ချစ်ဗိမာန် ဖိနပ်တိုင် မြဲခို်င်ရေးတရားတော် [ အရှင်ဇယတိဿ (သစ္စာပါရမီ) ]

alien on the planet earthOctober 13, 20101min550

FORWARD MAIL အားပြန်လည်ဝေမျှပါသည်.

လွန်ခဲ့သော ရှေးပဝေသဏီ နှစ်ပေါင်းနှစ်ထောင်ငါးရာကျော်က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် ရာဇဂြိုလ် နိုင်ငံသား သိင်္ဂါ လ သတို့သားကို အကြောင်းပြုပြီး ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် ကျင့်သုံးစရာ အကောင်းဆုံး ကျင့်ဝတ်များကို ချ မှတ်ကာ ဟောကြားခဲ့၏။ ထိုကျင့်ဝတ်များသည် ယနေ့အထိ သစ်လွင်နေဆဲ၊ တောက်ပနေဆဲ၊ ခိုင်မြဲနေဆဲ၊ မှန်ကန်နေဆဲ နောင်လည်း နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေမှာပါ။
မင်္ဂလာ သတို့သားအတွက် ဗုဒ္ဓက လိုက်နာကျင့်ဆောင်ရန် ကျင့်ဝတ်ငါးခု ချမှတ် အကြံပြု မိန့်ကြားလမ်းညွှန်ခဲ့ ၏။ ထိုကျင့်ဝတ်နှင့် ပတ်သတ်၍ ရှေးဆရာတော်များက အမှတ်ရလွယ်အောင် ကဗျာစပ်ပေးခဲ့ ကြ၏။
“ခင်ပွန်း ကျင့်ဝတ်ငါးပါး”
“ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကျင်၊ ငါးအင်လင်ကျင့်ရာ။”
၁။ မထီမဲ့ကင်း
နှစ်ကိုယ်တစ်ဘဝ၊ ဘဝနှစ်ခုပေါင်းစပ် ယှက်နွယ်ကြသည့် သမုဒယနယ်မှာ အပိုဒုက္ခမကြွယ်စေရေးအားပေးသော အနေဖြင့် ဗုဒ္ဓရှင်တော်ကအမျိုးသားဖြစ်သူသည် မိမိလက်တွဲမည့် အမျိုးသမီးကို “ သူက မိန်းမသားပဲ ငါပြုတိုင်းနုရမည်၊
ငါထားသလိုနေရမည်၊ငါ့အလိုကျချည်းဖြစ်စေရမည်”လို့အထင်သေးအမြင်သေးစိတ်ဓာတ်မျိုးမထားရ။နှစ်ကိုယ်တူတစ်ဘဝအဖြစ်ဖြင့်အိမ်ထောင်ရေးဘဝ အုဉ်မြစ် ပနက်ချကြရန် ပထမအချက်အဖြစ် မိန့်ကြားထားသည်။ အိနိ္ဒယ ရှေးခေတ်သမိုင်းကိုကြည့်လျှင် အမျိုးသမီးများကို အမျိုးသားများက အဖြည့်ခံအဖြစ်သဘောထားကာ နှိမ်ထားခဲ့ကြ၏၊ ထို အစဉ်အလာကို ဗုဒ္ဓရှင်တော်က တွန်းလှန်ပြီး အမျိုးသမီးများကို တန်းတူအခွင့်အရေးကို ဖွင့်လှစ်ပေးခဲ့၏။

