ခိုကိုးရာမဲ့ ဂီလာန မိအိုဖအိုတွေကို ဘယ်လိုများကူညီပေးနိုင်မလဲလို့ စဉ်းစားကြည့်ရအောင်

manawphyulayOctober 10, 20101min513

ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

“မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ´´ ဟူသော လူ့လောကသဘာဝတွင် အိုနာသေရေးနှင့် မလွဲမသွေရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်ပေသည်။
ထိုရှောင်လွှဲမရသော အကြောင်းတရားများနှင့် ရင်ဆိုင်ကြရသူများတွင် ကုသိုလ်ကံကောင်းသူများအဖို့ ှ၎င်းတို့၏ ဘဝနေဝင်ချိန်ထိ မရောက်ခင်အကြား ဘဝကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေရရှာသည်။ အကျိုးပေးကံကောင်းသည့် ဘိုးဘွားများအဖို့ သား သမီး မြေး များနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့်ရိပ်သာကလေး တစ်ခု လိုအပ်လာပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ နေကြသော ဂီလာနဘိုးဘွားများအား ကြင်နာစွာဖြင့် ၎င်းတို့အပေါ်တွင် နားလည်စာနာစိတ်၊ သည်းခံစိတ်ဖြင့် ပြုစုယုယပေးမည့် နွေးထွေးသောမေတ္တာများဖြင့် ဖေးမကူညီနိုင်ကြစေရန် မ တည်ငွေဖြင့် “ဆည်းဆာရိပ်´´ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို အကောင်အထည်ဖေါ်ခဲ့ကြပါသည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အများပြည်သူစေတနာရှင်များ၏ အကူအညီများ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် အတူ ဘိုးဘွားများအား နွေးထွေးသောလက်များဖြင့် ဖေးမကူညီကြပါရန် မေတ္တာရပ်ခံပါသည်။

အဖွဲ့အမည်။    ။ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
တည်နေရာ။    ။ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျင်မြို့။
(၂) အမှတ်-803/805၊ မဟော်သဓာလမ်း၊ (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံ။
ရည်ရွယ်ချက်။    ။ အသက်အရွယ်အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား         မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်။
လုပ်ငန်းအစီအစဉ်။    ။ အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေများဖြင့် အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှု အပေါ်တွကင် အခြေခံ၍ မြေနှင့် အဆောက်အအုံတိုးချဲ့၍ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။

လက်ခံမည့်ဘိုးဘွား။    ။(၁) လူမျိုး၊ ဘာသာမရွေး ကျွေးမွေးထောက်ပံ့မည့် သားသမီး၊ ဆွေမျိုးများမရှိသည့်         ကျန်းမာရေးချို့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး၊ ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့်         ဘိုးဘွားများ။

အသက်ကန့်သတ်ချက်။ အသက်(၇၀)နှင့် အထက် ဘိုးဘွားများ (လိုအပ်ပါက ကျန်းမာရေးနှင့်         အခြားအချက်အလတ်များကို ထည့်သွင်းစဉ်းစား၍ ကန့်သတ်ချက်ကို အမှုဆောင်အဖွဲ့မှ         ညှိနှိုုင်းလက်ခံပါမည်။)

ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်မှု။
(၁) ဂီလာနဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကိုကြည့်၍ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်များမှ စနစ်တကျ ပြုစုစောင့်ရှောက်ပေးရန်။

(၂)ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို့  အမှုဆောင်အဖွဲ့မှလည်း နေ့စဉ်အလှည့်ကျ သွားရောက်ကြည့်ရှု၍ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန်။        (၃) ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အဝတ်အထည်နှင့် နေရာထိုင်ခင်း စသည်တို့အား သန့်ရှင်းသပ်ရပ်စွာ ထားရှိစေခြင်း၊ ဘိုးဘွားများ ဘာသာဝင်အလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို ၎င်းတို့၏ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန်။
ဥပမာ     – တရားစာအုပ်ဖတ်ပြခြင်း
– တရားခွေဖွင့်ပေးခြင်း
– ရှုမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း

ဝန်ထမ်းရွေးချယ်။    ။ လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍ စိတ်ရှည်သည်းခံနိုင်သူများ ဖြစ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်
ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
ဖုန်း    – ဝ၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁

ဒေါ်သက်နွယ် (တရားရုံးချုပ်ရှေ့နေ)
ဖုန်း    – ၃၈၈၁၃၂၊ ဝ၉ ၅၀၄၃၉၅၉

ဒေါ်ထွေးမြင့် (တရားရုံးချုပ်ရှေ့နေ)
ဖုန်း    – ဝ၉ ၉ဝ ၄၂၄၈၈၊ ၂၉၀၉၆၄

ဒေါ်စန်းစန်း (တရားရုံးချုပ်ရှေ့နေ)
ဖုန်း    – ဝ၉ ၅၀၅၉၉၈၂

ဒေါ်ရီရီမေ (တရားရုံးချုပ်ရှေ့နေ)
ဖုန်း    – ဝ၉ ၅၀၅၅၀၆၀

ဒေါ်ငွေလှ
ဖုန်း    – 09 5177320, 293288
(နံနက် ၁ဝ နာရီမှ ၄ နာရီအတွင်း)

ဒေါ်ခင်မေထွေး (တရားရုံးချုပ်ရှေ့နေ)
ဖုန်း    – ဝ၉ ၅၀၈၈၂၀၃

ဒေါ်ထားထား (စာရေးဆရာမ စုထား)
ဖုန်း    – ဝ၉ ၂၀၁၇၉၆၁

ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရှင်သန်အောင်မြင်ရေးအတွက် ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီကြပါစို့။

3 comments

  • Gong Zhu

    October 10, 2010 at 6:08 pm

    (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျင်မြို့။ က ဘယ်နေရာလောက်မှာပါလဲ … သန်လျင် တံတားနဲ့ဘယ်လောက်ဝေးလဲ … လမ်းမပေါ်မှာလား … သိရင်ပြောပြပေးပါနော် …

  • manawphyulay

    July 12, 2011 at 10:26 am

    သန်လျင်တံတား အဆင်း ဘယ်ကွေ့ရင် ရောက်ပါတယ်ရှင်…

  • pan pan

    July 12, 2011 at 11:18 am

    မိဘမဲ့ကလေးတွေအတွက် အကူအညီလိုအပ်သလို
    ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း စောင့်ရှောက်မှုလိုပါတယ်
    သူတို့ရဲ့ နောက်ဆုံးအချိန်လေးက အရေးကြီးတယ်လေ

Leave a Reply