ရယ်ရယုံ (၅၀)

etoneOctober 11, 20101min560

ဂျက်ရဲ့မိန်းမက အရမ်းကို သဝန်တိုတတ်ပါတယ်။ ဂျက်ကိုအမြဲသံသယ ဖြစ်တတ်ပါတယ်။
တစ်ရက်တော့ ဂျက်က
အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့ မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အကျႌကို
အသည်းအသန်တောင်းပြီး မိန်းမဆံပင် တွေ့လိုတွေ့ငြား ရှာပါတော့တယ်။
ဆံပင်ချည်တစ်မျှင်မှ
… မတွေ့လို့ ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သဝန်တိုတတ်သူပီပီ
ဒေါသတကြီး ဆိုလိုက်တာက “ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့
ဖောက်ပြန်နေတယ် မဟုတ်လား…” တဲ့။


သမိုင်းဆရာ – ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။
သမိုင်းဆရာ – ကောင်းပြီ၊ ၁၉၂ဝ မှာရော ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။


စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။
လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင်
ကျပ်ကျပ်တည်းတည်း အိပ်နေကြသည်။ ၎င်းတို့ထဲက တစ်ယောက်သည် မလှည့်သာ
မလှုပ်သာသဖြင့် အိပ်မပျော်နိုင်။ ကြာသော် သည်းမခံနိုင်တော့သဖြင့်
ခေါင်းအုံးကိုဆွဲကာ ကြမ်းပေါ်ဆင်းအိပ်သည်။ အိပ်ပျော်နေသော လူနာတစ်ယောက်
…မျက်လုံးပွင့်လာပြီး မိမိဘေးတွင် နေရာလွတ်သွားသည်ကို တွေ့သည်။ သို့နှင့်
ကြမ်းပေါ်က လူနာကို လှမ်းပြောသည်။
“ဟေ့… နေရာချောင်သွားပြီ၊ လာ… တက်အိပ်လှည့်”


တက်ရောက်လာသည့် ဧည့်သည်တော်အမျိုးသမီးကို ထမင်းစား,စားပွဲသို့ တွဲခေါ်ရင်း မတ်တွိမ်းက ပြောသည်။
“ဒီနေ့ ခင်ဗျားသိပ်လှတာပဲဗျာ”
ကျေးဇူးတင်စကား ပြောရကောင်းမှန်းမသိသည့် အမျိုးသမီးက ပြန်ပြောသည်။
“ရှင့်ကို အလားတူစကားမျိုး မပြောနိုင်တဲ့အတွက် ဝမ်းနည်းပါတယ်”
မတ်တွိမ်း ပြုံးရယ်ပြီး အကြံပေးလိုက်သည်။
…”မခက်ပါဘူး၊ ကျွန်တော့်လိုပဲ လိမ်ပြောလိုက်ပေါ့”


သားငယ်လေးက အိမ်အပေါ်ထပ်ကို အလောတကြီးနဲ့ ပြေးတက်လာပြီး ဖခင်ဖြစ်သူကို မေးလိုက်တယ်။

“အဖေ… သားရဲ့ အသိဉာဏ်တွေက ဘယ်ကနေ ရောက်လာတာလဲဟင်”

အဖေဖြစ်သူက စဉ်းစဉ်းစားစားနဲ့ ပြန်ဖြေတယ်။

“ဒီလိုသားရဲ့… သားရဲ့အသိဉာဏ်တွေက သားအမေဆီကနေ သားဆီကို ရောက်လာတာပဲဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ အဖေ့အသိဉာဏ်တွေက အခုအချိန်ထိ အဖေ့ဆီမှာ ရှိနေတုန်းမို့ပဲ”။



ဘိုဘိုရဲ့ဆရာမက သူ့အမေဆီကို စာရေးပေးလိုက်တယ်။ စာထဲမှာက-

“ဘိုဘိုလေးဟာ အရမ်းကို ဉာဏ်ရည်ထက်မြက်ပြီး စာတော်တဲ့ ကလေးတစ်ယောက်ပါ။

ဒါပေမယ့် သူ့အချိန်အများစုကို မိန်းကလေးတွေအကြောင်းပဲ စဉ်းစားပြီး ဖြုန်းတီးပစ်နေတယ်”

နောက်တစ်နေ့တွင် အမေဖြစ်သူက ဆရာမထံ စာပြန်ရေးပေးလိုက်တာက-

“ဆရာမအနေနဲ့ သူ့ကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းရရင် ကျွန်မကို အကြောင်းကြားပါဦးနော်။

ကျွန်မမှာလည်း သူ့အဖေနဲ့ပတ်သက်ပြီး အလားတူပြဿနာ ဖြစ်နေလို့ပါ” ဟူသတည်း။