သေသော်မှတည့် အော်ကောင်း၏…(ပြန်လည်တူးဖော်ခြင်း)

မစ္စတာသန့်October 11, 20101min1539

ထီးသုဉ်း.နန်းသုဉ်း

မြို့သုဉ်း သုည

သုဉ်း သုံးဝဖြင့်

သုဉ်းရပြန်လစ်

သုညခေတ်ဝယ်

ဖြစ်လာရလေ တို့တစ်တွေသည်

သေသော်မှတည့် အော်ကောင်း၏။

ဆီးဘန်းနီဆရာတော်

9 comments

  • kopauk mandalay

    October 11, 2010 at 12:20 pm

    ဒီကဗျာလေးရဲ့ဆိုလိုရင်းကတော့ မြန်မာတွေ သူများရဲ့ကျွန်ဘဝကိုရောက်သွားတဲ့အချိန်မှာ(ထီးနန်းလဲမရှိ၊မြိုလဲမရှိတော့ဘူးပေါ့)
    လူဖြစ်ရတာထက်စာရင် သေတာကမှကောင်းသေးတယ်လို့ ဆိုထားတဲ့ လွန်ခဲ့သောနှစ်ပေါင်းများစွာက
    ဆီးဘန်နီဆရာတော်က မြန်မာလူမျိုးအတွက် မချိတင်ကဲ ဝမ်းနည်းစွာနဲ့ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာလေးပါ။
    ဆီးဘန်နီဆရာတော်ရဲ့ အုဌ်ဂူက မန်းလေးမြို့အဝင် ဂရိတ်ဝေါဟိုတယ်နဲ့မျက်နှာခြင်းဆိုင်မှာရှိပါတယ်။
    သုဉ်း= မရှိခြင်း ပျောက်ကွယ်ခြင်း နဲ့တူပါတယ်

  • unclegyi1974

    October 11, 2010 at 2:15 pm

    ကိုပေါက်ပြောတဲ့ နှစ်ပေါင်း များစွာဆိုတာ သီပေါမင်း ပါတော်မူပြီး အချိန်ကိုပြောတာပါ
    မစ္စတာသန့် ရေ အော် ဆိုတာ ဟစ်အော်တဲ့အဓိပ္ပါယ်ပါ
    ဒီနေရာမှာသုံးတာ ဩ ဆိုပြီးသုံးရမှာပါ
    အာမေဋိတ် အဓိပ္ပါယ်ပါ ကျွန်တော်ကအဲလိုမှတ်သားဖူပါတယ်
    မှားပြီးဆရာလုပ်မိရင်လဲပြင်ပေးပါ

  • fatty

    October 11, 2010 at 2:24 pm

    ဪ … ညီးတွားသံများလားလို့ ..။

  • maungmoenyo

    October 11, 2010 at 6:02 pm

    ကျေးဇူးရှင်ဆရာတော်ကြီးသာဒီနေ့ရှိခဲ့မယ်ဆိုရင်ဒီနေ့ဒီခေတ်ကို….. ဒီလိုကောက်ချက်ချမိမှာဘဲ…”အနှုတ်ခေတ်”..လို့။..အရှိန်အဟုန်နဲ့ခေတ်နောက်ပြန်ဆွဲနေလို့ (အများပြည်သူ သန်း ၆ဝ အတွက်ပြောတာပါ။)

  • bloon

    October 11, 2010 at 8:55 pm

    ထီးသုဉ်းနန်းသုဉ်း၊ ကြငှန်းသုဉ်း၍၊ မြို့သုံးသုည၊ ဤသုံးဝမှာ၊ ဖြစ်လာရချေ၊ တို့တတွေသည်၊ သေသော်မှတည့် ဪကောင်း၏ (ဆီးဘန်နီ ဆရာတော်၏ မန္တလေးပျက် တမ်းခြင်းရတု ထဲကပါ ) မှားနေလို့ပါဗျာ ဘယ်လိုမှမရည်ရွယ်ပါဘူး

  • mG

    October 12, 2010 at 3:00 pm

    စာသားလေး အရမ်းကောင်းတယ်ဗျာ….။အရမ်းလည်းကြိုက်တယ်…….။

  • unclegyi1974

    October 12, 2010 at 4:39 pm

    ကို ဖက်တီးရေ စာပြင်ပေးတာကျေးဇူပါ
    ခင်ဗျာ ဪ ကအမှန်ပါ

Leave a Reply