နန်းဆုပျောက်နေခြင်းနှင့်ပတ်သတ်၍ တွေ့ မိတဲ့သတင်းအပိုင်းအစလေးများဖြစ်ပါတယ်

ယနေ့ ရန်ကုန်မှ ရရှိသော သတင်းအရ အဆိုကျော်နှင့် သရုပ်ဆောင်အမျိုးသမီး နန်းဆုရတီစိုး အောက်တိုဘာ ၈ ရက်နေ့ကတည်းက အိမ်သို့ ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
“မြ၀တီရုပ်မြင်က ရိုက်ကူးပြီး အပြန်မှာ ကားရော၊ လူရော အိမ်ကို ရောက်မလာတော့ဘူး။ သူနဲ့ အတူ အဖော်မိန်းကလေးနဲ့ ကားမောင်းသူပါ ပျောက်နေတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်မှာ နန်းဆုရတီစိုးရဲ့ အိမ်လမ်းထိပ်မှာ သူ့ကားကို လာရပ်ထားခဲ့တယ်လို့ သိရတယ်။ ဖုံး ၂ လုံး ပါသွားပေမယ့် တလုံးက ပိတ်ထားပြီး၊ တလုံးကို မကိုင်ဘူးလို့ အိမ်က ပြောတယ်။”
နန်းဆုရတီစိုး၏ မိခင်ကိုယ်တိုင်က မြန်မာနိုင်ငံ ရဲချုပ်အထိ သွားရောက် တိုင်တန်းထားကြောင်း၊ တပြည်လုံးရှိ ရဲတပ်ဖွဲ့များသို့ အကြောင်းကြားထားကြောင်း၊ ပြန်ပေးဆွဲခံထားရသည်ဟု ထင်မြင်နေကြကြောင်း စုံစမ်း သိရှိရသည်။
“အခုထိတော့ ပြန်ပေးဆွဲတဲ့ဆီက ဆက်သွယ်တာ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် မြ၀တီရုပ်မြင်စတူဒီယိုက အထွက်မှာ ပျောက်သွားတာဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ဆိုတဲ့ မျက်မြင်သက်သေ မရှိသေးတော့ အတိအကျ မပြောနိုင်ကြဘူး၊ သူနဲ့ ရင်နှီးတဲ့ စစ်ဗိုလိချုပ်ကြီးတွေရဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တာလားလို့လည်း ထင်ကြေးပေးနေကြတယ်”
ဟု မိုးမခသို့ သတင်းပေးပို့သူက ထင်မြင်ချက် ပေးသည်။

သတင်းရရှိသညိ့ ယနေ့ မွန်းလွဲချိန်အထိ ထူးခြားမှု မရှိသေးဟု ဆိုသည်။
Ref:moemakha news

မြ၀တီ ရုပ်သံမှ အိမ်သို့ ပြန်ရောက်မလာသေးသည့် စစ်အစိုးရ ၀ါဒဖြန့် ချိရေးတေးများသီဆို ပေးသူ နန်းဆုရတီစိုး

 

အောက်တိုဘာလ ၈ ရက်နေ့ က မင်္ဂလာဒုံ မြို့ ရှိ မြ၀တီ ရုပ်သံတွင် ကြံ့ဖွံ့ အတွက် ရွေးကောက်ပွဲ
မဲဆွယ်တေး ကို သွားရောက် သီဆိုပေးခဲ့ပြီး အိမ်သို့  ပြန် ရာ တနင်္ဂနွေနေ့ ၁၀ ရက်နေ့ ထိ ရောက်
ရှိလာခြင်း မရှိသေးသည် အတွက်သူမ ၏ မိသားစုမှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ထိတိုင်တန်းထား
သည် ဟု သတင်းရရှိသည်။

နန်းဆုရတီစိုး သည် စစ်အစိုးရ အာဏာရ သားသမီးများ နှင့် စီးပွားရေး ဆက်စပ် လုပ်ကိုင်ရာမှ
ပြီးခဲ့လ က သူမ ဦးဆောင် ပြုလုပ်ခဲ့သည့် ပြပွဲ တစ်ခု တွင် ]ထိပ်တန်း စစ်တပ်အရာ ရှိ တစ်ဦး
၏ သမီးဖြစ်သူ နှင့် အချေအတင် ဖြစ်ခဲ့သည်ဟု သိရသည်။

နန်းဆုရတီစိုးသည် ရန်ကုန်တိုင်းမှ ထိပ်တန်း စစ်အရာရှိ များ အာဏာပိုင် အသိုင်းအ၀ိုင်းများနှင့်
ဝင်ဆံ့ သူဖြစ်သည်။

Ref:FreedomNewsGroup

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး