အဖြစ်အပျက်က တကယ်ပါ

thuyamonOctober 10, 20101min650

ဗျာ….
ကြားရတဲ့သတင်းကအမှန်ပဲလား…လက်ခံရမလား
ဟင့်အင်း….မဖြစ်နိုင်ဘူး
ဘာတွေလာပြောနေကြာတာလည်း…..
သွားဗျာ အခြားတစ်နေရာမှာသွားပြောကြပါ….မကြားချင်ဘူး..
တကယ်ပဲလား…..တကယ်ပြောနေကြတာလား…..
မျက်လုံးတွေလည်း မျက်ရည်တွေနဲ့ဝေဝါးလာပြီ…..ရင်ထဲမှာဟာနေသလိုပဲ
လေဟာနယ်ထဲရောက်နေတာလားမှတ်ရတယ်….
မှတ်ဉာဏ်တွေလည်းမငြိမ်ချင်တော့ဘူး…အတွေးတွေလည်း လွဲချော်နေသလိုပဲ

ဪ……..ဒါတွေဟာတကယ်ဖြစ်ခဲ့တာပေါ့ ဟုတ်လား
နားကိုပိတ်ပြီး အဝေးကိုထွက်ပြေးသွားချင်လိုက်တာ…မပြောပါနဲ့တော့
ဖုန်းလိုင်းရဲ့အမှားကြောင့်လို့ပဲထင်လိုက်ချင်တယ်…ထင်လည်းထင်နေမိသေးတယ်
ဒါပေမဲ့ တကယ်ပြောနေတာပဲ…..
ဖုန်းကိုင်ရင်းနဲ့ အရိုးပျော့တဲ့လူလို လဲပြိုကျမတတ်ပဲ….ရင်ထဲမှာလည်းတလှပ်လှပ်နဲ့
နောက်ထပ်ပြောနေတဲ့စကားသံတွေ ကြားနိုင်စွမ်းမရှိတော့ပေမဲ့ အဲဒီစကားလေးတစ်ခွန်း ကိုတော့ ထပ်ခါတလဲလဲ ကြားနေမိတယ်….
““ သူ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ် ”” တဲ့
ဪ…..ကြိုသိနေတဲ့အဖြေတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့
အချိန်ကပဲ မလုံလောက်တာလား…သမားတော်ကပဲခေတ်မမှီတာလားတော့ မသိ
ဆေးမနိုင်တော့တဲ့ဝေဒနာသည်လိုပါပဲလား….

