ခရီးသည်တင်ယာဉ် တိမ်းမှောက် ခြောက်ဦး သေဆုံး၊ ၃ဝ ဒဏ်ရာ ရရှိ

BayoteApril 1, 20101min630

နေပြည်တော်-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီးသည် မတ် ၂ရ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကလောမြို့နယ် ဘဝသံသရာတံတားအနီး၌ အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၃၆ ဦးအနက် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး သေဆုံးကာ ကျန်ခရီးသည် ၃ဝ မှာ ပွန်းပဲ့၊ ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကူသပေးလျက်ရှိကြောင်း ယာဉ်မောင်း အောင်သက်ဦးအား ဟဲဟိုးရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု၊ သာမန်/ပြင်းထန် နာကျင်မှုဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ခရီးသွား ခရီးသည်တင်ယာဉ်နှင့် ကုန်တင် ယာဉ်များကို ခရီးမထွက်မီ သေချာစွာ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်ခွင့်ပြုအရှိန်အတွင်း မောင်းနှင်ခြင်း၊ ယာဉ်မောင်းများအနေဖြင့် ယာဉ် မောင်းနှင်ချိန် ကာလအတွင်း မူးယစ်ဆေးဝါးနှင့် အရက်သေစာ မသောက်စားခြင်း၊ လူနှင့်ကုန်အရေအတွက်ကို ခွင့်ပြုချက်ထက်ပိုမိုတင်ဆောင်မှု မပြုခြင်း စသည်ဖြင့် စည်းကမ်းနှင့် အညီ စနစ်တကျ မောင်းနှင်ကြပါက ယာဉ်တိမ်းမှောက်မှုများ ပေါ်ပေါက်မည်မဟုတ်ကြောင်း၊ တောင်ဆင်း/တောင်တက်လမ်းများ၌ ပုံမှန်သွားလာနေရသော ယာဉ်များကို ယာဉ်ကြံ့ခိုင်မှု ပိုမိုစစ်ဆေးဆောင်ရွက်သင့်ကြောင်းဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်း ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယာဉ်တိမ်းမှောက်မှုများနှင့်စပ်လျဉ်း၍ဝေဖန်ပြောကြားခဲ့ကြောင်း ၂၀၁ဝ ခုနှစ် မတ်လ ၃၁ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။