ရတနာပုံ Web Portal အတွက် အဖွဲ့အစည်း ပေါင်းစုံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်

BayoteApril 1, 20101min591

အမျိုးသားအဆင့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရတနာပုံ Web Portal အတွက်အဖွဲ့အစည်းပေါင်းစုံနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ရတနာပုံ WebPortal တွင် ကဏ္ဍပေါင်းစုံ ပါဝင်မည်ဖြစ်ပြီး ထိုကဲ့သို့ စုံလင်ရန်အတွက် ပြည် တွင်းရှိမီဒီယာအဖွဲ့အစည်းကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတို့နှင့် လည်းပူးပေါင်း လုပ်ဆောင်သွားမည်ဟုသိရသည်။“အိမ်နီးချင်းနိုင်ငံတွေမှာ Web Portal ကြီး တွေရှိပြီး သက်တမ်းအားဖြင့် ၁၅ နှစ်လောက်ရှိပြီဖြစ်ပါတယ်။

ဒီမှာတော့ အခြေခံအဆောက် အအုံပိုင်း လိုအပ်ချက်တွေဖြည့်ဆည်းရင်းနဲ့မကြာခင်မှာ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့်ဖြစ်တဲ့အတွက် ဖင်လန်နိုင်ငံက အကြံပေးပညာရှင်ငတွေကိုလည်းငှားထား ပါတယ်”ဟု အဆိုပါ Web Portal စီမံကိန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ Web Portal ကိုမိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၂၀၁ဝခုနှစ်မတ်လ ၂၆ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါ သည်။

One comment

  • kyawgyi

    May 11, 2010 at 2:53 am

    ကျွန်တော်က တော. ယနေ.ခေတ်ကာလကို portal ဟာ ခေတ်မရှိတော.ဘူးလို. မြင်မိတယ်။ ယနေ. ခေတ်ကာလ က
    social ခေတ်ရောက်နေပြီ လို. မြင်မိ ပါကြောင်းးးးးးးးးးး

Leave a Reply