ငြိမ်းအေးမှူ ့အစစ်အမှန်ကို ရှာတွေ ့သွားသူများ

မမေလးOctober 10, 20104min892

အားကစားဝါသနာ ပါလိုု ့Premier Eleven sport journal ကို
ဖတ်နေရင်း မမျှော်လင့်ပဲ အရမ်း စိတ်ဝင်စား ဖို ့ကောင်းတဲ့ သတင်းလေး
တစ်ပုဒ်ကို တွေ ့လိုက်ရပါတယ်။
ပြီးတော့ ကိုယ့် ရဲ ့ဗုဒ္ဓဘာသာ အတွက် ရော၊ ဗုဒ္ဓဘာသာ ဖြစ်နေရတဲ ့ဘဝ လေးကို လည်း အရမ်း ကျေနပ်မိပါတယ်။

ဖတ်လို်က်ရတော့သတင်းလေးကတော့.. အားကစားနယ်ပယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေသူတွေ နဲ ့အနုပညာ နယ်ပယ်
Hollywood မှာ ရေပန်းစားနေဆဲ ပုဂ္ဂိုလ်တွေက ကျွန်တော်တို ့ရဲ ့ဗုဒ္ဓဘာသာ
ထဲကို သက်ဝင်ယုံကြည်စွာ ကူးပြောင်း လာခဲ့ကြတယ်လို ့ဆိုပါတယ်။

သူတို ့အထဲမှာ ပိုပြီး စိတ်ဝင်စားဖို ့ကောင်းတာက ပုရိသတို ့ရဲ ့အသည်းစွဲ . ညှို ့မင်းသမီးများဖြစ်ကြတဲ့ (Jennifer Lopez) ဂျနီဖာလိုပတ်ဇ် နဲ ့(Angelia
Jolie)အင်ဂျလီနာဂျိုလီ တို ့လို ့လက်ရှိ အောင်မြင်နေတဲ
့ထိပ်တန်းမင်းသမီးတွေကပါ ဗုဒ္ဓဘာသာလို ့ဆိုလာကြပါတယ်.။ ဒီ သတင်းသာ
တကယ်မှန်ကန် ရင်တော့ အတိုင်းထက် အလွန်ပါပဲ ။

ဗုဒ္ဓဘာသာဝင် မင်းသမီး Jennifer Lopez ရဲ ့တည်ငြိမ်သောအလှ

Eleven Journal ဆိုတာကလည်းမြန်မာပြည်မှာနာမည်ကြီးပါပဲ ။ ဂုဏ်သိက္ခာရှိတဲ့ သတင်းအဖွဲ ့အစည်းတစ်ခုပါ ။ မဟုတ်မှန်တဲ့ သတင်းကိုတော့ လုပ်ကြံလီဆယ်
ပြီးမထည့်လောက်ပါဘူး..
ပြီတော့ ဒီ သတင်း လေး ဟာ အားကစား ဂျာနယ် တစ်စောင်အဖို ့ဘယ်လို မှ ရောင်းအားတက် စရာမရှိပါဘူး ။ ဒါပေမဲ ့ကျွန်တော့်
အတွက်တော့ ဘယ်လိုမှ ပြောလို ့မပြနိုင်လောက်အောင်ကို ဝမ်းသာ ပိတီဖြစ်ရပါတယ်။

ရုပ်ဝတ္တုတွေ လွန်စွာတိုးတက်နေတဲ့ အနောက်နိုင်ငံက ဒေါ်လာတွေ သန်းချီ ဝင်နေတဲ့ နာမည်ကျော် ပုဂ္ဂိုလ်များဟာ. ဘာဖြစ်လို ့များ ဗုဒ္ဓဘာသာကို
သက်ဝင်ယုံကြည်စွာကိုးကွယ်ကြတာလဲ ဆိုတဲ့ မေးခွန်းဟာလည်း ရင်ထဲမှာ
ဖြစ်ပေါ်လာပါတယ်။