၂။အပ်နှင်းဥစ္စာ
ရှာဖွေ၍ရလာသော ပစ္စည်း ဥစ္စာများကို အမျိုးသမီးကပင် “စီးတဲ့ရေ ဆည်တဲ့ကစင်း”ကဲ့သို့ မယိုမဖိတ် အောင် ထိန်းသိမ်းစောင့်ရှောက်ရန် မိန့်ကြားခဲ့၏။ အမျိုးသားများကချည်း ငွေကြေးများကို ချုပ်ကိုင်ထားခြင်း မျိုးကား သဘာဝမကျ ၊ အိမ်ထောင်တစ်ခုလုံး၏ သုံးစွဲစရိတ်များကို အမျိုးသမီးက ဦးစီးလုပ်ကိုင်နေရ၏။ အိမ်၏ စားသုံးမှု၊ သန့်ရှင်းမှုကအစ လှပအောင်စနစ်တကျ ပြင်ဆင်မှုစသည့် ကိစ္စ အဝဝများကို အမျိုးသမီးက ပြင်ဆင် ရ၏။ငွေတစ်ကျပ် တစ်ပြားကအစ အမျိုးသားထံ လက်ဖြန့်တောင်းနေရလျှင် စိတ်ကသိကအောက် ဖြစ်၍ ငွေပေး ကာ မြူဆွယ်သူများနှင့်တွေ့ပါက စိတ်လည်ကာ အိမ်ထောင်ရေးပျက်ဆီးသွားနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓမိန့်ကြား သည့် (၂) အချက်သည်လည်း အရေးတကြီး လိုက်နာသင့်သည်ပင် ။

၃။ မိစ္ဆာမမှား
ကာမေသုမိစ္ဆာစာရကံကို အထူးရှောင်ကြဉ်ဖို့ မိန့်ကြားချက်ဖြစ်၏။ ကာမေသုကံ ယွင်းပျက်က ရွံစရာလူ သား၊ နာမည်ပျက်လူသား၊ ဂုဏ်သိက္ခာမဲ့လူသားအဖြစ်ထင်ရှားရ၏ ‘ ကြာကူလီ’ နာမည်ဆိုင်းဘုတ်ကြီး တစ်ချပ် ကို ပတ်ဝန်းကျင်က ချိတ်ဆွဲလိုက်ကြ၏။ ပရိတ်သတ် ဗိုလ်ပုံအလယ်တွင် မဝံ့မရဲ ဖြစ်ရ၏။ ကုိုယ့်ကိုကိုယ် ပြန်စွပ် စွဲမိ၏။ ဘဝမလုံခြုံသလို ခံစားရ၏။ ခေတ်ပေါ်ရောဂါဆန်း ဖြစ်ရခြင်းသည် ထိုကံပျက်မှုကြောင့်ဆိုသည်မှာ ထင် ရှား၏။ မျက်မှောက် မျက်ကွယ် နှစ်သွယ်သော ဘဝလုံး ဆုံးရှုံးနစ်နာမှုပေါင်းများစွာဖြင့် ကြုံရ၏။ ထို့ကြောင့် ဤ ကာမေသုကံကို အထူးထိန်းသိမ်းရန် လိုအပ်လှ၏။

၄။ ဝတ်စားဆင်ယင်
အမျိုးသားသည် မိမိ၏ ကြင်ဖော်အမျိုးသမီးအား ခေတ်ပေါ်အဝတ်တန်ဆာများကို အခွင့်အခါအလိုက် သင့်လျော်သလို ဝယ်ပေးဆင်မြန်းပေးရမည်။ မိမိတို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်၊ ငါးနှစ်ပြည့်စသည့် အမှတ် တရလက်ဆောင် ပေးအပ်ခြင်း၊ မိမိအဝေးတစ်နေရာရာသို့ ထွက်ခွါရတိုင်း အလျှင်းသင့်သလို ဂရုတစိုက် မိမိ၏ ဇနီး သည်အတွက် ပစ္စည်းလက်ဆောင် ဝယ်လာပေးအပ်ခြင်းစသော လိုအပ်သော ဂရုစိုက်မှုဖြင့် မေတ္တာ အကြင်နာ ကွန်ယက်ကို ဖြန့်ကြက်ပေးပါက ထိုအိမ်ထောင်ရေးသည် အများဝန်တိုလောက်အောင် ခိုင်မြဲသာယာနေမှာ မှန် ကန်ကြောင်း ထင်ရှားနေပါတော့သည်။

