ဆူးတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ အများချစ်တဲ့ ဆရာမ တယောက် ရှိတယ်.. ကျောင်းသူဟောင်းတွေတော့ သိကြမှာပါ.. ဒေါ်ပြုံးပြုံးဆိုရင်.. မြန်မာစာသင်တယ်.. မမှန်ရင် ခေါင်းငုံ မခံ.. ခေါင်းမာတတ်တဲ့ ဆူးနဲ့တော့ ဆရာမနဲ့ ကြောင်နဲ့ ကြွက်လို ဖြစ်နေတာ.. ကြောင်နဲ့ ကြွက် တအိမ်တည်းနေ သလို ဆူးနဲ့ အဲဒီ ဆရာမနဲ့ ကျောင်းကား တူတူ စီးကြတာလေ.. ကျောင်းကား တူမှာပေါ့.. နေတဲ့ မြို့နယ်ချင်းတူနေတာကိုး..
ကျောင်းကားဆွဲချင်တဲ့ ကားတွေက ဆွဲချင်တဲ့ မြို့နယ်တွေမှာ ရှိတဲ့ ဆရာမတွေနဲ့ ပိုင်အောင် ပေါင်းရတယ်။ ဆရာမ ဒေါ်နီနီခင် ဆိုတာ ၄တန်းကတည်းက သူအတန်းမှာ တက်ဘူးတော့ သိနေတယ်။ သူယောကျားက ကျောင်းကားဆွဲတယ်ဆိုတော့. သူကားကို လိုက်စီးပေးတယ်.. အဲဒီမှာ ဖြစ်ချင်တော့ အချစ်တော် ပြုံးကြီးနဲ့ တူတူစီးရတာပေါ့.. အဲဒီ ဒေါ်ပြုံးပြုံးဆိုတဲ့ ဆရာမ ကျောင်း တခုတည်းမှာ တူတူရှိပေမဲ့ သူသင်တဲ့ အတန်းမှာ မကျဘူး သလို သူသင်ပေးတဲ့ စာလည်း တလုံးမှ မရှိဘူးဆိုတော့ ကျေးဇူး မရှိဘူးလို့ လွယ်လွယ်ပြောလိုက်မယ်. ကျောင်းကျေးဇူးရှိတာချင်းတော့ တူတူဘဲပေါ့.. ဒါနဲ့ အရှေ့က ကိစ္စလေး ဆက်ပြောမယ်.. ကျောင်းကားမှာ တူတူ.. သူ ဆီမှာ ကျူရှင်တတ်တဲ့ တပည့်တွေကို သူစီးတဲ့ ကား စီးအောင် ပြောပေးတယ်.. ကားကို လူရအောင် ရှာပေးတယ်ဆိုပါတော့.. သူမှာ ကျေးဇူးရှိတယ် ဆိုတော့ ကျောင်းကားခ မပေးဘဲ အလကားစီးတာပေါ့.. ဟော.. အလကား ဆိုတာ ဘယ်သူမှ မသိဘူး.. အရင် တုန်းက အတန်းပိုင် ဆရာမ ယောကျားကားဆိုတော့.. သူဆီကနေ တဆင့်သိတာပေါ့.. ကျောင်းကားဆိုမှတော့ ကျောင်းသူတွေ ကြီးဘဲ.. ကျူရှင် တတ်တဲ့ ကလေး တွေကြီးဘဲ ဆိုတော့ မျက်နှာက တမျိုး သူဆီမှာ မတက်တဲ့ ကလေး.. မျက်နှာကို က ခပ်တင်းတင်း.. ဒါနဲ့ ဒီလို ဖြတ်ကျော်ရင်းနဲ့.. ကျောင်းမှာ ဘာကိစ္စလဲ မသိဘူး တခုခုတော့ ရှိတယ် အဲဒီ တုန်းက မပြောတော့ မသိဘူးပေါ့.. အဲဒီ အတွက်.. ကျောင်းက ဆရာမတွေကို ဒန်ပေါက်ကျွှေးဖို့.. ယာယီသံဈေး သခင်မြ ပန်းခြံ ဘေးနားက လမ်းမှာ ရှိတုန်းက ကားဆရာကို ရပ်ခိုင်းပြီး မောင်စိန်ဆိုင်က ဒန်ပေါက်တွေကို ၀ယ်တယ်.. သူဝယ်တာ သူသယ်ပေါ့.. မဟုတ်ဘူး.. ကားပေါ်က ကျွှန်မတွေ.. အခိုင်းဖတ်တွေကို