သူတို ့နေတဲ့ တိုင်းပြည် ။ သူတို ့ရဲ ့အရပ်ဒေသ ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဒေသတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း မွေးကတည်းက
ဖန်ဆင်းရှင် ဝါဒ တွေ ကြားထဲမှာ ကြီးပြင်းလာခဲ့ရတယ်။
ကိုယ့်ရဲ ့မိဘ ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းတွေ ထဲမှာလည်း ဗုဒ္ဓဘာသာဝင်တွေ ရှိနိုင်မှာ မဟုတ်ပါဘူး။
ဒီ ဘာသာ နဲ ့ကိုယ့်နဲ ့ဘယ်လိုမှ ပတ်သက်မှု ့မရှိနို်င်တဲ ့ပတ်ဝန်းကျင်က လူ
တစ်ယောက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်ဆိုတာ ရှေးပဌာန်း
ဆက် ကြောင့် ဖြစ်မယ်ထင်ပါတယ်။

နောက်ပြီး ကျွန်တော်တို ့ရဲ ့ဘာသာဟာ….အခြားသော ဘာသာများလို စီပွားရေး ဓန အင်အားလည်း မတောင့်တင်းလှ
ပါဘူး ။ ဒီ ဘာသာထဲကိုဝင်ရင် ဘယ်လို ထောက်ပံ့ မှူ ့တွေ ပေးမယ် ။ ဘယ်လို
အခွင့်အရေးတွေ ပေးမယ် ဆိုတဲ ့မက်လုံးတွေ လည်း မရှိပါဘူး။ ပေးလည်း
မပေးနိုင်သလို .. ဘယ်သူ ့ကိုမှ လည်း မပေး ပါဘူး။

စိတ်ဝင်စားရင်လေ့လာကြည့်ပါ။ စမ်းသပ်လုပ်ကြည့်ပါ။ တကယ်လက်တွေ ့လုပ်ကြည့်ပြီး စိ်တ်အေးချမ်းသာမှု
့ကို တကယ်ရမှ ယုံကြည်သက်ဝင်ပါလို ့ဆိုတဲ့ တရားဂုဏ်တော် တွေနဲ ့အမှန်တကယ်
ပြည့်စုံ လို ့သာ သူတို ့တွေ က ဒီ ဘာသာကို ယုံကြည်လာတယ် လို ့ထင်ပါတယ်။
ဒီလို မျိုး စိတ်အေးချမ်းမှု ့ကလည်း ငွေတွေ ရွှေတွေ ပေးဝယ်လို ့မရ ၊ ဂုဏ်
ပကာသနတွေ နဲ ့လဲ ယူလို ့လည်း မရပါဘူး။ ဒါကြောင့် သူတို ့ ဗုဒ္ဓဘာသာ ကို
စိတ်ဝင်တစား ရှိလာကြတာပေါ့။

ဝိပသနာ တရားစခန်းတွေမှာ လည်း ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ဘာသာခြားတွေ လာရောက်တရား အားထုတ်ကြပါတယ်။ တကယ် လက်တွေ
့ ကျင့်ကြံပြီးတော့ စိတ် ၏ ငြိမ်းချမ်းရာ အမှန်တကယ် တွေ ့တော့မှပဲ
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာကြတာပါ။

ကို်ယ့်ရဲ ့ဘာသာဝင် မဟုတ်ပေမဲ ့ သဘောထားကြီးမြတ်စွာ ကိုယ့်ရဲ ့ဝိပသနာ တရားတွေ ကို ဖြန် ့ဝေ ပေးနိုင်တာ
ဒီကမ္ဘာပေါ်မှာ အခြား ဘယ်ဘာသာမှ မရှိနိုင်ပါဘူး။

အခုမြင်တွေ ့နေရတဲ ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေထဲမှာ .. တိုက်ဂါးဝုဒ် တို ့ကတော့ မိခင် က
ထိုင်းလူမျိုး ဗုဒ္ဓဘာသာ မို ့လို ့ သူကိုယ်တိုင်လည်း
ဗုဒ္ဓဘာသာဝင်ဖြစ်တာမဆန်း ပေမဲ့ ဘက်ဂီယို တို ့လို ပုဂ္ဂိုလ်မျိုးကတော့
အောင်မြင်မှု ့တွေ ကျရှုူံး သွား ချိန်မှာ ဗုဒ္ဓဘာသာရဲ ့အေးငြိမ်းမှု
့ကို ပြသပေးတဲ့ တိဘက်လာမား ဘုန်းတော်ကြီးနဲ ့တွေ ့ရှိသွားလို ့ ဒီဘာသာကို
သက်ဝင်ယုံကြည်သွားတာပါ။