၅။ မြတ်နိုးကြင်

ခင်ပွန်းသည် အမျိုးသားသည် လူပျိုရေဘဝကို ချစ်လှစွာသော ဇနီးသည်အား ပေးအပ်ခြင်းမှ စ၍ နှစ် ကိုယ်တူဘဝကို ထူထောင်ခဲ့သည့် မိမိအိမ်ထောင်ရေးသည် တစ်ရက်တာသာယာရေးမဟုတ် တစ်လတာ၊ တစ် နှစ်တာ သာယာပျော်ရွှင်ရေးမဟုတ် နှစ်ပေါင်းများစွာရာသက်ပန် ရိုးမြေကျသာယာဖို့အရေး အလေးပေးတွေဆကာ မိမိအိမ်ထောင်ရေးသည် ဆွေမျိုး၊မိတ်ဆွေ လောကပတ်ဝန်းကျင်တွင် စံပြအိမ်ထောင်ရေးဖြစ်စေရမည်ဟု လေး လေးနက်နက်ခံယူသင့်သည်။
အိမ်သူချစ်ဇနီးအား ကြင်နာမြတ်နိုးမှုရှိသော ကိုယ်အမူရာ၊ ကြင်နာမြတ်နိုးမှုပါသော မေတ္တာစကား၊ ကြင် နာမှုပါသော မနောအတွေးတို့ဖြင့် မိမိတို့၏ ချစ်ဗိမာန်ကို အုဉ်မြစ်ခိုင်ခိုင် တည်ဆောက်သင့်သည်။ အမျိုးသမီးဖြစ် သူသည် မည်မျှပညာတတ်ဖြစ်စေကာမူ အမျိုးသားအပေါ် မှီခိုလိုသော စိတ်ဓာတ် သဘာဝပေးအပ်ချက်အရ ရှိ နှင့်ပြီးဖြစ်သည်။ ချစ်ဇနီး၏ အမှီ၊ အားကိုးနိုင်လောက်သူ တစ်ယောက်အဖြစ် သက်သေပြနိုင်အောင်ကြိုးစားသင့် သည်။မိမိချစ်ဇနီးကို ပြည့်စုံသော မြတ်နိုးချစ်ခင်မှုကို အပြည့်အဝပေးနိုင်သူ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားစွာ ပြသနိုင်ရပေမည်။ သို့မှသာ သာယာလှပသော ချစ်ဗိမာန်ရှင်များ ဖြစ်ကြပြီး သံသာလယ်ကမ်းတိုင် တူပြိုင်ပြိုင် လျှောက်ရင်း နိဗာန်ချမ်းသာ အထိ ဝင်စံနိုင်မည်ဖြစ်သည်။
ချစ်ဇနီး မောင်နှံများအတွက် ချစ်ဗိမာန်ခိုင်မြဲရေးကို ရှင်တော် ဗုဒ္ဓက သဗ္ဗညုတ အလုံးစုံသိ ဉာဏ်တော် ကြီးဖြင့် မိန့်ကြားလမ်း ညွှန်ခဲ့သော မိန့်ကြားချက်များသည် ဘယ်သောအခါမှ မမှားနိုင်သလို ဘယ်သော အခါမှလည်း ရိုးမသွားနိုင်ဘဲ အမြဲသစ်လွင်နေမည်ဖြစ်သည်။

“ဇနီးသည် ကျင့်ဝတ်ငါးပါး”

“ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင် ဖြန့်ချီ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ”

၁။အိမ်တွင်းမှုလုပ်
ဇနီးသည် ဖြစ်သူသည် မည်မျှရာထူး ဂုဏ်ထူး အဆင့်အတန်းမြင့်မားစေကာမူ အိမ်တွင်းမှုအလုပ်ကို ကျွမ်းကျင် နိုင်နင်းမှု ရှိနေရမည်။ အိမ်စေချက် ထမင်းဟင်းလျာကို စားရသည်ထက် ချစ်ဇနီးကောင်းက လက် ရာကောင်းကောင်းဖြင့် ချက်ပြုတ်ကျွေးမွေးသော ထမင်းဟင်းလျာများကို စားသုံးရသော အဘယ်မည်သော လင်ယောကျင်္ား မမြတ်နိုးဘဲနေပါမည်နည်း။ မြတ်နိုးမှု နှင့် အတူ အချစ်စစ် အချစ်မှန်တို့သည်လည်း အရှိန်အဟုန် တိုးပွားနေမည်သာတည်း။ ထို့ကြောင့် အိမ်တွင်းချက်ပြုတ်လုပ်ကိုင်တတ်မှု ဟူသည် အလွန်အရေးကြီးလှသည်။

