူရှင်ယူ မေးခွန်းရ ပြန်ကူး ခေတ်ကို ဘယ်လိုပြင်ကြမှာလဲ အခုနောက်ပိုင်း ဆရာပြန်လုပ်နေကြသူတွေလဲ ဒီစနစ်နဲ့ ဖြစ်လာကြတာပါပဲ ကျောင်းသားတွေအတွက် တိုးတက်အောင်လို့ အရင်က ဆယ်တန်းကို ၅ ဘာသာဖြေရပြီး အခု ၆ ဘာသာပဲဖြေရတယ် ကြည့်လိုက်ရင်တော့ အရင်က ၅ ဘာသာ အခု ၆ ဘာသာ တိုးလာတယ်ထင်ရပေမယ့် ၉ ဘာသာကနေ ခွဲထုတ်ပြီး ၆ ဘာသာပဲဖြေရတော့ အောင်လွယ်တာပေါ့ သမိုင်းကို ဖျောက်ဖျက်ဖို့ သမိုင်းကိုဖြုတ်တယ် တကယ်တော့ သမိုင်းဆိုတာ လူတိုင်းမှာရှိတယ် အသက် ၁ဝ နှစ်ရှိတဲ့ကလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၉ နှစ်က သူ့သမိုင်းပဲ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းပြောခဲ့တာလေး သတိရမိတယ် သမိုင်းကို သိသင့်တယ်ဆိုတာ မအ,အောင်လို့တဲ့ အခုသမိုင်းဖြုတ်လိုက်တော့ အဲလေ ဖြုတ်တာမဟုတ်ပါဘူး ယူချင်ယူလို့ရတယ်နော် ဒါပေမယ့် ဒီလိုအများကြီးကျက်ရမယ့်စာကို ဘယ်သူမှ မယူချင်ဘူး လွယ်လွယ်ကူကူ ဖော်မြူလာလေး အီကွေးရှင်းလေး true false လေးရေးပြီးအမှတ်ယူမှာပေါ့ ပထဝီဆိုတာ အခုကျွန်တော်တို့နေတဲ့ ကမာ္ဘကြီးပါ ကမာ္ဘကြီး ဘာတွေဖြစ်နေလဲ မသိရတော့ဘူး သိပ္ပံတွဲဆယ်တန်း ဂုဏ်ထူးဘာသာစုံပါတဲ့ကလေးမေးကြည့် မြစ်ငယ်မြစ်က ဘယ်နားမှာရှိတာလဲ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းဘယ်လောက်ရှိလဲ ဆိုတာမေးကြည့် မသိဘူး။  ပြောလိုက်ရင် ခုကျောင်းသားတွေက ဒါသိပ္ပံခေတ်ဗျ ဒါတွေမလိုဘူး လို့ပြောမယ် ဒီလိုသိပ္ပံခေတ်ဖြစ်လာဖို့ သမိုင်းအဆက်ဆက် ဒီမြေပေါ်မှာ ကြိုးစားခဲ့ကြတာ ဒါတွေကိုတော့ မသိဘူး ခုခေတ်အကြောင်းပဲမေးမယ် war craft နဲ့ shopping mall လောက်သိတာဘယ်လိုလုပ်ကြမလဲ ဒီလူတွေက နိုင်ငံကို ဘယ်လိုတည်ထောင်ကြမလဲ။ ကျူရှင်ယူ ဆရာတွေကို လာဘ်ထိုးပြီး အမှတ်ယူတာက အောင်လွယ်ပေမယ့် တကယ့်ပညာကဘာလဲ ကျောင်းတွေမှာ ကျူတိုလက်မှတ်ထိုး အတန်းချိန်မှန်ရင် အမှတ်ရပါတယ် ကျူတိုလက်မှတ်ထိုးတာ လက်မှတ်ပဲရှိပါတယ် အတန်းချိန်က ခိုးထိုးလို့ရတယ် ဘာမှမသိ ဘွဲ့ရ ကဲ သူများတွေကျောင်းပြီးရင် တကယ်ပညာတတ်ပါတယ် ကျွန်တော်တို့က ကျောင်းပြီးရင် ဘာတတ်လဲ စာခိုးချတတ်ပါတယ် ဘယ်သူ့ဆီကို ဘယ်လိုဝင်ရမလဲသိတယ် ပြီးရင် ဘယ်နေရာကိုသွားလည်ရင်ကောင်းမလဲ သိတယ် ဒီထက်ပိုသိတဲ့လူ ရှားပါတယ်။ ဒီအထဲမှာကြံဖန်ဂုဏ်ယူတတ်ရင်တော့ စာခိုးချတတ်တော့ လုပ်တဲ့အလုပ်မှာ ဘယ်လိုကြားပေါက်ရှိမလဲ ရှာတတ်မယ် ဘယ်သူ့ဆီဘယ်လိုဝင်ရမလဲသိရင် ဒီခေတ်ကြီးရဲ့ ဌာနဆိုင်ရာဆိုတာ အိပ်ကပ်ထဲထည့်ထားလို့ရတယ်။ နောက်ဆုံး ဘယ်နေရာလည်လို့ကောင်းလဲ သိရင် အတွဲတွေဗီဒီယိုခိုးရိုက်ပြီး ရောင်းစားလို့ရတယ် မိုက်တယ်နော် ကျောင်းပြီးတာနဲ့ ပညာတွေက တန်းနေတာပဲ။ ကြည့်လဲ လုပ်ပါဦးဗျာ နောက်ဆုံးတော့ ကျွန်တော်တို့နိုင်ငံကို လုပ်ချင်တာလုပ်လို့ရတဲ့ လူတစ်စု လက်ထဲ ထိုးထည့်ရတော့မယ်။ ဘာလို့လဲဆိုတော့ သူတို့ဘာလုပ်နေလဲ ဘာတွေပြန်လုပ်လို့ရလဲ ဘာတွေကမှားနေလဲ ပြန်ထောက်ပြနိုင်ဖို့ အရည်အချင်းလေး တစ်ခုတော့ လိုပါတယ်။ ဒီအရည်အချင်းက “          ” ဘယ်မှာလဲ။ လုပ်ကြပါဦးဗျာ