ဝမ်းနည်းတာလား မကျေနပ်တာလား
ဝမ်းနည်းတာက ကိုယ့်ကိုယ်ကိုပါ…အရှုံးသမားအဖြစ်နဲ့အဆုံးသတ်ခဲ့ရတာကိုး
မကျေနပ်တာက ကံကြမာကိုပါ…..ကိုယ့်ကိုမှ ဖန်လာရက်တယ်လေ လူသားသန်းပေါင်းများစွာထဲက ကိုယ့်ကိုမှ ရွေးပြီး ရက်စက်စေတာလား
ည ……..ခြောက်လှန့်ခဲ့တဲ့ညတွေလည်းများနေပြီ
မျက်စိအစုံကိုမှိတ်လိုက်ရင်
ချစ်ရတဲ့သူနဲ့ အရင်က အတူသွားလာခဲ့ဘူးတဲ့နေရာလေးတွေက တုံကင်လေးတွေကိုင်ပြီး အဆက်မပြတ်ဝင်လာတယ်……
ချစ်သူရဲ့အရိပ်သဏ္ဍာန်တွေဟာ နီးလာလိုက်ဝေးသွားလိုက်နဲ့ ကိုယ့်ကိုပြုံးပြနေတာလား မဲ့ပြနေတာလား နှုတ်ဆက်ပြနေတာလားဆိုတာ ဝေခွဲမရတော့ဘူး
ကိုယ့်ကိုပြောပြနေတဲ့ချစ်တဲ့သူ့ရဲ့စကားသံတွေဟာ
လှိုင်ဂူထဲကပြောနေသလို ထပ်တလဲလဲကြားနေရတယ် တိုးလိုက်ကျယ်လိုက်ပေါ့
မကုန်နိုင်တဲ့အတွေးတွေလည်းနယ်ချဲ့နေမိတယ်
အိပ်စက်ခြင်းဆိုတာပုံပြင်လိုလို ဒဏ္ဍာရီတစ်ခုလိုလိုဖြစ်နေခဲ့တယ်
ဆေးသောက်ဖို့ ဝန်လေးတတ်ခဲ့ပေမဲ့ အခုတော့
အိပ်ဆေးတွေလည်းဆောင်တတ်နေပြီ…
မျက်လုံးဖွင့်ထားရင်လည်း ဘာမှမမြင်ရတော့သလိုပဲ….လမ်းပေါ်မှာ ၁ဝ ဘီးကားကြီး ဖြတ်သွားတာတောင် မသိလိုက်ဘူး…
ကိုယ့်ရင်ထဲမှာက…..မိုးခြိမ်းသံထက်ကျယ်လောင်တဲ့အသံတွေက လွမ်းမိုးနေရော့သလား
ဗဒင်သီချင်းထဲကလို…..“….ကိုယ့်ရဲ့အဖြစ်ဟာ…မင်းရဲ့အချစ်နဲ့သက်ဆိုင်ပါတယ် ”ဆိုတဲ့ စာသားကို သတိရမိလိုက်တယ်…
ဒါပေမဲ့အခုတော့ “ ကိုယ့်ရဲ့အဖြစ်ဟာ..မင်းရဲ့အမုန်းနဲ့သက်ဆိုင်ပါတယ်”” လို့ ပြောင်းပစ်ရမလို ဖြစ်နေပြီ

ချစ်ရတဲ့သူရယ် ဘာဖြစ်လို့ဒီလိုဆုံးဖြတ်ချက်ချလိုက်တာလည်း….ကိုယ့်မှာဘာလိုအပ်ချက် တွေ ရှိခဲ့လို့လည်းကွယ်..
အရင်ကတည်းကဒီအဖြေကို မင်းဆုံးဖြတ်ခဲ့ပြီးမှ မင်းဆီကို ကိုယ်ရောက်လာဖြစ်ခဲ့တယ်ဆိုရင်တော့…ကိုယ့်အမှားပါ တောင်းပန်ပါတယ်..
ကိုယ့်ကြောင့်တော့ မင်းရဲ့အစီအစဉ်မပျက်စေချင်ဘူး….ဒီလောကကြီးထဲကနေအဝေးဆုံးကို ထွက်သွားသင့်တာပေါ့..ဒါမှမဟုတ်ရင် ကိုယ်သတိရတိုင်း ဖုန်းဆက်နေမိမယ်လေ… အဲဒီလိုဖြစ်ခဲ့ရင် မင်းလေးအတွက်ဘယ်ကောင်းမှာလည်း….ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပါ့မလားလို့လည်းသံသယဖြစ်မိတယ်….
မင်းလေးနဲ့အဝေးဆုံးတစ်နေရာကိုထွက်သွားရတော့မယ်ထင်တယ်…
ကိုယ်တို့ ၁၅၀ဝ အချစ်နဲ့ ဆက်မချစ်နိုင်ခဲ့ရင်တောင်မှ ၅၂၈ ဆိုတာလောက်နဲ့တော့ ဆက်ချစ်လို့ ရပါသေးတယ်နော်….
ဟား……..
ကမ္ဘာကြီးဟာကျယ်ပြောသလောက် ကိုယ့်အတွက် နေစရာနေရာတောင်မရှိတော့ပါလား… ဒီကမ္ဘာကြီးရဲ့ တစ်ခြားတစ်ဖက်ကမ်းကို သွားရတော့မယ်ထင်ပါတယ်…. နောက်ဘယ်တော့မှမကြားရမမြင်ရနိုင်တော့တဲ့ မင်းလေးရဲ့အသံလေးလည်းကြားနေချင်သေးတယ်
ဖြစ်နိုင်ရင် ဓါတ်ပုံဖြစ်ဖြစ် အသံလေးဖြစ်ဖြစ်အသံဖမ်းထားချင်လိုက်တာ
ကိုယ့်ကို ရူးတယ်လို့ဆိုမလား ပြောကြာပါစေ ရပါတယ်…အချစ်ကြောင့်ကိုယ်ရူးနေရပြီလေ
ကိုယ်ဆုလေးတစ်ခုတော့တောင်းပေးခဲ့ပါမယ်
ညီမလေးတို့နှစ်ယောက် သေတစ်ဖန်သက်တစ်ဆုံးထိ ပျော်ရွွှင် အေးချမ်းစွာနဲ့ ပေါင်းနိုင်ကြပါစေလို့ သာယာတဲ့အိမ်ထောင်တစ်ခုဖြစ်လာမယ်ဆိုတာလည်း ယုံကြည်ပါတယ်….
ချစ်သူလေးရေ
နောင်လည်းတို့ ကူညီလို့ရနိုင်မဲ့အခက်အခဲမျိုးပေါ်ပေါက်လာမယ်ဆိုရင်လည်း အရင်တုန်းကအတိုင်းပဲ သူငယ်ချင်းတစ်ယောက်လိုအကူအညီတောင်းခံနိုင်ပါတယ်….
အရောင်မပါတဲ့ ဖြူစင်တဲ့ကူညီမှုမျိုးနဲ့ ကူညီသွားမှာပါ…
ခွင့်ပြုမယ်ဆိုရင်တော့ သူငယ်ချင်းတစ်ယောက်လိုအချစ်မျိုးနဲ့ ဆက်ချစ် သွားချင်ပါတယ်….ချစ်ခွင့်ရှိသေးတယ်မဟုတ်လား….
ကိုယ်တို့မိသားစုမှာ ညီမ/အစ်မ ဆိုတာရှိမှမရှိခဲ့ဘူးတာလေ….

