မပြောခြင်လို့ ကြည့်နေတာ ဆိုပေမယ့် အာရုံကိုတော့ ဝင်သက်ထွက်သက်မှာ အမြဲ သတိထားပြီး ရှု့ ထားရပါတယ်။ မျက်စေ့၊ နား၊ နှာခေါင်းဆိုတာက သူသူငါငါ သိကြတဲ့အတိုင်းပါဘဲ။ မမြင်ချင်ပေမယ့် မြင်ရတဲ့မြက်လုံး မကြားခြင်ပေမယ့် ကြားရတဲ့နား အသက်ရူလိုက်တိုင်း နံသော မွေးသော ရယ်လို့ ဗီစာပေးပြီး လိုရာကို တွေးပြီး ရှူလို့ မရတဲ့ နှာခေါင်း တွေလေ။
လူ့ အခွင့်ရေး ဆိုတဲ့အတိုင်း သူကလူပါပြောလို့ ကိုယ်ကနွားမဟုတ်ဘူးဗျ သူ့ ရဲ့ ခံယူချက်ကို ထုတ်ဖော်ပြောခွင့်ရှိသလို ကိုယ့်ရဲ့ ယူဆချက်ကိုလည်း တင်ပြခွင့်ရှိရမှာဘဲ။ မဟုတ်ဘူးလား။
myanmargazette.net ဆိုတဲ့ ဒီရပ်ကွက်ထဲမှာ သူတစ်ယောက်တည်းနေတာ မဟုတ်ဘူး လူပေါင်းဆုံရှိတယ် ပြောနိုင်တယ် ဆိုနိုင်တယ် ရေးနိုင်တယ် ဝေဖန်နိုင်တယ် ဆွေးနွေးနိုင်တယ်။ ခွေးလိုဟောင်ခြင်လား ရတယ် လူတွေ လက်ခံနိုင်ရင်ပြီးတာဘဲ။ ဘယ်သူမှ လက်မခံလို့ ကတော့ နိဗ္ဗာန်ရောက်ကြောင်း တရားဟောလည်း ညောင်းရမှာဘဲ။
ခေါင်းညိမ့် လက်ထောင်ပြီး ထောက်ခံရအောင် ဒါ မြန်မာ့အလင်း နဲ့ ကြေးမှုံ မဟုတ်ဘူး။ ပို့ စ် တွေရေး ကမန်းတွေပေးပြီး အယ်ဒီတာကြိုက်မှ တင်ပေးတဲ့ ဆိုက်မဟုတ်ဘူး အခုရေးအခုတင် အခုမြင်ရမယ် အခု မန်း အခုတင် အခုမြင်ရတဲ့ကမန်းတွေ မန်ဘာတွေက ဆုံးဖြတ်မှာဘဲ။
မင်းလဲမန်ဘာဖြစ်သလို ငါလဲအဖွဲ့ ဝင်ပဲ အခုတော့ တစ်ရပ်ကွက်လုံး မင်းအသံချည်းဘဲ ဟိုနေ့ ကလဲ ဒို့ တရုပ်ဘုံကျောင်းရှေ့ မှာ မင်းဝင်သရမ်းသွားပြီးပြီ အဲ့သည်နေ့ က ငါ ချီးပန်းနေလို့ မင်းနဲ့ မဆုံလိုက်တာ ကံကောင်းတယ်မှတ်။ နိုင်ငံရေးသမားလိုလို ဇာတ်ရူးလိုလို ဘုရားဒကာလိုလို နဲ့ မျက်စိစပါးမွေး တော်တော်စူးတဲ့ကောင် နောက်နောင်ဒါမျိုးတွေ့ လို့ ကတော့ မင်းနာပြီမှတ်။

About ချစ်စ/ဆရာ

ချစ်စ/ဆရာ ချစ်စ/ဆရာ has written 5 post in this Website..

ချစ်စရာအလွန်ကောင်းသောကြောင့် ချစ်စရာ ဟုလည်းကောင်း အချစ်တို့၏ဆရာဖြစ်သောကြောင့် ချစ်ဆရာ ဟူ၍လည်းကောင်း အမည်တွင်လေ၏