ဒါပေမဲ့ ကျန်တဲ့ အနုပညာ နယ်ပယ်က သူတွေကတော့ လက်ရှိအောင်မြင်မှု ့တွေ ရရှိဆဲ ဖြစ်နေတာတောင် ဗုဒ္ဓဘာသာရဲ
့ငြိမ်းချမ်းမှု ့ကို စောစီးစွာ သိမြင် နားလည် လို်က်ကြတယ်လို
့ယူဆမိပါတယ်။

မွေးကတည်းက ကိုးကွယ် လာတဲ ့မိခင်ဘာသာ တစ်ခု ကို ပစ်ပယ် ပြီး အခြားဘာသာတစ်ခုကို ပြောင်းလဲ ကိုးကွယ်ဖို ့ဆိုတာ တကယ့်ကို
မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။
တကယ့်ကို ရင်ထဲကနှစ်နှစ်ကာကာယုံကြည်သက်ဝင်မှာသာ အခက်အခဲတွေကို ကျော်လွားနိုင်မှာပါ။

ဒီကိစ္စ နဲ ့ပတ်သက်ပြီး အီတလျံ ဘုန်းတော်ကြီးတစ်ပါး ဖြစ်တဲ့ ဦးလောကနာထ ပြောကြားသွားတဲ့စကားလေးကတော့ …
မြန်မာ ဆိုတဲ့ လူမျိုးတွေဟာ အင်မတန်ကံကောင်းပါတယ်။ မွေးကတည်းက ဗုဒ္ဓဘာသာရဲ ့ရင်ခွင်မှာကြီးပြင်းလာခဲ့ရတယ်။
တရားဟောပြော ညွန်ပြပေးမဲ ့သူတွေကလည်း အဆင်သင့် ပါပဲ ။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို ့ကို ဘယ်လောက်မှ အားမစို်က်ရပဲ အလွယ်တကူရရှိကြပါတယ်။
သူတို ့တွေဟာ မိဘ ချမ်းသာလို ့ သားသမီးလည်း ချမ်းသာ ပြီး …သူဌေးသား ကနေ အချိန်တန် သူဌေးဖြစ်သူတွေနဲ ့တူပါတယ် တဲ့။

အခြား လူမျိုး ၊ အခြား ဘာသာဝင်ကနေ ကူးပြောင်းပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို
့ကျတော့ အခက်အခဲတွေ ၊ အတားအဆီးတွေ မျိုးစုံကို ကျော်လွှားပြီးတော့မှပဲ
ရရှိပါတယ်။ မလွယ်ကူလှပါဘူး.။
ဒါကြောင့် ဘာသာခြား ကနေ ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ သူကိုတော့ ပင်ပန်းကြီးစွာ ကြိုးစားရလို ့ ဆင်းရဲသား
ကနေသူဌေး ဖြစ်တဲ့သူ နဲ ့တူပါတယ် လို ့ဥပမာပေးသွားပါတယ်။

ဦးလောကနာထ တင်စားသွားတဲ့ ဥပမာ လေးဟာအတော့်ကို အဓိပ္ပာယ်ရှိလှပါတယ်။ ဆိုလိုရင်း ကို်လည်း သဘောပေါက်စေပါတယ်။

ဒီလို ဆိုရင် ကျွန်တော်တို ့တွေဟာ သူဌေးသား . သူဌေးသမီးလေးတွေပေါ့နော်။

မိရိုးဖလာဗုဒ္ဓဘာသာ အဖြစ်ကနေ တကယ်သာ အားစို်က်လိုက်မယ် ဆိုရင် ဗုဒ္ဓဘာသာကောင်း တစ်ယောက ်
(သူဌေးကြီး) ဖြစ်နို်င်ဖို ့အခွင့်အရေးတွေ အများကြီး ရှိတာပေ့ါနော်။

ဘယ်လိ်ု အခက်အခဲ အတားအဆီးမှလည်း မရှိပါဘူးနော်။

တကယ်လုပ်ရမှာကတော့ ကိုယ်ရဲ ့စိတ်ကို ဘာသာရေးထဲမှာ တကယ်နှစ်နှစ်ကာကာ ယုံကြည်ဖို ့ပါပဲ ။

