မန္တလေးအောင်ပင်လယ်ရပ်ကွက်ရဲ့ရေကြီးနေတဲ့ ပုံတွေပါ.. တင်တာနောက်ကျတဲ့အတွက်တောင်းပန်ပါတယ် ခုချိန်မှာတော့ တစ်ချို့နေရာတွေ ရေပြန်ကျသွားပေမယ့် ခုပုံထဲမှာပါနေတဲ့နေရာတော်တော်များများကတော့ ရေထဲရောက်နေတုန်းပါပဲ … ကျန်တဲ့ မြို့သစ်တွေဖြစ်တဲ့ မြရည်နန္ဒာ ထွန်တုံး ပြည်ကြီးတံခွန်မြို့နယ်ထဲကနေရာအချို့ နဲ့ သမန်းကုန်းရပ်ကွက်တွေမှာလည်း ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်…လူအသေအပျောက်ရှိပါတယ်…ကယ်ဆယ်ရေးတွေလည်း အချိန်မှီလုပ်ခဲ့ကြပေမယ့် တစ်ချို့ရပ်ကွက်တွေဆို ရေတက်တာ အရမ်းမြန်တဲ့အတွက် ဆုံးရှုံးမှုတွေများတယ်လို့ သိရပါတယ်.. လွန်ခဲ့သည့်ရက်များက မန်းလေးမှာ မိုးများ သည်းထန်စွာရွာသွန်းပြီးဆည်များမှလည်းရေမထိန်းနိုင်တော့ပဲရေများဖောက်ထုတ်ခဲ့ရာမှ

ခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်…မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များ စေတနာရှင်များမှရေဘေးဒုက္ခသည်များအတွက်လိုအပ်သည့် စားစရာနှင့်သောက်သုံးရေများကို လှူဒါန်းလျက်ရှိကြပါတယ် အားရစရာပါခင်ဗျာ.. လာလှူတဲ့အဖွဲ့တွေကလည်းမနည်းဘူးဗျ

ခြင်္သေ့တွေလည်းပါတယ်(သိတယ်နော်) သူတို့ကထိပ်ဆုံးကပေါ့ ကျန်တဲ့တစ်ဦးခြင်းအလှူရှင်တွေဆိုလည်းမနည်းပါဘူးဗျာ လာပြီးကူညီနေကြတာဒုက္ခသည်တွေအတွက် အားတက်စရာပါဗျာ

ပုံတွေကတော့သေးနေလို့ကောင်းကောင်းမတွေ့ကြရဘူးဆိုရင်

တောင်းပန်ပါတယ်ခင်ဗျာ… ဖုန်းကင်မရာနဲ့ရိုက်တာဖြစ်တဲ့အပြင်..ဆိုဒ်ကိုလည်းချုံ့ရိုက်လိုက်လို့ပါ။

About cruz

cruz has written 4 post in this Website..