မင်္ဂလာဆောင်ဖိတ်စာတော့ တို့ ဆီမပို့ပါနဲ့တော့နော် တို့ မှာဖတ်နိုင်တဲ့စွမ်းအားရှိတော့မယ်မထင်ဘူး ရှင်ယောက်ျားမဟုတ်ဘူးလားလိုကမေးရင်လည်းရပါတယ်….
အချစ်နဲ့ ပါတ်သက်လာရင် ယောက်ျားလေးလည်း မျက်ရည်ကျတတ်ပါတယ် …ခံစားတတ်ပါတယ်
ချစ်သူလေးတို့မင်္ဂလာပွဲကို ကိုယ်တက်သင့်သလား…ကိုယ်တက်ခဲ့ရင် ကော အမြင်အာရုံတွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်ပါတော့မလား
ဒါပေမဲ့ မင်းလေးတို့ ရဲ့ မင်္ဂလာပွဲကိုတော့ အဝေးကနေပြီး နှလုံးသားတစ်စုံစေလွှတ်လို့ တက်ရောက်ခိုင်းလိုက်မယ်လေ
အဲဒီနှလုံးသားလေးတစ်စုံသာ ကိုယ့်ဆီကို ကောင်းမွန်စွာပြန်ရောက်လာနိုင်မလားလို့ စိုးရိမ်နေမိတာပါ ကြွေမွပျက်စီးသွားမှာလား ခံစားချက်တွေကြောင့် ပေါက်ကွဲထွက်သွားမလား
အချစ်နဲ့ပါတ်သက်လို့ပထမဆုံးခံစားရတဲ့ခံစားမှုဆိုတော့ ဘယ်လိုကုရမလည်း ဘယ်လိုဖြေဖြောင့်ပစ်ရမလည်းဆိုတာ မသိသေးဘူးကွယ်
ကြာလာရင်တော့လည်း ခံစားမှုတွေဟာထုံထိုင်းလာမယ်ထင်ပါတယ်…ဖြစ်နိုင်ရင် ကိုယ့်နှလုံးသားထဲကို ထုံဆေးထိုးပေးခဲ့ပါလား……ဘာမှမခံစားတတ်အောင်လို့လေ ……