ဒီလို ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ကိုယ့်ဘာသာ ကိုယ် ပြန်ဆုံးမ မိပါတယ်။
သူများတွေကတောင် အခက်အခဲ တွေမျိုးစုံကို စွန် ့စားကျော်လွှားပြီး
ဗုဒ္ဓဘာသာကောင်းဖြစ်အောင်ကြိုးစားနေချိန်မှာ ကျွန်တော်ကတော့ အပျင်းထူ
နေပါတယ်။

တစ်နေ ့တစ်နေ ့ အလုပ်က မအား လို ့. ဟို ကိစ္စ ဒီကိစ္စ ကြောင့် ဘုရားကို တောင် ပေါက်ဆိန်ပေါက်သလို ဦးသုံးကြိမ် ချပြီး တော့
အိ်ပ်လိုက်မိတဲ့နေ ့တွေများလှ ပါပြီ။

နောက်ပြီးတော့ . ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း မှတ်ပုံတင် ထဲမှာ သာ ဗုဒ္ဓဘာသာအမည်ခံ ပြီး တော့
ယောင်တောင်တောင် ဖြစ်နေသူတွေ ။ ဘုရားကိုတောင် တစ်လနေလို ့တစ်ကြိမ်မမြင်ဘူး ၊
မဖူးဘူးတဲ့ သူတွေကိုလည်း ဆုံးမ ပညာပေးချင်ပါတယ်။

ကျွန်တော် ရန်ကုန်မှာရှိစဉ်က သင်္ကြန်တိုင်းလို လို ဘုန်းကြီးဝတ်ဖြစ်ပါတယ်။ တခါတော့
ငယ်သူငယ်ချင်းတစ်ယောက်က သင်္ကြန်မှာ ရေပက်ခံထွက်ဖို ့လာဆွယ်ပါတယ်။
သင်္ကြန် မှာရေမကစား ပဲ ပဉ္ဖင်း တက်မယ့် အကြောင်းကိုလည်း ပြောလိုက်ရော.. ဒီသူငယ်ချင်းက ဘာပြောသလဲ ဆိုတော့..
မင်းက အဘိုးကြီးကျနေတာပဲ .. ဘုန်းကြီးဝတ် ၊ တရားစခန်း ဝင်တာ က မင်း အသက်ကြီးမှ
လုပ်လည်းရတယ်။ သင်္ကြန်လည် တာကတော့ အသက်ကြီးရင် လုပ်လို ့မရဘူးကွ လို
့အပြောခံရဘူးပါတယ်။
သူပုံစံ ကိုကြည့်ရတာ..အသက် ၈ဝ ပြည့်မှ သေပါရစေလို ့သေမင်းနဲ ့စာချုပ်ချုပ်ထားတဲ့ ပုံစံ မျိုးပါပဲ ။
သူငယ်ချင်း အချင်းချင်း စ.နောက်ပြီးတော့ ပြောတလည်း ဖြစ်ကောင်းဖြစ်မှာပါ။

ကျွန်တော် ရင်အနာ ဆုံးကတော့ . တိုင်းတပါး ရောက်ပြီး တိုင်းတပါးသားနဲ ့လက်ထပ်
သွေးနှောပြီးတော့ ကိုယ့်ရဲ ့မိခင် ဗုဒ္ဓဘာသာကို ကျောခိုင်းပြီးတော့ တိထိ္ထ
ဖြစ်သွားတဲ့ သူတွေ ။ မြန်မာနိုင်ငံထဲမှာပဲ ဘာသာခြားနဲ ့လက်ထပ်ပြီးတော့
ဘာသာပြောင်းသွားတဲ့ သူတွေကိုတော့ သူဌေးသား ဘဝကနေ လမ်းဘေး ရောက်သွားတဲ့
ဆင်းရဲ သားတွေလို ့ပဲ ဥပမာ ပေးလိုက်ချင်ပါတယ်။

ဒါပေမဲ့လည်း ဒါတွေ ဟာ ကံ တရားနဲ ့လည်း ဆိုင်ပါတယ်။ ကံ ရှိလို ့၊ ရှေးပဌာန်း ဆက်ရှိလို
့ဗုဒ္ဓဘာသာ ဝင်ဖြစ်လာပေမဲ ့..ကံကုန်တော့လည်း သူ ့လမ်း သူသွားတာပဲပေါ့။
ကျွန်တော်တို ့ကတော့ လက်လှမ်းမိသလောက် ဗုဒ္ဓဘာသာ ရဲ ့ရင်ခွင်ထဲက
မထွက်သွားရအောင် တော့ကြိုးစားကြတာပေါ့..