၂။ သိမ်းထုပ်သေချာ
ဥစ္စာ မယိုဖိတ်အောင် သိမ်းဆည်းတတ်မှုက အစ၊ အိမ်တွင်း ဧည့်ခန်း သေသပ်လှပစွာ ပြင်ဆင်တတ်မှု၊ အိမ်သန့်ရှင်းမှုများကို အမျိုးသမီးများက အမြဲဦးဆောင် ပေးနိုင်ရမည်။

၃။ မိစ္ဆာကြဉ်ေရှောင်
မိမိ အမျိုးသားများအပေါ် အမြဲသစ္စာရှိရမည်။ မိမိ အမျိုးသားကလွဲ၍ တစ်ခြားအမျိုးသားအပေါ် စိတ်ကူး ထဲသော်မှ ဝင်လာခွင့် မပေးပါက ပို၍ကောင်းမည်ဖြစ်သည်။ စိတ်ကစားရာမှ အမှိုက်ကစ၍ ပြာသာဒ်မီးလောင် တတ်၏။ မိမိ၏ ကာမပိုင်ဖြစ်သူအား ကာမနှင့်ပတ်သတ်၍ ပိုင်ဆိုင်ခွင့်အပြီးပေးထားသည့် ခင်ပွန်းကောင်းရှိနေမှု ကိုလည်း အမြဲသတိချပ်သင့်၏။

၄။ လျော်အောင်ဖြန့်ချီ
ဇနီးကောင်းတစ်ယောက်သည် အတ္တ- ငါစွဲကြီးမှုကို အားမပေးကောင်းပေ။ ထို့ကြောင့် အမျိုးသားမိဘ ဆွေမျိုး မိတ်ဆွေများအပေါ်တွင် တစ်မျိုး၊ မိမိဖက်တွင် တစ်ဖုံ၊ တစ်ဖက် အမည်း၊ တစ်ဖက်တွင်အဖြူ မျက်နှာအ ရောင် နှစ်မျိုးမထားရှိ သင့်ပေ။
ထိုကဲ့သို့ မျက်နှာ အရောင်ပြောင်းကို ခင်ပွန်းသည်သိသွားပါက တစ်သက်လုံး အယုံကြည်ကင်းမဲ့၊ အထင် သေးသွားတတ်သည်။ နှုတ်က ဖွင့်မပြောစေကာမူ စိတ်တွင်းမှ “ ဒီမိန်းမ ဒီလိိုပဲ” ဆိုသည့် အတွေးမျိုး ရှိသွားနိုင် သည်။ ထိုအတွေးမျိုးစိတ်ဒဏ်ရာ ရရှိသွားစေခြင်းသည် အချစ်စိတ်ကို အားလျော့ကျဆင်းစေသလို စိတ်ဓါတ်ကွဲပြားမှုကို လည်း ဖြစ်စေလိမ့်မည်။ စိတ်ဓါတ်ချင်းကွဲကွာနေပါက လက်ရှိဘဝတွင် ပြောဆိုဆက်ဆံမှု၊ ဆုံးဖြတ်ချက်ချမှု၊ အတူတူ သွားလာမှု စသည့် စသည့် ဆင့်ပွား ကွဲပြားမှုများသည် နောက်ဆက်တွဲ ဖြေရှင်း၍ မဆုံးနိုင်လောက် အောင် ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့်အလွန်အရေးကြီးသဖြင့် ဗုဒ္ဓက ညွှန်ကြားခြင်းဖြစ်သည်။ ဇနီးသည်ကောင်းတစ်ဦးသည် မိမိ၏ မိဘဆွေမျိုး မိတ်ဆွေနှင့် ခင်ပွန်း၏ မိဘဆွေမျိုး မိတ်ဆွေများကို အတူတူမှတ်ယူကာ အညီအမျှ ဝေခွဲပေးနိုင်ရမည်ဖြစ်သည်။ အပေး အဝေမညီမျှ၍ ပြဿနာဖြစ်နေကြသည့် အိမ်ထောင်ရှင်များ မရေနိုင်အောင်ရှိနေကြသည်။ ဤအထဲတွင် ငါမပါ စေရ ဟူ၍ ခိုင်မာစွာ ထားရှိသင့်သည်။
ဤနေရာတွင် ဗုဒ္ဓမိန့်ချက်တစ်ခုအား သတိရသင့်သည်။ ဗုဒ္ဓရှင်တော်မြတ်က “ ချစ်သားတို့ သင်တို့ ငါတို့ ဘဝသံသရာခရီးသည် ရှည်လျားစွာ လည်နေခဲ့သည့် အတွက် အမေ၊ အဖေ၊ ညီအစ်ကို မောင်နှမ မတော်စပ်ခဲ့ဖူး သူ မည်သည်မရှိ” ဟု မိန့်ထားသည့် ဒေသနာအရ မိဘဆွေမျိုး တော်ခဲ့ဖူးသူများချည်း ဖြစ်နေ၍ တွေ့နေရသူအားလုံး မိမိဆွေမျိုးသားချင်းများပင် ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းပေးဝေရာတွင်လည်း အညီအမျှပေးဝေသင့်၏။