ခေါ်ချ.. လာခဲ့.. သယ်လာခဲ့ကြဆိုပြီး သယ်ခိုင်းတယ်.. ဆူးကတော့ အစတည်းက မျက်နှာကြောမတည့်တော့ မသိချင်ယောင် ဆောင်နေတယ်.. ခေါ်တာ မကြားသလို ကိုနေတာ.. သူခိုင်းမရတော့ မခိုင်းဘူးပေါ့.. ကျန်တဲ့ ကျွှန်မတွေ ခိုင်းဖတ် သူငယ်ချင်း ကျောင်းသူတွေကတော့ အထုတ်တွေ မနိုင်မနင်းမပြီး ကားပေါ်ကို သယ်လာကြတယ်.. အနံကတော့ မွေးနေတာဘဲ.. မစားရဘဲ အလကား သယ်နေရတာ.. ဒါနဲ့ ပြောစရာ တခုကျန်သေးတယ်.. အချစ်တော် ပြုံးမှာ သမီးတယောက် ရှိတယ်… ရွှေလိုဥပြီး မွေးထားလို့ အသားက မဲကြုပ်နေတာဘဲ.. အပျင်းကလဲ ထူပါ့.. သူသမီးနဲ့ သူက အရှေ့ခန်းမှာ ထိုင်တယ်.. အနောက်ခန်းမှာ သူခိုင်းတဲ့ ကျောင်းသူတွေက ၇တန်း ကျောင်းသူတွေ အရှေ့က သူ့သမီးက ၉တန်း.. အသက်အားဖြင့် ကြီးသလို အကောင် အထည် အရွယ်ကလည်း ကြီးတယ်.. သို့သော်.. ပုပု တက်တက် ကလေးမလေးတွေက မနိုင်မနင်းသယ်ပြိး ကားပေါ်ကို တင်ကြတယ်.. ကိုယ့်ထက် အကောင်ကြီးတဲ့ ၉တန်း ကျောင်းသူ ကားခေါင်းခန်းထဲမှာ စာအုပ်လေး ဖွင့်ပြီး ဖတ်နေတယ်။ တော်တော် တရားဖို့တော့ ကောင်းသား.. သူများ သားသမီးကို မနာလို ဇြစ်လို့ ပြောတယ် ဇြစ်အုန်းမယ်.. အဲဒီ ၉တန်း ကျောင်းသူက တခါတရံများ ဘစ်စကတ်ဘော ရှိလို့ ဆိုလား ဘာဆိုလား ကျောင်းဝတ်စုံတောင် မ၀တ်လာဘူး.. အားကစား ၀တ်စုံ ဘောင်းဘီ တိုတိုလေး.. အခုခေတ်တော့ မျက်စိ ယဉ်နေပါပြီ.. ဒါမျိုးက.. အဲဒီ လို မတရား လုပ်နေတာကို မြင်တော့ မနေနိုင်ဘူး ပါးစပ်က ပြောမိတယ်.. သူထောက်လှမ်းရေး ကျူရှင်တပည့်တွေ ကြီးဘဲကို..သူတို့ ခံသာ ခံနေရတယ် သစ္စာရှိတယ် ဆရာမကို ပြန်တိုင်တယ်.. ဟုတ်သာ ဟုတ်နေတာ.. အပြောခံရတယ် ဆိုတော့ မကျေနပ်တော့.. မနက်.. ကျောင်းကားပေါ်မှာ တွေ့တော့.. ဟဲ့.. လာခဲ့ အရှေ့ခန်းကို ငါနင့်ကို ပြောစရာ ရှိလို့ ဆိုပြီး အရှေ့ခန်းကို ခေါ်ပြီါ် ဆူတယ်.. ဒီကျောင်းကား ဆရာက ငါ့ အကို.. ငါ့နဲ့ အမျိုး.. ငါ့သမီး ဘောင်းဘီ အတိုဝတ်လည်း ဘာမှ မဖြစ်ဘူး.. နင် အရှေ့ခန်းမှာ ထိုင်ချင်ရင် နေ့တိုင်းထိုင် ငါနောက်ဆင်းထိုင်ပေးမယ် ဘာညာပေါ့.. ဆူတာမှ.. ကားမောင်းတဲ့ အချိန် ၃၀မိနစ်လောက်ကို မနားတမ်းဆူတာ.. အကုန်လိုက်မှတ်တောင် မမှတ်မိဘူး.. ဒါနဲ့ အဆူခံရလည်း ကိစ္စတော့ မရှိပါဘူး.. သို့သော်.. ဒီကိစ္စ မပြီးသေးဘူး.. ကျောင်းက အတန်းထဲမှာ သင်တဲ့ ဆရာမတိုင်းကို မကောင်းကြောင်းပြောတယ်.. ဘာပြောလဲတော့ မသိဘူး.. တခုခု ပြောတာ တော့ သေချာတယ်.. အတန်းဝင်တဲ့ ဆရာမတိုင်း ဆူး ဆိုတာ ဘယ်သူလဲ.. ထပါအုန်း ထပြလိုက်တော့.. ကြည့်ပြီး ရပြီ.. ထိုင်တော့.. ဒီလိုနဲ့ တယောက်ပြီး တယောက် မျက်နှာ မမှန်းမိလို့.. မေးကြတယ်.. နောက်မှ.. ဆရာမ တွေနဲ့ ကျောင်းသူ သူငယ်ချင်းတွေ ဆီက သိရတယ်.. အဲဒီ ကောင်မလေးက မကောင်းဘူး.. သူနဲ့ မပေါင်းနဲ့.. သူက အကျင့်မကောင်းဘူး စရိုက်မကောင်းဘူး.. ကျူရှင် သင်တဲ့ ကျောင်းသူတွေဆို လည်း ပြော.. မိဘတွေကိုလည်း လိုက်ပြောတယ်.. သူခံလိုက်ရတာကို.. တကယ်ခံရတဲ့ လူတွေက သိကြတယ်.. သူကို ကြောက်လို့သာ သူရှေ့မှာ မခေါ်ရဲဘူး.. ကွယ်ရာမှာ လာပြောတယ်.. ငါကို စိတ်မဆိုးပါနဲ့.. ငါတို့လည်း မလွန်ဆန်နိုင်လို့ပါ.. ကျောင်းမှာ တခုခု ဆို ခိုင်းမယ်ဆို.. ကျောင်းကားပေါ်က ကလေးတွေ အကုန် ခိုင်းတာ သူ့သမီးကတော့ အေးဆေး ရွှေဥလေ.. သူငယ်ချင်း တယောက်ကတော့ တော်တော် ဥာဏ်ကောင်းတယ်.. သူကို ပုံစံပေးလိုက်ပုံက ရီရတယ်.. ကျောင်းကားပေါ်က ဆင်းရင် ဆရာမ ခြင်းတောင်း ကလေးတွေ ဆွဲပေးရတာ အလေ့အထလို ဇြစ်နေတာဆိုတော့.. သူခြင်းတောင်းရယ် သူ့သမီး ခြင်းတောင်းရယ် နှစ်လုံးကိုင်တယ်.. ဒီတော့ ကျောင်းသူတွေက ၂တောင်းလုံး ဆွဲပေးရတယ်.. ကွယ်ရာမှာ တော့ ပြောတယ် သူ့သမီးက ခြေလက် အကောင်းကြိးနဲ့.. အမေက ဆွဲပေး.. အမေဟာကို သယ်ပေးတော့.. သမီးဟာပါ မကောင်းတတ်လို့ သယ်ပေးရတယ်.. ဘာညာပေါ့.. နောက်တော့..အဲဒီလို သယ်ခိုင်းတော့.. သူငယ်ချင်းတယောက်က သယ်ပေးလိုက်တယ်.. ပြီးတော့.. သယ်ပေးတာနဲ့ တန်အောင် သမီးထမင်းချိုင့်ထဲက ဟင်းတွေ အကုန် နိုက်စားလိုက်တယ်.. ပြိးတော့ သမီး အခန်းထဲကို သွားပေးတယ်.. ညနေ ရောက်တော့ အမေ လုပ်သူကို ပြောနေတယ် အမေ ဟင်းက မပါဘူး ဘာညာနဲ့.. နောက် သိသွားတော့.. သမီး ဆွဲခြင်းတောင်း မသယ်ခိုင်းတော့ဘူး… အဲဒီ သူငယ်ချင်းကို တခြား ကျောင်းသူတွေကို သယ်ခိုင်းတယ်.. ခြင်းတောင်ကို သူများ သယ်ပေးနေမှန်းသိတော့.. ခြင်းတောင်းထဲမှာ ဖတ်စာအုပ်တွေက အစထည့်ထားတာ.. အများကြီးဘဲ.. အချစ်တော် ပြုံးကြီးကတော့.. သူ့သမီးက