အားလုံးကတော့ သဗ္ဗေသတ္တာ ကမ္မသကာ ပါပဲလေ။

Ref : Aung Pyae (facebook photo)

အခု ဒီ စာ လေးကို ဖတ်မိတဲ့ သူငယ်ချင်းတို ့လည် . ငါ ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ လား။
တကယ့် ဗုဒ္ဓဘာသာ စစ်လား ဆိုတာကိုတော့ ကိုယ့် ဘာသာပြန်လည် ဆန်းစစ်နိုင်ကြပါစေလို ့ဆန္ဒပြုရင်း

ငြိမ်းအေးမှူ ့အစစ်ကို ရှာတွေ ့နိုင်ကြပါစေ။

2 comments

  • maungmoenyo

    October 10, 2010 at 10:43 pm

    ဒီနေရာမှာဗုဒ္ဓ္ဒရဲ့အယူဝါဒကိုအထူးလေ့လာလာပြီးကျင့်ကြံကြတဲ့သူတွေနဲ့၊ ဗုဒ္ဓဘာသာဝင်ဆိုပြီးကိုယ့်ကိုယ်ကိုသတ်မှတ်မှတ်သူတွေကြားမှာကွာခြားတဲ့အချက်တွေရှိပါ တယ်။ အဓိကကတော့ဗုဒ္ဓကနိဗ္ဗာန်ကိုမျက်မှောက်ပြုကြောင်းကိုဘဲဟောပါတယ်။ သံသရာမှာလည်ကြောင်းကိုမဟောပါ။ သံသရာမှာကျင်လည်စဉ်ကာလ အတွင်းလိုက်နာသင့်သောအဆုံအမဆို့ကိုပြဆိုခဲ့သော်လည်း၊ အတိတ်အပါအဝင်ပစ္စုပါန်ကာလမှာကိုယ်ပြုခဲ့တဲ့ကုသိုလ်ရဲ့အကျိုးဆက်ဖြစ်တဲ့ “ကမ္မ”ရဲ့အပြုနဲ့အဖြစ်ကိုသာဟောပါတယ်။ အလိုအလျောက်ဖြစ်တာတို့၊ တန်ခိုးဣိဒ္ဓိပါတ်အရာတို့။ God ဘုရားသခင်ဝါဒ၊ ၊ ဖန်တီးပြီးဟောတာ၊ စသည်တို့ကိုလုံးဝမဟောခဲ့တဲ့အပြင်၊ ကိုးကွယ်ဆီးကပ်ခြင်းတို့ကိုတားမြစ်ခဲ့ပါတယ်။ အရှိကိုအရှိသာဟောပြီးမရှိတာကိုအရှိလုပ်မဟောပါ။ ဆုတောင်းလို့ဘာမှမဖြစ်မလာနိုင်ပါ။ ကိုယ်တိုင်ပြုမှရပြီးကိုယ်လုပ်သမျှရဲ့အကျိုးကိုသာခံစားရပါတယ်။ “အဘိဓမ္မာ”ရဲ့အဓိပ္ပါယ်ကိုယ်၌ကိုက “ထူးကဲနက်နဲသောတရား” လို့အဓိပ္ပါယ်ဖွင့်ဆိုထားပြီးနားလည်ရန်လွန်စွာခက်ခဲတယ်လို့ဆိုပါတယ်။ ဗုဒ္ဓကိုယ်တိုင်ကျွတ်ထိုက်သူကိုသာဟောပါတယ်။ အကျင့်အကြံသာဖြစ်ပြီးဘာသာမဟုတ်ပါ။ လေ့လာလိုက်စားသူနှဲနောက်လိုက်မိရိုးဖလာကြောင့်သာဘာသာအဖြစ်တည်ရှိလာခြင်းဖြစ်ပါတယ်။
    ဖေါ်ပြခဲ့တဲ့ဗုဒ္ဓဝါဒကိုလိုက်နာကျင့်ကြံကြသူတွေ(Hollywood)တွေကိုကြည့်ပြီးဗုဒ္ဓဘာသာဝင်လို့ချက်ချင်းကောက်ချက်မချမိဘို့အရေးကြီးပါတယ်၊ မြန်မာနယ်စပ်ရောက်ပြောင်းခိုသူတိုင်းရင်းသားတွေရဲ့ဘဝကိုစိတ်ဝင်စားပြီးအားပေးကူညီနေတဲ့ Angelina Jolie ဟာဗုဒ္ဓအယူရှိသူဆိုတာကိုအရင်ကကြားဘူးပေမဲ့၊ အခန်းအနားတခုမှာသူဟာchurch ကိုသွားနေဆဲပါဆိုတာကိုဖွင့်ဟာပြောဘူးသွားတာကိုကြည့်ရင်သူ့ကိုယ်သူဗုဒ္ဓဘာသာဝင်ပါလို့မပြောနိုင်ကြောင်းပါ။ ဒါပေမဲ့ဗုဒ္ဓရဲ့အယူဝါဒကိုလိုက်စာပြီးကျင့်ကြံနေသူမို့ “ဗုဒ္ဓအယူဝါဒီ” လို့ဆိုနိုင်ပါတယ်။ ထိုနည်းတူဘဲအခြား celebrity နဲ့ business tycoons တွေက စစ်မှန်တဲ့အေးငြိမ်းမှုရှိတဲ့ Buddhism ကိုလေ့လာလိုက်စားကြသူတိုင်းလဲဒီလိုဘဲဆိုတာနားလည်ကြဘို့လိုပါတယ်။ တကယ်တော့ ဗုဒ္ဓအယူဝါဒဟာ ကလလရေကြည်သန္ဓေတည်တဲ့အချိန်ကစပြီး၊ အို၊နာ၊သေဘေးဖြစ်တဲ့ (ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ)ဆိုတဲ့သတ္တဝါအားလုံးတို့ရဲ့မလွဲမသွေဖြစ်ကြရမဲ့ပရမတ်ဖြစ်ပျက်တရားတွေရဲ့စဉ်ဆက်မပြတ်ဖြစ်ပျက်မှုတွေကိုသိပ္ပံနည်းအကျဆုံးဖြေရှင်းပြဆိုထားတဲ့တရားဖြစ်ပါတယ်။ သိပ္ပံနည်းကျလွန်းတဲ့ဝိဇ္ဇာပညာဆိုရင်မမှားပါဘူး။ ဒီတရားကိုအရှိကိုအရှိတိုင်းကာလသုံပါးကိုအသချေင်္နဲ့ချီပြီးဟောနိုင်သောလူသားရယ်လို့လောကမှာတစ်ဦးတည်းရှိလို့ “မဟာလူသား”လို့ဆိုနိုင်ကြောင်းပါ။
    ဗုဒ္ဓရဲ့ဖေါ်ပြခဲ့တဲ့သက်ရှိတိုင်းမလွဲမသွေဖြတ်သန်းရမဲ့ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏဆိုတဲ့ဒုက္ခအားလုံးရဲ့ချုပ်ရာဖြစ်တဲ့ “နိဗ္ဗာန်”ကိုမျက်မှောက်ပြုနိုင်တဲ့နည်း (၈)သွယ်ကိုစာရေးသူကမှတ်သားရလွယ်အောင်လင်္ကာစပ်ထားတာလက်ဆောင်ပါးပါရစေ။
    “မြင်၊ကြံ၊ဆို၊ပြု၊သက်မွေးမှု၊အားထုတ်၊အောက်မေ့၊တည်ကြည်မွေ့၊”

    မြင် – ကောင်းစွာမြင်ခြင်း
    ကြံ – ကောင်းစွာကြံခြင်း
    ဆို – ကောင်းစွာဆိုခြင်း
    ပြု – ကောင်းစွာပြုခြင်း
    သက်မွေးမှု – ကောင်းစွာသက်မွေးမှုပြုခြင်း
    အားထုတ် – ကောင်းစွာအားထုတ်ခြင်း
    အောက်မေ့ – ကောင်းစွာအောက်မေ့ခြင်း
    တည်ကြည်မွေ့ – ကောင်းစွာတည်ကြည်ခြင်း
    အဆိုလွယ်သလောက်ထင်သလိုကျင့်ကြံဘို့ရာအလွန်ခက်ကြောင်းပါ။

  • intro

    October 11, 2010 at 9:41 am

    ဒီပိုစ့်လေး ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာဗျာ… ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူမိပါတယ်…

Leave a Reply