အဆိုးရွားဆုံး ယာဉ်တိုက်မှု

Zaw WonnaOctober 11, 20101min763

ပြီးခဲ့သော တနင်္ဂနွေနေ့ ညနေ ၆း၄ဝ ခန့်က မလေးရှားနိုင်ငံ၊ မလက္ကာ ပြည်နယ်၊ Simpang Ampat မြို့အနီးရှိ အဝေးပြေးလမ်းမ၊ ကီလိုမီတာ ၂၂၃ တွင် အဝေးပြေး express ကားနှင့် အခြားကား ငါးစီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၂ ယောက် သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ အဆိုးဝါးဆုံးသော ယာဉ်တိုက်မှု တစ်ခု ဖြစ်ခဲ့သည်။
အလွန် အရှိန်ပြင်းစွာ မောင်းနှင်လာသော express ကားမှာ လမ်းလယ်မှ ခြားထားသော သံဘားတန်းကို တိုက်၍ ကျော်ဖြတ်ကာ ဆန့်ကျင်ဘက်လမ်းကြောမှ လာသော ကားများနှင့် တိုက်မိခြင်း ဖြစ်သည်။
ထိခိုက်ဒါဏ်ရာရသူပေါင်း ၄ဝ ကျော်ရှိပြီး လက်ရှိ မလက္ကာဆေးရုံတွင် အသက် ၄၂ နှစ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး အပါအဝင် ဒါဏ်ရာရသူ ၁၂ ဦး ကုသမှု ခံယူနေ၍ ၎င်းတို့အနက် ၄ ဦးမှာ ဒါဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် express ကားတွင် စီးနင်းလိုက်ပါလာသော မြန်မာနိုင်ငံသား ၃ ဦးလည်း သေဆုံးသွားပြီး ထိုမြန်မာနိုင်ငံသား တို့၏ အမည်များမှာ Pau Khan Tual (အသက် ၂၁ နှစ်)၊ Kam Khaw Tual (အသက် ၂၈ နှစ်)၊  နှင့် Cin Thawa Tuang တို့ ဖြစ်ကြောင်း သိရှိရသည်။

Source: The star online, Sun2Surf

3 comments

  • winkyawaung

    October 11, 2010 at 5:23 pm

    မြန်မာပြည်သား (၃) ဦး သေဆုံးကြောင်း သိရ၍ များစွာဝမ်းနည်းမိပါသည်။

  • leo

    October 12, 2010 at 4:28 am

    winkyawaung ပေးထားတဲ့ကွန်မန့်မမိုက်ဘူး … မြန်မာပြည်သား (၃) ဦးသေဆုံးကြောင်းသိရ လို့ဝမ်းနည်းမိတယ်ဆိုတော့ ကိုယ့်နိုင်ငံသားကလွဲလို့ တစ်ခြားဘယ်သူသေသေဝမ်းမနည်းဘူးဆိုတဲ့သဘောလား …… ဘယ်နိုင်ငံသားဘယ်ဘာသာဝင်ဖြစ်ဖြစ် အခုလိုဖြစ်တာဝမ်းနည်းဖို့ကောင်းတယ် …

  • char too lan

    October 12, 2010 at 6:27 am

    များစွာဝမ်းနဲမိပါကြောင်း……………

Leave a Reply