စာတော်တယ် ဆိုပြီး ဂုဏ်ယူနေတာ.. ကျောင်းတတ်တဲ့ အချိန်တုန်းကတော့ အိမ်မှာ မူကြိုလေး ဖွင့်ထားတယ်.. အခုတော့ မသိဘူး.. သူ့သမီးလည်း ဘာဒီတွေ ပါလဲတော့ မသိဘူး.. သူ့အကြောင်း ဒီမှာ ပို့စ်မတင်ခင်က ပလန်းနက် ဖိုရမ်မှာ ကျောင်းသူ တယောက်ရဲ့ အမြင်ကတ်ကြောင်း ရေးထားတာတောင် တွေ့သေးတယ်.. အဲဒီမှာလည်း ၀ိုင်းပြီး ရေးလိုက်ကြတာ အများကြိးဘဲ.. ကိုယ့်နှစ်တုန်းကဘဲလား ထင်တာ တခြားနှစ်တွေကလည်း ဒိလိုပါဘဲလားလို့ တွေးမိတယ်.. ထားပါတော့လေ.. နောက်တခု သတိရလို ပြောချင်သေးတယ်.. အဲဒီ ဆရာမ ဒေါ်ပြုံးပြုံးက ကျောင်းမှာ စည်းကမ်းထိန်သိမ်းရေး လုပ်တာလေ အားလုံးကို ကြိမ်လုံး တချောင်းနဲ့ လိုက်ရိုက်လို့လည်း ဘာမှ မဖြစ်ဘူး.. စည်းကမ်း ရှိအောင် ဆုံးမတာလေ.. ဟဲဟဲ.. သူအတွက်ကတော့ ကျောင်းသူကို ဘာပဲ ဖြစ်ဖြစ် ရိုက်တာ သိပ်လွယ်တယ်။ ကျောင်းသူ တော်တော် များများကတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြတယ်။ ဆူးတော့ မကြောက်ပေါင်.. စည်းကမ်း ထိန်းသိမ်းရေး ဆရာမ အတန်းမှာ စာမေးပွဲ စစ်တော့.. အတန်း လာစောင့်တယ်.. စာမေးပွဲ ခန်းမှာ သူရှိရင် မခိုးချရဲဘူး.. ဆူးကတော့ ခိုးလုပ်ရတဲ့ အလုပ် ၀ါသနာ မပါဘူး.. သူမျက်မုန်းကျိုးနေတော့.. သေချာ လိုက်ကြည့်တယ်.. ကြည့်ပေါ.. စာမေးပွဲ ဖြေရင်းနဲ့.. ပူအိုက်တာနဲ့ လက်မှာ ၀တ်ထားတဲ့ လက်စွပ် ချွှတ်ပြိး ကွန်ပါဘူးထဲ ထည့်လိုက်တာ မြင်တော့ ဘာထည့်မှန်းမသိတော့ အတင်းပြူးပြဲပြီး လာစစ်တယ် စစ်ပေါ့.. ကွန်ပါဘူးကို လှန်ကြည့်လိုက်တော့ လက်စွပ် တကွင်းကိုမြင်တော့ ဒါဘာလုပ်တာလဲတဲ့.. မ၀တ်ချင်လို့ ချွှတ်ထားတာလို့.. ပြောလိုက်တယ်.. မှန်နေတော့လည်း မပြောသာဘူး ဖြစ်သွားရှာတယ်..

ဒီလိုနဲ့ စာသင်နှစ်ကုန်ခါနီးမှာ ခေါ်ပြိး စကားတခွန်းလာဆုံးမရှာတယ်.. သမီး ဆရာမတွေကို စော်ကားထားတော့ စာမေးပွဲကျနေအုန်းမယ်.. သမီး မှားတာရှိရင် တောင်းပန်လိုက်တဲ့.. ဟုတ်ကဲ့.. လို့ ပြောပြီး ပြန်လာလိုက်တယ်.. အိမ်မှာတောင် ပြန်ပြောပြီး ရီစရာ ဖြစ်ခဲ့ရသေးတယ်.. စာမေးပွဲ ကျမလား စောင့်နေတာလား မသိဘူး.. ခက်တာက စာမေးပွဲ မကျဘူးဆိုတော့.. သူဆန္ဒ မပြည့်လိုက်ဘူး..

About ဆူး

has written 398 post in this Website..