3 comments

  • leohero

    October 10, 2010 at 10:05 am

    ဟုတ်တာပေါ့ …. ခုဆယ်တန်းကလေးတွေ တစ်ခြားမမေးနဲ့ မြန်မာစ က ကြီး ခ ခွေး ဂ ငယ် အစအဆုံးရေးခိုင်းကြည့် တစ်လုံးမကျန်ရသေးတဲ့လူ တစ်ထောင်မှာတစ်ယောက်တောင် ရှိတော့မယ်မထင်ဘူး …. နောက်မဆိုင်တာတစ်ခု ကျွန်တော် ဒုတိယနှစ် ဒုတိယနှစ်ဝက်တုန်းက အတန်းချိန်နှစ်ဝက်တစ်ခုလုံးပေါင်းတောင် ၁၂ နာရီမပြည့်ဘူး အဲ့ဒါဖြေပြန်တော့ သုံးဘာသာကျတယ် ….. ကျတဲ့ဘာသာကို နောက်တစ်လခြားပြီး ပြန်ဖြေခိုင်းတယ် ……. အဲ့လိုနဲ့ပဲအောင်လာတာ … ဂုဏ်ယူတာမဟုတ်ဘူးနော် ကိုယ့်ပေါင်ကိုလှန်ထောင်းတာ …. ပညာရေးကိုက ဘယ်လိုဖြစ်နေမှန်းကိုမသိတော့တာ …….

  • unclegyi1974

    October 10, 2010 at 3:11 pm

    ရေးလည်းမရေးချင်ဘူး မရေးဘဲလဲမနေနိုင်ဘူး
    ပညာရေးဘာဖြစ်နေသလဲဆိုတော့
    သင်ကတည်းကိုက ဒါကူး ဒါကျက် ဒါဖြေ ခိုင်းတာလုပ် မလုပ်ရင်သိတယ်မဟုတ်လား
    ငယ်ကတည်းကအလေ့အကျင့်လုပ်ပေးနေတာ
    ဒီလောက်ဆိုသဘောပေါက်ဖို့ကောင်းပါပြီ

  • Gong Zhu

    October 10, 2010 at 6:21 pm

    တစ်ခါ ဥပဒေဆရာမ ငယ်ငယ်လေးပဲရှိသေးတယ် … ဆရာမဖြစ်နေတာတဲ့ … ဆရာမဖြစ်ခါစပေါ့နော် … သူ့အိမ်မှာ အမွေ ကိစ ဖြစ်နေလို့ … ဘယ်လိုလုပ်လို့ရလဲဆိုတာ … ဝါရင့် ဥပဒေ ဆရာမတစ်ယောက်ဆီ ဖုန်းဆက်မေးတာတွေ့ဖူးတယ် …

Leave a Reply