၅။ ပျင်းရိမမူ

နောက်ဆုံးအချက်- အမျိုးသမီး အိမ်ရှင်မများသည် မပျင်းရ၊ အမျိုးသမီးများ ပျင်းမှုသည် အလွန်အရုပ်ဆိုး အကျည်းတန်လှ၏။ အမျိုးသမီး ပျင်းလျှင် အိမ်တွင်းတစ်ခုလုံး ရစရာမရှိအောင် ရှုပ်ပွသွားရ၏။ သန့်ရှင်းသပ်ရပ်မှု မရှိတော့။ စားချိန်သောက်ချိန်က အစ အလုံးစုံ ကမောက်ကမ ဖြစ်သွားနိုင်၏။ ထို့ကြောင့် ဇနီးကောင်း အိမ်ရှင်မသည် ဘယ်သောအခါမှ မပျင်းသင့်၊ မပျင်းအပ်၊ မပျင်းထိုက်ပေ။
အမျိုးသမီးများသည် မိမိတစ်ကိုယ်ရေ သန့်ရှင်းစွာနေထိုင်မှုတွင်လည်း အထူးမပျင်းဖို့ လိုအပ်သည်။ အမျိုးသမီး တစ်ချို့ သည် ခလေးနှစ်ယောက် မိခင်ဖြစ်၍ ပြင်စရာမလိုဟု ကပိုကယိုနေထိုင်တတ်၏။ ကာလတာ ရှည်လာလျှင် အမျိုးသားက စိတ်ပျက်စ ပြုလာ ၏။ အပြင်စိတ်သာယာမှုကိုရှာဖွေယင်း သာယာစရာနှင့် တွေ့၍ ကွဲကွာသွားကြသည့် အိမ်ထောင်ရှင်များ လည်း အများအပြားပင်။ ထို့ကြောင့် အမျိုးသမီးအိမ်ထောင်ရှင်များသည် မိမိကိုယ်ကို ဖီးလိမ်းပြင်ဆင်မှုမှစ၍ သေ သပ်စွာ ဝတ်စားဆင်ယင်မှုများကို မည်မျှကလေးများသည် ဖြစ်စေ ပြုလုပ်နေမြဲ ပြုလုပ်နေသင့်သည်သာ။